ကိုဗစ်ကာလမှာ ခက်ခဲနေတဲ့ ကျူးကျော်မှာနေထိုင်သူ ဘိုးဘွားတွေအတွက် ငွေကျပ် (၁၀) သိန်းလှူဒါန်းခဲ့တဲ့ ပိုးအိအိခန့်နဲ့အောင်သူ
ဘောလုံးသမား အောင်သူနဲ့ သရုပ်ဆောင်မင်းသမီးချောလေး ပိုးအိအိခန့်တို့ ဇနီးမောင်နှံကတော့ ပရိသတ်တွေအရမ်းကို အားကျချစ်ခင်နေရတဲ့ အနုပညာရှင် စုံတွဲပဲဖြစ်ပါတယ်။လက်ရှိမှာတော့ ပိုးအိအိခန့်နဲ့အောင်သူတို့ ဇနီးမောင်နှံက ပရိသတ်တွေ သာဓုခေါ်စရာအလှူလေးတစ်ခုကို ပြုလုပ်ခဲ့တယ်လို့သိရပါတယ် ။
ပိုးအိအိခန့်တို့ဇနီးမောင်နှံက Covid ကာလမှာ အခက်အခဲဖြစ်နေတဲ့ ဆိပ်ကမ်း၊ ကျူးကျော်၊ လယ်ကွင်းပြင် နေရာစုံတို့မှာ နေထိုင်တဲ့ ဘိုးဘွားများ၊ နာမကျန်းတဲ့ ဘိုးဘွားများ၊ အိမ်ရာမဲ့ ဘိုးဘွား (၁၅၀)တို့အားလိုအပ်တဲ့
စားသောက်ကုန် ပစ္စည်းများ သွားရောက် လှူဒါန်းရန်အတွက် အလှူငွေ (၁၀) သိန်း မ,တည် လှူဒါန်းပေးပါတဲ့အကြောင်း ခိုင်နှင်းဝေက သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေတဆင့် ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ် ။
အခုလို ကာလမှာ လှူတန်းဖို့ မလွယ်ပေမယ့် စေတနာ သဒ္ဓါထက်သန်စွာ လှူဒါန်းပေးတဲ့ အတွက် မောင်လေး အောင်သူ နဲ့ ညီမလေး ပိုးအိအိခန့်တို့ မိသားစု ကို အလှူခံ ပုဂ္ဂိုလ်များ ကိုယ်စား ကျေးဇူးတင်ပါတယ် ဆိုတဲ့စာသားလေးနဲ့အတူ
ခိုင်နှင်းဝေ က အလှူရှင်တွေဖြစ်တဲ့ ပိုးအိအိခန့်တို့ဇနီးမောင်နှံကို ကျေးဇူးတင်စကားဆိုခဲ့ပါသေးတယ် ။ နိုဝင်ဘာလ(၃၀)ရက်နေ့မှာ ခိုင်နှင်းဝေနဲ့ အတူတူသွားရောက်လှူဒါန်းမှာဖြစ်တယ်လို့လည်းသိရပါတယ်။ဖတ်ရှုပေးတဲ့ ပ၇◌ိတ်သတ်ကြီးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်…..