ႏွစ္ေပါင္း (၆၀) ၾကာ လမ္းေဘးတြင္ ဂီတာတီးသီခ်င္းဆိုၿပီး ကေလး ၅ ေယာက္အား ရွာေကြၽးေနေသာ မ်က္မျမင္ဖခင္
မိဘေမတၱာဆိုသည္မွာ သားသမီးအေပၚတြင္ ကုန္ခမ္းသြားသည္မရွိ အဆက္မျပတ္စီးဆင္းလ်က္ရွိကာ ဒုကၡကို တစ္ေယာက္တည္းႀကိတ္ခံရင္း တတ္စြမ္းသေလာက္ သားသမီးမ်ားကို ရွာေကြၽးၾကသည္။
ယခုအခါတြင္လည္း ဗီယက္နမ္ႏိုင္ငံ ႏိုင္းဟြမ္ျပည္နယ္ရွိ ခန္ဟိုင္းၿမိဳ႕တြင္ ေနထိုင္ေသာ အသက္ ၇၃ႏွစ္အ႐ြယ္ အဖိုးအိုတစ္ေယာက္သည္ လမ္းေဘးတြင္ ဂီတာေလးတီး သီခ်င္းေလးဆိုကာ ေတာင္းရမ္းစားေသာက္မႈျဖင့္ အသက္ေမြးဝမ္းေက်ာင္း ျပဳလ်က္ရွိသည္။
အဖိုးအိုသည္ ဆင္းရဲမြဲေတေသာ ဘဝတြင္ ကံဆိုးစြာျဖင့္ အသက္ ၇ႏွစ္အ႐ြယ္က အႀကီးက်ယ္ဖ်ားၿပီးေနာက္ မ်က္စိႏွစ္ဖက္လုံးကြယ္ခဲ့၍ သနားစရာ အေမွာင္ခ်မ်က္မျမင္ဘဝသို႔ ေရာက္ရွိခဲ့ရသည္။
အဖိုးအို၏ မိသားစုမွာလည္း စားဝတ္ေနေရးအဆင္မေျပၾက၍ အသက္ ၁၃ႏွစ္ကစၿပီး လမ္းေဘးမ်က္မျမင္ ေတာင္းစားသူအျဖစ္ ဝင္ေငြရွာခဲ့သည္။
ထို႔ေနာက္အဖိုးအိုသည္ စိတ္ထားေကာင္းသူႏွင့္ ေတြ႕ၿပီး အသက္ေမြးဝမ္းေက်ာင္းျပဳရန္ ဂီတာတီး ပညာအား သင္ယူခဲ့ရၿပီးေနာက္ ဘဝတူအမ်ိဳးသမီးတစ္ဦးႏွင့္ ဆုံေတြ႕ခဲ့ၿပီး ကေလး ၅ေယာက္ကို ပိုင္ဆိုင္ထားသည္။
ကေလး၅ေယာက္လုံးသည္ အိမ္ေထာင္က်ကုန္ၿပီး သူတို႔အခက္အခဲႏွင့္ သူတို႔ရွိေန၍ မိဘႏွစ္ပါးအား ေထာက္ပံ့ႏိုင္ျခင္းမရွိပဲ အဖိုးအိုခမ်ာ ဆက္လက္၍ လမ္းေဘးေတာင္းရမ္းစားေသာက္သူအျဖစ္ ရပ္တည္ေနဆဲျဖစ္သည္။
နှစ်ပေါင်း (၆၀) ကြာ လမ်းဘေးတွင် ဂီတာတီးသီချင်းဆိုပြီး ကလေး ၅ ယောက်အား ရှာကျွေးနေသော မျက်မမြင်ဖခင်
မိဘမေတ္တာဆိုသည်မှာ သားသမီးအပေါ်တွင် ကုန်ခမ်းသွားသည်မရှိ အဆက်မပြတ်စီးဆင်းလျက်ရှိကာ ဒုက္ခကို တစ်ယောက်တည်းကြိတ်ခံရင်း တတ်စွမ်းသလောက် သားသမီးများကို ရှာကျွေးကြသည်။
ယခုအခါတွင်လည်း ဗီယက်နမ်နိုင်ငံ နိုင်းဟွမ်ပြည်နယ်ရှိ ခန်ဟိုင်းမြို့တွင် နေထိုင်သော အသက် ၇၃နှစ်အရွယ် အဖိုးအိုတစ်ယောက်သည် လမ်းဘေးတွင် ဂီတာလေးတီး သီချင်းလေးဆိုကာ တောင်းရမ်းစားသောက်မှုဖြင့် အသက်မွေးဝမ်းကျောင်း ပြုလျက်ရှိသည်။
အဖိုးအိုသည် ဆင်းရဲမွဲတေသော ဘဝတွင် ကံဆိုးစွာဖြင့် အသက် ၇နှစ်အရွယ်က အကြီးကျယ်ဖျားပြီးနောက် မျက်စိနှစ်ဖက်လုံးကွယ်ခဲ့၍ သနားစရာ အမှောင်ချမျက်မမြင်ဘဝသို့ ရောက်ရှိခဲ့ရသည်။အဖိုးအို၏ မိသားစုမှာလည်း စားဝတ်နေရေးအဆင်မပြေကြ၍ အသက် ၁၃နှစ်ကစပြီး လမ်းဘေးမျက်မမြင် တောင်းစားသူအဖြစ် ဝင်ငွေရှာခဲ့သည်။
ထို့နောက်အဖိုးအိုသည် စိတ်ထားကောင်းသူနှင့် တွေ့ပြီး အသက်မွေးဝမ်းကျောင်းပြုရန် ဂီတာတီး ပညာအား သင်ယူခဲ့ရပြီးနောက် ဘဝတူအမျိုးသမီးတစ်ဦးနှင့် ဆုံတွေ့ခဲ့ပြီး ကလေး ၅ယောက်ကို ပိုင်ဆိုင်ထားသည်။
ကလေး၅ယောက်လုံးသည် အိမ်ထောင်ကျကုန်ပြီး သူတို့အခက်အခဲနှင့် သူတို့ရှိနေ၍ မိဘနှစ်ပါးအား ထောက်ပံ့နိုင်ခြင်းမရှိပဲ အဖိုးအိုခမျာ ဆက်လက်၍ လမ်းဘေးတောင်းရမ်းစားသောက်သူအဖြစ် ရပ်တည်နေဆဲဖြစ်သည်။