ဗဟုသုတ

ကိုဗစ်ကူးစက်ရောဂါပိုးတွေ့လို့ Qစင်တာမှာ နေထိုင်ရင်း ပိုက်ဆံ(၃၅၀၀၀)ပေးပြီး စားရတဲ့ထမင်းထုပ်တွေကို ပြသလာတဲ့ ပြည်သူတစ်ဦး

Zawgyi

ကိုဗစ္ကူးစက္ေရာဂါပိုးေတြ႕လို႔ Qစင္တာမွာ ေနထိုင္ရင္း ပိုက္ဆံ(၃၅၀၀၀)ေပးၿပီး စားရတဲ့ထမင္းထုပ္ေတြကို ျပသလာတဲ့ ျပည္သူတစ္ဦး

ယခုရက္ပိုင္းအတြင္းမွာေတာ့ ကိုဗစ္ကူးစက္ေရာဂါေၾကာင့္ ျပည္သူေတြလည္း စိုးရိမ္ထိတ္လန႔္ေနရၿပီး ေသဆုံးသူေတြလည္းအမ်ားအျပားရွိေနတာျဖစ္ပါတယ္။ေအာက္ဆီဂ်င္ကလည္း အလုံအေလာက္မရတာေၾကာင့္ လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာေတာင္ ေအာက္ဆီဂ်င္အတြက္ အကူအညီေတာင္းခံေနရတာပဲျဖစ္ပါတယ္။

ကိုဗစ္တတိယလႈိင္းမွာ အၿမိဳ႕ၿမိဳ႕၊အနယ္နယ္တြင္ Qစင္တာမ်ား၊ေဆး႐ုံမ်ားကို ဖြင့္လွစ္ထားေပမယ့္ အဆင္မေျပမႈေတြနဲ႔ႀကဳံေနရတယ္လို႔ ျပည္သူေတြကရင္ဖြင့္ေနတာပဲျဖစ္ပါတယ္။အခုဆိုရင္လည္း ဟသၤာတၿမိဳ႕က Qစင္တာမွာ Quarantine ဝင္ေနရတဲ့ မိန္းကေလးတစ္ဦးက သူမရဲ႕အေတြ႕အႀကဳံကို ေရးသားေျပာျပလာတာပဲျဖစ္ပါတယ္။

သူမဆီမွာ COVID-19 ကူးစက္ေရာဂါပိုးေတြ႕တာေၾကာင့္ Quarantine စင္တာကို ေခၚလာခဲ့တယ္လို႔သိရပါတယ္။သူမကေတာ့ Qစင္တာမွာေနရခ်ိန္ ပိုက္ဆံ (၃၅၀၀၀)ေပးၿပီး ထမင္းစားေနရတာျဖစ္ပါတယ္။လာပို႔ေပးတဲ့ထမင္းေတြကလည္း အင္ဖက္ထဲမွာ ထမင္းနဲ႔ဟင္းေတြကို ေရာၿပီးထုတ္ထားတဲ့ အထုပ္ေလးေတြပဲျဖစ္ပါတယ္။

စားရတဲ့ဟင္းေတြကလည္း ဘဲဥဟင္း၊ငါးပိရည္၊တို႔စရာနဲ႔ င႐ုတ္သီးေၾကာ္တို႔ပဲျဖစ္ပါတယ္။ကိုဗစ္ေရာဂါကူးစက္ပိုးေတြ႕ထားတဲ့ လူနာတစ္ေယာက္အေနနဲ႔ ဒီလိုထမင္း၊ဟင္းေတြကို အဟာရျပည့္ဝေအာင္သာ စားေသာက္ေနရတာျဖစ္ပါတယ္။

ျပည္သူေတြအေနနဲ႔ အခုခ်ိန္မွာ ကိုယ့္အားကိုယ္ကိုးၿပီး ေရာဂါဆိုးကို တိုက္ထုတ္ေနရတာပဲျဖစ္ပါတယ္။ကိုဗစ္ေရာဂါအေျခအေနက အရမ္းဆိုးေနတာေၾကာင့္ ျပည္သူေတြလည္း အဟာရျပည့္ဝေအာင္သာစားၿပီး ခုခံကာကြယ္ၾကပါလို႔ ႏႈိးေဆာ္ရင္း ဒီအေၾကာင္းအရာေလးကိုျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Unicode

