ဗဟုသုတ

O2လိုအပ်ချက်အတွက် အစ္စလာမ်အသင်းကနေ ကွန်တိန်နာဖြင့် တင်သွင်း အခမဲ့ငှားရန်စီစဥ်

O2လိုအပ်ချက်အတွက် အစ္စလာမ်အသင်းကနေ ကွန်တိန်နာဖြင့် တင်သွင်း အခမဲ့ငှားရန်စီစဥ်

ပြည်တွင်းမှာ လိုအပ်နေတဲ့ ကိုဗစ်လူနာရဲ့အောက်ဆီဂျင်လိုအပ်ချက်အတွက် အစ္စလာမ်သာသနာရေးအသင်းကနေ

အောက်ဆီဂျင်ကွန်တိန်နာတင်သွင်းဖို့စီစဉ်နေတယ်လို့ အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်ကပြောပါတယ်။

“မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကဖွဲထားတဲ့ Islam Aid ဆိုတာရှိတယ် ။ အဲ့ဒီကနေ အောက်ဆီဂျင်ကွန်တိန်နာတလုံးစတင်သွင်းဖို့လုပ်ထားပါတယ်။

ရောက်လာတဲ့အခါမှာ နယ်တွေကိုလည်းပို့ပေးမယ် ။ ရန်ကုန်မှာလည်း အခမဲ့ငှားရမ်းတာတွေလုပ်မယ် ။ ဘာသာရေးအဖွဲ့တွေရဲ့ရန်ပုံငွေနဲ့လုပ်မှာပါ ။ အခုလောလောဆယ်တော့ ကွန်တိန်နာတလုံးမှာထားတယ် ။

နောက်ထပ် အဆင်ပြေရင်လည်းဆက်တင်သွင်းဖို့လုပ်ပါမယ် ” လို့ အစ္စလာမ်သာသနာရေးကောင်စီဌာနချုပ်က အတွင်းရေးမှူးချုပ်ဦးတင်မောင်သန်းက ဘီဘီစီကိုပြောပါတယ်။

ပုံစာ – နွယ်အေးဗလီရှေ့အောက်ဆီဂျင် ဖြည့်ဖို့တန်းစီနေကြတဲ့မြင်ကွင်း

Zawgyi






