ဗဟုသုတ

လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှုကြောင့် မြန်မာကို အမေရိကန် က အရေးယူဒဏ်ခတ် ပိတ်ဆို့မှုတွေ ဆက်ပြီးလုပ်လာနိုင်

လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှုကြောင့် မြန်မာကို အမေရိကန် အရေး…see more

လူမျိုးစုလိုက်သုတ်သင်ရှင်းလင်းမှုတွေရှိတယ်လို့ယူဆနိုင်တဲ့ မြန်မာ၊ တောင်ဆူဒန်၊ အီသီယိုးပီးယားနဲ့ အရစ်တြီးယားနိုင်ငံတွေကိုအမေရိကန်က အရေးယူဒဏ်ခတ် ပိတ်ဆို့မှုတွေ ဆက်ပြီးလုပ်လာနိုင်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့အစိုးရက မနေ့ကပဲသတိပေးလိုက်တဲ့အကြောင်း AP သတင်း မှာ ဖော်ပြထားပါတယ်။

အမေရိကန်လွှတ်တော်ကို တင်သွင်းတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာရဲ့ လူမျိုးတုံးသတ် ဖြတ်မှုနဲ့ အကြမ်းဖက်ရက်စက်မှု ကာကွယ်တားဆီးရေးဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာ ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့အချက်ကို အမေရိကန်အစိုးရက ထည့်သွင်းဖော်ပြထားပါတယ်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းက ဝီဂါမွတ်စလင်တွေဟာ လူမျိုးတုံး သတ်ဖြတ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အမေရိကန် က ယုံကြည်ထားပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင်တွေဟာလည်း Ethnic Cleansing လို့ ခေါ်တဲ့ လူမျိုးစုလိုက် သုတ် သင်ရှင်းလင်းမှုကို ကြုံနေရတယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံဟာလည်း လူမျိုးတုံးသတ်ဖြတ်မှု ရှိနိုင်တဲ့ အခြေအနေမှာ ရှိနေတုန်းပဲ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော် ပြထားပါတယ်။

ရိုဟင်ဂျာတွေကိုအကြမ်းဖက် ဖိနှိပ်ရက် စက်မှုတွေ အပါအဝင် ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အတိုက် အခံတွေကို အကြမ်းဖက်ဖြိုခွဲတာ၊ပြည်သူတွေအပေါ် ဖိနှိပ်နေတာတွေကို ရပ်တန့်ဖို့ အမေရိကန်ရဲ့ မဟာမိတ်နဲ့ လုပ်ဖော်ကိုင်ဖက်နိုင်ငံတွေ ပူးပေါင်းပြီး မြန်မာစစ်တပ်အာဏာပိုင်တွေကို ဖိအားတွေ ဆက်ပေးသွားမယ်လို့ ဆိုပါတယ်။

Zawgyi

လူမ်ိဳးစုလိုက္ သုတ္သင္႐ွင္းလင္းမႈေၾကာင့္ ျမန္မာကို အေမရိကန္ အေရး…see more

လူမ်ိဳးစုလိုက္သုတ္သင္႐ွင္းလင္းမႈေတြ႐ွိတယ္လို႔ယူဆႏိုင္တဲ့ ျမန္မာ၊ ေတာင္ဆူဒန္၊ အီသီယိုးပီးယားနဲ႔ အရစ္ႀတီးယားႏိုင္ငံေတြကို

အေမရိကန္က အေရးယူဒဏ္ခတ္ ပိတ္ဆို႔မႈေတြ ဆက္ၿပီးလုပ္လာႏိုင္တယ္လို႔ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒင္ရဲ႕အစိုးရက မေန႔ကပဲသတိေပးလိုက္တဲ့အေၾကာင္း AP သတင္း မွာ ေဖာ္ျပထားပါတယ္။

အေမရိကန္လႊတ္ေတာ္ကို တင္သြင္းတဲ့ ႏိုင္ငံျခားေရးဝန္ႀကီးဌာရဲ႕ လူမ်ိဳးတုံးသတ္ ျဖတ္မႈနဲ႔ အၾကမ္းဖက္ရက္စက္မႈ ကာကြယ္တားဆီးေရးဆိုင္ရာႏွစ္ပတ္လည္အစီရင္ခံစာ ထုတ္ျပန္ခ်က္မွာ ျမန္မာႏိုင္ငံနဲ႔ဆိုင္တဲ့အခ်က္ကို အေမရိကန္အစိုးရက ထည့္သြင္းေဖာ္ျပထားပါတယ္။

တ႐ုတ္ႏိုင္ငံ အေနာက္ေျမာက္ပိုင္းက ဝီဂါမြတ္စလင္ေတြဟာ လူမ်ိဳးတုံး သတ္ျဖတ္မႈေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔ အေမရိကန္ က ယုံၾကည္ထားၿပီး ရခိုင္ျပည္နယ္ ေျမာက္ပိုင္းက ႐ိုဟင္ဂ်ာမြတ္စလင္ေတြဟာလည္း Ethnic Cleansing လို႔ ေခၚတဲ့ လူမ်ိဳးစုလိုက္ သုတ္ သင္႐ွင္းလင္းမႈကို ၾကဳံေနရတယ္လို႔ဆိုပါတယ္။

ျမန္မာႏိုင္ငံဟာလည္း လူမ်ိဳးတုံးသတ္ျဖတ္မႈ ႐ွိႏိုင္တဲ့ အေျခအေနမွာ ႐ွိေနတုန္းပဲ ျဖစ္တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး ဌာနက ထုတ္ျပန္တဲ့ အစီရင္ခံစာထဲမွာ ေဖာ္ ျပထားပါတယ္။

႐ိုဟင္ဂ်ာေတြကိုအၾကမ္းဖက္ ဖိႏွိပ္ရက္ စက္မႈေတြ အပါအဝင္ ေဖေဖာ္ဝါရီ ၁ရက္ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း အတိုက္ အခံေတြကို အၾကမ္းဖက္ၿဖိဳခြဲတာ၊ျပည္သူေတြအေပၚ ဖိႏွိပ္ေနတာေတြကို ရပ္တန္႔ဖို႔ အေမရိကန္ရဲ႕ မဟာမိတ္နဲ႔ လုပ္ေဖာ္ကိုင္ဖက္ႏိုင္ငံေတြ ပူးေပါင္းၿပီး ျမန္မာစစ္တပ္အာဏာပိုင္ေတြကို ဖိအားေတြ ဆက္ေပးသြားမယ္လို႔ ဆိုပါတယ္။