တော်လှန်ရေး တနေရာကနေ ပြည်သူတွေကို သတင်းစကားပါးလိုက်တဲ့ တော်လှန်ရေးသူလေး ထားထက်ထက်
တစ်နိုင်ငံလုံး အသက်ရှူကြပ်နေကြပေမယ့်
အားတင်းထားကြပါ…..
အဖေ့အတွက် အမေ့အတွက် ဘယ်သူ့အတွက် oxygen လိုလို့ပါဆိုတဲ့ စာလေးတွေက သိပ်မကြာခင်မှာပဲ Edit : မလိုတော့ပါဘူး ဆုံးသွားပါပြီဆိုတာတွေ မြင်ရတာ တကယ်ခံစားရတယ်။ စိတ်မကောင်းဖြစ်ရတယ်။
ဆက်စပ်ဖြန့်တွေးမိရင် စိတ်နာစရာ ဒေါသဖြစ်စရာတွေအပြည့်ပဲ…..အားလုံးက ပင်ပန်းနေကြတဲ့ အချိန်ရေနစ်နေသူတွေကို ဝါးနဲ့ ကူ ထိုးပြီး နှစ်နေသလို မွန်းကြပ်နေကြရတယ်။
CDM သမားတွေလဲ ပင်ပန်းနေကြတယ်။
နေရာစုံကို ပံ့ပိုးကူညီနေရသူတွေလဲ ပင်ပန်းနေကြတယ်။အလှူကူပေးကြတဲ့ ပြည်တွင်း ပြည်ပကသူတွေလဲ ပင်ပန်းနေကြတယ်။
အချင်းချင်း စိုးရိမ်ပူပန်ပြီး စိတ်ပူနေရတာဟာလဲ ပင်ပန်းရခြင်းတမျိုးပါပဲ။ ကိုယ်နဲ့နီးစပ်သူတွေ ရင်နီးသူတွေလဲ ကိုဗစရောဂါခံစားနေရပြီး ဆုံးရှုံးရတာတွေကို မြင်ရတာလဲ တကယ်စိတ်မကောင်းဖြစ်ရပါတယ်။
သေနတ်အစစ်နဲ့ပစ်နေတာကို သေမယ်မှန်းသိလျက်နဲ့ မတရားမှုကိုမခံနိုင်လို့ ကျည်မကာတဲ့ဒိုင်းနဲ့ တော်လှန်တွန်းလှန်နေကြသူတွေက
အခုလို ဆိုးရွားတဲ့ COVID ကိုလဲ အချင်းချင်း ဖေးမကူညီရင်း နိုင်အောင်တိုက်ခိုက် တွန်းလှန်နိုင်မယ်ဆိုတာ ယုံ ကြည်ပါတယ်။
စိတ် ကိုတော့ ဘယ်တော့မှမလျှော့လိုက်ပါနဲ့ …..အရှုံးမပေးလိုက်ပါနဲ့ …နယ်ပယ်ပေါင်းစုံမှာ ကျွန်မတို့အားလုံး လျှောက်နေကြတဲ့
ခရီးလမ်းက ကြမ်းတမ်းပေမယ့်
ပန်းတိုင်ရောက်တဲ့အထိ အရာရာကို အား တင်း တွန်းလှန်ပြီး ကျော်ဖြတ်ကြဖို့အတွက် ကျွန်မတို့တွေ အားလုံးအတူတူရှိနေတယ် ဆိုတဲ့စိတ်ကိုမွေးပါ။
You are not alone ပါ..…
အားတင်းထားကြပါ 💪💪💪ဘယ်တော့အလျှော့မပေးလိုက်ပါနဲ့…..ကျွန်မတို့တွေ ကျော်ဖြတ်နိုင်ပါတယ်…..ကျွန်မတို့ပြန်ဆုံကြရဦးမယ်လေ…..
ထားထက်ထက်
13 July 2021
Zawgyi
အားတင်းထားကြပါ…..
You are not alone ပါ..…
ထားထက်ထက်
13 July 2021