ဗဟုသုတ

“အောက်ဆီဂျင်ကျလို့ (၁၁)ကြိမ်တိုင်တိုင် အကူအညီတောင်းခံရင်းနဲ့ပဲ သေဆုံးသွားခဲ့ရတဲ့ တိုင်းပြည်ရဲ့အနာဂတ်ကြယ်ပွင့်လေးတစ်ပွင့်”

ပိုမိုဆိုးရွားလာတဲ့ ကိုဗစ်တတိယလှိုင်းမှာတော့ နေ့စဉ်နဲ့အမျှ အသက်ဆုံးရှုံးနေရတဲ့ ပြည်သူတွေရဲ့သတင်းတွေက တကယ့်ကို စိတ်မကောင်းဖြစ်စရာကောင်းနေတာပဲ ဖြစ်ပါတယ် ။

မနေ့ကဆိုရင်လည်း အောက်ဆီဂျင်ကျပြီး သေဆုံးသွားခဲ့ရတဲ့ လူငယ်လေးတစ်ယောက်ရဲ့သတင်းက လူမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံ့လာခဲ့တာ ဖြစ်ပါတယ် ။ အဲ့ဒီလူငယ်လေးက အောက်ဆီဂျင် Level (55) အောက်ကျနေလို့ အရေးပေါ်အောက်ဆီဂျင် လိုအပ်နေကြောင်း (၁၁)ကြိမ်တိုင်တိုင် အကူအညီတောင်းခံခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့လည်း နောက်နေ့မနက်မှာတော့ အဲ့ဒီလူငယ်လေး သေဆုံးသွားပြီဆိုတဲ့သတင်းတွေပဲ တက်လာခဲ့တာ ဖြစ်ပါတယ် ။ ဒီသတင်းကိုကြားပြီး ပြည်သူတွေလည်း ဒီလူငယ်လေးအတွက် စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းနေရတာ ဖြစ်ပါတယ် ။

ဒီလူငယ်လေးရဲ့နာမည်ကတော့ နေသီဟနိုင် (ခေါ်) T Mono ဖြစ်ပြီး အနောက်ပိုင်းနည်းပညာတက္ကသိုလ်မှာ ဗိသုကာမေဂျာသင်ကြားနေတဲ့ နောက်ဆုံးနှစ် ကျောင်းသားတစ်ဦးပဲ ဖြစ်ပါတယ် ။

T Mono က ဗိသုကာပညာကို အလေးထားပြီး အနုသုခုမပညာဘက်မှာလည်း အမှန်တကယ် ထူးချွန်တဲ့ လူငယ်လေး ဖြစ်ပါတယ်

အရည်အချင်းရှိရှိ ဖန်တီးထားတဲ့ သူ့ရဲ့လက်ရာတွေကလည်း တကယ့်ကို ပြောင်မြောက်လွန်းတာကြောင့် အနာဂတ်မှာ ထွန်းလင်းတောက်ပလာမယ့် ကြယ်ပွင့်တစ်ပွင့်လို့တောင် ဆိုနိုင်တာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း အားလုံးက သူကွယ်လွန်သွားတဲ့အပေါ် ယူကျုံးမရ ခံစားနေရသလို နှမြောတသဖြစ်နေကြတာလည်း ဖြစ်ပါတယ် ။မကြွေသင့်ဘဲ အကြွေစောခဲ့ရတဲ့ ဗိသုကာကျောင်းသားလူငယ်လေးရဲ့အကြောင်းကိုလည်း ဝမ်းနည်းစွာဖြင့် ဖော်ပြပေးလိုက်ရပါတယ်။