ဗဟုသုတ

40L အလုံး ၂၀၀ ကို နေ့စဉ်ထုတ်နိုင်တဲ့ O2စက်ကြီးတွေကို ဆောက်လုပ်ဖို့အသင့်ဖြစ်နေပါပြီ

40L အလုံး ၂၀၀ ကို နေ့စဉ်ထုတ်နိုင်တဲ့ O2စက်ကြီးတွေကို ဆောက်လုပ်ဖို့အသင့်ဖြစ်နေပါပြီ

“အများသူငါ ကောင်းမှု ဖြင့် အောက်ဆီဂျင်စက်ရုံ ၁၂ ရုံ booking လုပ်သွားပါပြီ။ ၂၀ရက်နေ့ သင်္ဘောတင်နိုင်အောင် ကြိုးစားနေပါတယ်။”

ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။ မကြာခင်အချိန်မှာ ပြည်သူတွေရဲ့ ကြိုးစားမှု လှူဒါန်းမှုကြောင့် အောက်စီဂျင်စက်ကြီးတွေ မြန်မာနိုင်ငံရောက်လာတော့ မှာပဲဖြစ်ပါတယ်။

အားလုံးသိပြီးတဲ့အတိုင်း 50Nm3/h Medical Oxygen Plant တစ်ခုကို တရုတ်နိုင်ငံကနေ မှာယူဖို့ လုပ်လိုက်ပါပြီ။ ကျွန်တော့ အနေနဲ့ ရုံးပိတ်ရက် ၂ ရက်အတွင်း ဈေးကွက်ထဲရှိတဲ့ ပစ္စည်းတွေ ဈေးနှုန်းတွေ ရောက်နိုင်မဲ့ အချိန်တွေကို လေ့လာတဲ့အခါ များစွာတုန်လှုပ်မိပါတယ်။

ဈေးနှုန်း၊ ထုတ်လုပ်မှု စွမ်းအား၊ ရန်ကုန်ကို ရောက်လာမဲ့ကြာချိန်တို့က လိုချင်တိုင်းမရခဲ့ပါဘူး။ နည်းလမ်းအမျိုးမျိုး၊ ဆွေးနွေးမှု အမျိုးမျိုးတွေ ကြားကနေ နောက်ဆုံးတော့ ရှာတွေ့ခဲ့ပါပြီ။

အဖေ့ရဲ့ လုပ်ငန်းမိတ်ဆွေ တစ်ဦးဖြစ်တဲ့ ဇေကမ္ဘာစက်မှုဇုံထဲက KTK Electrical Engineering Co.Ltd နဲ့ ချိတ်ဆက်မိပါတယ်။

ဈေးကွက်ထဲမှာ ရှိတဲ့ ပစ္စည်းအရည်အသွး၊ ထုတ်လုပ်မှု စွမ်းအား၊ Delivery Time ၊ဈေးနှုန်းစတာတို့က လိုချင်တဲ့အတိုင်းရပါတယ်။ တကယ်ကလဲ ကိုကျော်သိန်းခိုင်က စေတနာပါလို့လဲပါပါတယ်။

စက်အသစ် 50Nm3/h ဖြစ်တဲ့ 40L အလုံး ၂၀၀ ကို နေ့စဉ်ထုတ်နိုင်တဲ့ ပမာဏအတွက် ကျသင့်ငွေ သိန်း ၁ထောင်ဝန်းကျင် ( USD 60000 အောက်) လောက်နဲ့ ရသလို အမြန်ဆုံး ၁၇ ရက်နေ့ မှာ သင်္ဘောတင်ပေးနိုင်ပါမယ်။ ရန်ကုန်ရောက်တဲ့အချိန်က နောက်လ ပထမအပတ်မှာတင် စရောက်ပြီး စတင်ဖြန့်ဖြူးနိုင်ပါလိမ့်မယ်။

ဒါကြောင့်မို့ အောက်ဆီဂျင် စက်ရုံကို ဝယ်ယူလှူဒါန်းချင်တဲ့သူတွေ အနေနဲ့ သေချာ လေ့လာစုံစမ်းပြီးမှ ဆုံးဖြတ်သင့်တယ်လို့ အကြံပေးပါရစေ။ KTK Electrical Engineering ဘက်က အမြတ်မယူ၊ လက်ခ မပါပဲ ပစ္စည်းဝယ်ရင်းဈေးအတိုင်းရရှိအောင် ဆောင်ရွက်ပေးအုံးမှာ ဖြစ်တယ်လို့သိရပါတယ်။

တကယ်လို့ ၁၇ ရက်နေ့ကို ကျွန်တော်တို့ ဝယ်ယူထားတဲ့ ပစ္စည်းတွေနဲ့ တပါတည်း သယ်ယူချင်တယ်ဆိုရင်တော့ ချက်ချင်းတော့ ဆုံးဖြတ်ဖို့ လိုပါတယ်လို့ ပြောချင်ပါတယ်။

အားလုံး ညီညီညွတ်ညွတ်နဲ့ မှန်ကန်သော ဆုံးဖြတ်ချက်ဖြင့် ကျန်းမာသော လူ့အသိုင်းအဝိုင်းအဖြစ် ပြန်လည်ရရှိအောင် ကြိုးစားကြပါစို့။

Zawgyi

40L အလုံး ၂၀၀ ကို ေန႔စဥ္ထုတ္ႏိုင္တဲ့ O2စက္ႀကီးေတြကို ေဆာက္လုပ္ဖို႔အသင့္ျဖစ္ေနပါၿပီ

