“ မြန်မာနိုင်ငံရဲ့ အသက်အငယ်ဆုံး ပရဟိတသူရဲကောင်းလေး ”
မြန်မာနိုင်ငံရဲ့ အသက်အငယ်ဆုံး ပရဟိတသူရဲကောင်းလေးအတွက် ဂုဏ်ပြုစကားလေးပြောသွားကြပါဦး
မင်္ဂလာပါ ပရိသတ်ကြီးရေ ယခုတင်ဆက်ပေးလိုက်တဲ့ ကလေးလေးကတော့ မန္တလေးမြို့ရဲ့ ဂုဏ်ဆောင် အသက်အငယ်ဆုံး ပရဟိတသမားလေး ဆိုပြီး နာမည်ကြီးနေတဲ့ ကလေးငယ်ဖြစ်ပါတယ်။
ပရဟိတ အလုပ်ဆိုတာ လူတိုင်း လုပ်ဖို့ မလွယ်ကူတဲ့ အလုပ်တစ်ခုပါ။ကိုယ်ကျိုးကို မငဲ့ကွက်ပဲ လူအများရဲ့အကျိုးကို ဆောင်ရွက်နိုင်မှ တကယ့်ပရဟိတစစ်စစ်ဖြစ်ပါတယ်။
လူတိုင်း မလုပ်နိုင်တဲ့အလုပ်တစ်ခုကို ဒီကလေးလေးကတော့ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အများအကျိုးကိုဆောင်ရွက်နေတဲ့အတွက် သိပ်ကို လေးစားစရာ ချီးကျူးဂုဏ်ယူစရာကောင်းလှပါတယ်။
ဒီကလေးလေးက မန္တလေးမြို့ တမ္ပဝတီမြို့နယ်မှာရှိတဲ့ တဝမေတ္တာ လူမှုကူညီရေးအသင်းအပြင် တခြားအသင်းအဖွဲ့တွေမှာပါ ပရဟိတအလုပ်များ လုပ်ကိုင်နေတာဖြစ်ပါတယ်။ပရိသတ်ကြီးကလည်း ဒီကလေးလေးအတွက် ဂုဏ်ပြုစကားလေးပြောသွားပါဦးနော်။အချိန်ပေးပြီးဖတ်ရှုခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။