ကိုဗစ်ကူးစက်ရောဂါပိုးတွေ့လို့ Qစင်တာမှာ နေထိုင်ရင်း ပိုက်ဆံ(၃၅၀၀၀)ပေးပြီး စားရတဲ့ထမင်းထုပ်တွေကို ပြသလာတဲ့ ပြည်သူတစ်ဦး

ယခုရက်ပိုင်းအတွင်းမှာတော့ ကိုဗစ်ကူးစက်ရောဂါကြောင့် ပြည်သူတွေလည်း စိုးရိမ်ထိတ်လန့်နေရပြီး သေဆုံးသူတွေလည်းအများအပြားရှိနေတာဖြစ်ပါတယ်။အောက်ဆီဂျင်ကလည်း အလုံအလောက်မရတာကြောင့် လူမှုကွန်ယက်စာမျက်နှာပေါ်မှာတောင် အောက်ဆီဂျင်အတွက် အကူအညီတောင်းခံနေရတာပဲဖြစ်ပါတယ်။

ကိုဗစ်တတိယလှိုင်းမှာ အမြို့မြို့၊အနယ်နယ်တွင် Qစင်တာများ၊ဆေးရုံများကို ဖွင့်လှစ်ထားပေမယ့် အဆင်မပြေမှုတွေနဲ့ကြုံနေရတယ်လို့ ပြည်သူတွေကရင်ဖွင့်နေတာပဲဖြစ်ပါတယ်။အခုဆိုရင်လည်း ဟင်္သာတမြို့က Qစင်တာမှာ Quarantine ဝင်နေရတဲ့ မိန်းကလေးတစ်ဦးက သူမရဲ့အတွေ့အကြုံကို ရေးသားပြောပြလာတာပဲဖြစ်ပါတယ်။

သူမဆီမှာ COVID-19 ကူးစက်ရောဂါပိုးတွေ့တာကြောင့် Quarantine စင်တာကို ခေါ်လာခဲ့တယ်လို့သိရပါတယ်။သူမကတော့ Qစင်တာမှာနေရချိန် ပိုက်ဆံ (၃၅၀၀၀)ပေးပြီး ထမင်းစားနေရတာဖြစ်ပါတယ်။လာပို့ပေးတဲ့ထမင်းတွေကလည်း အင်ဖက်ထဲမှာ ထမင်းနဲ့ဟင်းတွေကို ရောပြီးထုတ်ထားတဲ့ အထုပ်လေးတွေပဲဖြစ်ပါတယ်။

စားရတဲ့ဟင်းတွေကလည်း ဘဲဥဟင်း၊ငါးပိရည်၊တို့စရာနဲ့ ငရုတ်သီးကြော်တို့ပဲဖြစ်ပါတယ်။ကိုဗစ်ရောဂါကူးစက်ပိုးတွေ့ထားတဲ့ လူနာတစ်ယောက်အနေနဲ့ ဒီလိုထမင်း၊ဟင်းတွေကို အဟာရပြည့်ဝအောင်သာ စားသောက်နေရတာဖြစ်ပါတယ်။

ပြည်သူတွေအနေနဲ့ အခုချိန်မှာ ကိုယ့်အားကိုယ်ကိုးပြီး ရောဂါဆိုးကို တိုက်ထုတ်နေရတာပဲဖြစ်ပါတယ်။ကိုဗစ်ရောဂါအခြေအနေက အရမ်းဆိုးနေတာကြောင့် ပြည်သူတွေလည်း အဟာရပြည့်ဝအောင်သာစားပြီး ခုခံကာကွယ်ကြပါလို့ နှိုးဆော်ရင်း ဒီအကြောင်းအရာလေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။