“အမ်ားသူငါ ေကာင္းမႈ ျဖင့္ ေအာက္ဆီဂ်င္စက္႐ုံ ၁၂ ႐ုံ booking လုပ္သြားပါၿပီ။ ၂၀ရက္ေန႔ သေဘၤာတင္ႏိုင္ေအာင္ ႀကိဳးစားေနပါတယ္။”

ဆိုၿပီးတင္ထားတာပဲျဖစ္ပါတယ္။ မၾကာခင္အခ်ိန္မွာ ျပည္သူေတြရဲ႕ ႀကိဳးစားမႈ လႉဒါန္းမႈေၾကာင့္ ေအာက္စီဂ်င္စက္ႀကီးေတြ ျမန္မာႏိုင္ငံေရာက္လာေတာ့ မွာပဲျဖစ္ပါတယ္။

အားလုံးသိၿပီးတဲ့အတိုင္း 50Nm3/h Medical Oxygen Plant တစ္ခုကို တ႐ုတ္ႏိုင္ငံကေန မွာယူဖို႔ လုပ္လိုက္ပါၿပီ။ ကြၽန္ေတာ့ အေနနဲ႔ ႐ုံးပိတ္ရက္ ၂ ရက္အတြင္း ေဈးကြက္ထဲ႐ွိတဲ့ ပစၥည္းေတြ ေဈးႏႈန္းေတြ ေရာက္ႏိုင္မဲ့ အခ်ိန္ေတြကို ေလ့လာတဲ့အခါ မ်ားစြာတုန္လႈပ္မိပါတယ္။

ေဈးႏႈန္း၊ ထုတ္လုပ္မႈ စြမ္းအား၊ ရန္ကုန္ကို ေရာက္လာမဲ့ၾကာခ်ိန္တို႔က လိုခ်င္တိုင္းမရခဲ့ပါဘူး။ နည္းလမ္းအမ်ိဳးမ်ိဳး၊ ေဆြးေႏြးမႈ အမ်ိဳးမ်ိဳးေတြ ၾကားကေန ေနာက္ဆုံးေတာ့ ႐ွာေတြ႕ခဲ့ပါၿပီ။

အေဖ့ရဲ႕ လုပ္ငန္းမိတ္ေဆြ တစ္ဦးျဖစ္တဲ့ ေဇကမ႓ာစက္မႈဇုံထဲက KTK Electrical Engineering Co.Ltd နဲ႔ ခ်ိတ္ဆက္မိပါတယ္။

ေဈးကြက္ထဲမွာ ႐ွိတဲ့ ပစၥည္းအရည္အသြး၊ ထုတ္လုပ္မႈ စြမ္းအား၊ Delivery Time ၊ေဈးႏႈန္းစတာတို႔က လိုခ်င္တဲ့အတိုင္းရပါတယ္။ တကယ္ကလဲ ကိုေက်ာ္သိန္းခိုင္က ေစတနာပါလို႔လဲပါပါတယ္။

စက္အသစ္ 50Nm3/h ျဖစ္တဲ့ 40L အလုံး ၂၀၀ ကို ေန႔စဥ္ထုတ္ႏိုင္တဲ့ ပမာဏအတြက္ က်သင့္ေငြ သိန္း ၁ေထာင္ဝန္းက်င္ ( USD 60000 ေအာက္) ေလာက္နဲ႔ ရသလို အျမန္ဆုံး ၁၇ ရက္ေန႔ မွာ သေဘၤာတင္ေပးႏိုင္ပါမယ္။ ရန္ကုန္ေရာက္တဲ့အခ်ိန္က ေနာက္လ ပထမအပတ္မွာတင္ စေရာက္ၿပီး စတင္ျဖန္႔ျဖဴးႏိုင္ပါလိမ့္မယ္။

ဒါေၾကာင့္မို႔ ေအာက္ဆီဂ်င္ စက္႐ုံကို ဝယ္ယူလႉဒါန္းခ်င္တဲ့သူေတြ အေနနဲ႔ ေသခ်ာ ေလ့လာစုံစမ္းၿပီးမွ ဆုံးျဖတ္သင့္တယ္လို႔ အၾကံေပးပါရေစ။ KTK Electrical Engineering ဘက္က အျမတ္မယူ၊ လက္ခ မပါပဲ ပစၥည္းဝယ္ရင္းေဈးအတိုင္းရ႐ွိေအာင္ ေဆာင္႐ြက္ေပးအုံးမွာ ျဖစ္တယ္လို႔သိရပါတယ္။

တကယ္လို႔ ၁၇ ရက္ေန႔ကို ကြၽန္ေတာ္တို႔ ဝယ္ယူထားတဲ့ ပစၥည္းေတြနဲ႔ တပါတည္း သယ္ယူခ်င္တယ္ဆိုရင္ေတာ့ ခ်က္ခ်င္းေတာ့ ဆုံးျဖတ္ဖို႔ လိုပါတယ္လို႔ ေျပာခ်င္ပါတယ္။

အားလုံး ညီညီၫြတ္ၫြတ္နဲ႔ မွန္ကန္ေသာ ဆုံးျဖတ္ခ်က္ျဖင့္ က်န္းမာေသာ လူ႕အသိုင္းအဝိုင္းအျဖစ္ ျပန္လည္ရ႐ွိေအာင္ ႀကိဳးစားၾကပါစို႔။