ယခု Covid 19 ထိန်းချုပ်မှုကင်းမဲ့စွာပြန့်ပွားနေရခြင်း၏တရားခံမှာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန် နေသောအာဏာသိမ်းစစ်ကောင်စီဖြစ်ပါသည်။ Covid 19 ကပ်ရောဂါသည် နယ်မြေကန့်သတ်ချက်ဖြင့် ထိန်းချုပ်၍ မရသည်ကို ကမ္ဘာ့ခေါင်းဆောင်များ၊ အထူးသဖြင့်အိမ်နီးချင်းခေါင်းဆောင်များအနေနှင့် သိပါလျက်နှုတ်ပိတ် မနေသင့်ပါ။
ယခုအခါ အာဏာသိမ်းစစ်ကောင်စီသည် လူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်ထားရုံသာမက မြန်မာနိုင်ငံနေရာဒေသအသီးသီးတွင် Covid 19 ကပ်ရောဂါ ပြန့်ပွားစေအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင် လျက်ရှိပါသည်။ ထိုသို့လူသားမျိုးနွယ်ပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် အပြစ်တင်စွဲဆိုချက်များမှ မင်းအောင်လှိုင်နှင့်တရားမဝင်အာဏာသိမ်းစစ်ကောင်စီတို့လုံးဝမလွတ်မြောက်သင့်ပါ။
တရားမဝင်အာဏာသိမ်းစစ်ကောင်စီ ဦးစီးသော နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီသည် Covid 19 ကပ်ရောဂါကို ထိန်းချုပ်ရန် ကြိုတင်ပြင်ဆင်မှုများမရှိဘဲ စာသင်ကျောင်းများဖွင့်လှစ်ခဲ့ပါသည်။ ၎င်းအတွက်တာဝန်ခံမှု ရှိရပါမည်။
ဖျက်ဆီးစွမ်းရည်မြင့်မားသောစစ်လက်နက်များကို အသုံးပြုကာ အကြမ်းဖက် စစ်အင်အားစုသည် နိုင်ငံ၏နေရာ အနှံ့အပြားတွင် ပြည်သူများ၏အိုးအိမ်များဖျက်စီးခြင်း၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်းဖြင့် ပြည်တွင်း၌သွေးချောင်းစီးစေခဲ့ပါသည်။ ထို့လုပ်ရပ်များကြောင့်နိုင်ငံတွင်း မငြိမ်မသက်မှုများစွာ ဖြစ်ပေါ်လျက် ရှိပါသည်။
ယခုကမ္ဘာတစ်ဝှမ်း၌ lockdown ချခြင်း၊ ခရီးသွားလာမှု များကန့်သတ်ခြင်း၊ Covid ရောဂါရှာဖွေ စစ်ဆေးခြင်း နှင့်ကုသရေးစင်တာများ တည်ဆောက်ခြင်းများ ပြုလုပ်ကာ Covid 19 ကပ်ရောဂါကို ထိန်းချုပ်ရန်အစွမ်းကုန်ကြိုးပမ်းလျက်ရှိပါသည်။ သို့ရာတွင် မင်းအောင်လှိုင်နှင့်အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတို့သည် ဆန့်ကျင်ဖက်ပြုလုပ်ကာ လက်နက်များဖြင့်၎င်းတို့အာဏာတည်မြဲရေးကိုသာ ကြိုးပမ်းလျက် ရှိပါသည်။
Covid 19 ရောဂါအား ကာကွယ်၊ကုသ၊ထိန်းချုပ်ရန် စစ်ကောင်စီအနေဖြင့် မြန်မာပြည်သူက ဒီမိုကရေစီ နည်းလမ်းကျ ရွေးချယ်တင်မြှောက်ထားပါသော အမျိုးသားညီးညွတ်ရေးထံသို့ အာဏာလွှဲပြောင်း သင့်ပါသည်။
ကလေးမြို့၌ ယနေ့တစ်ရက်ထဲတွင်ပင် ပြည်သူလူထု ၃၃ ဦး Covid 19 ကပ်ရောဂါကြောင့် အသက်ဆုံးရှုံး ခဲ့ပါသည်။ ဤကဲ့သို့ ပြည်သူလူထုအကာအကွယ်ကင်းမဲ့စွာ အသက်ဆုံးရှုံးနေမှုများ သည်စစ်ကောင်စီ၏ (Covid19)ကပ်ရောဂါကိုင်တွယ်ပုံညံ့ဖျင်းမှုကြောင့်ဖြစ်ပါသည်။
မြန်မာနိုင်ငံရှိ တရားမဝင်အာဏာသိမ်းစစ်ကောင်စီသည် မြန်မာပြည်သူလူထုကို Covid 19 ကပ်ရောကူးစက် စေခြင်း၊ သတ်ဖြတ်ခြင်း နှင့်ပြည်သူများ၏ပိုင်ဆိုင်မှုများကိုဖျက်စီးခြင်း အစရှိသည်တို့ကို သာလုပ်ဆောင် လျက်ရှိပါသည်။
အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံသည် သေခြင်း၊ ပျက်စီးခြင်း၊ သွေးချောင်းစီး လူမျိုးတုန်းသတ်ဖြတ်ခြင်း နှင့် Covid 19 ကပ်ရောဂါမျိုးစိတ်သစ် ပြန့်ပွားခြင်းတို့ တည်ရှိရာ နိုင်ငံအဖြစ်သို့မရောက်ရှိခင်တတ်နိုင်သည့်ဖက်မှအစွမ်းကုန်ကူညီသင့်ပါသည်။
မြန်မာနိုင်ငံကိုကိုယ်စားပြုသော တရားဝင်အစိုးရအနေဖြင့် ကျွန်ုပ်တို့သည် အရည်အသွေးပြည့်မီသော ကာကွယ်ဆေးရရှိနိုင်သည့် နည်းလမ်းများအပြင်၊ Covid 19 ကပ်ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ် နိုင်မည့် နည်းလမ်းများကိုသိရှိထားပါသည်။
တရားမဝင်အာဏာသိမ်းစစ်ကောင်စီတွင် ဤအကြောင်း အရာနှင့် စပ်လျဉ်း၍ အတွေ့အကြုံနှင့်အကြံကောင်းများမရှိပါ။ အကြမ်းဖက်စစ်ကောင်စီသည် Covid 19 ကပ်ရောဂါကို တတ်စွမ်းသမျှ တွန်းလှန်ခဲ့သော ဆရာဝန် ၂၀၀ ကျော်ကိုဖမ်းဆီးထိန်းသိမ်းခဲ့ပါသည်။
သူနာပြု၊ ကျန်းမားရေးဝန်ထမ်းနှင့်ဆရာဝန် ၁၇ ယောက်ကိုလည်း ရက်စက်စွာသတ်ဖြတ်ခဲ့ပါသည်။ ထို့အပြင် တစ်ကမ္ဘာလုံးကျင့်သုံးလျက်ရှိသော အခြေခံ လူ့အခွင့်ရေးအရ နိုင်ငံသားတစ်ယောက် လုပ်ပိုင်ခွင့် ရှိသော ဆန္ဒထုတ်ဖော်မှုအတွက် ထောင်ပေါင်းများစွာသော ကျန်းမာရေးဝန်ထမ်းများကို အလုပ်မှရပ်နား ခဲ့ပါသည်။
ယခုအခါတွင် Covid 19 ကပ်ရောဂါ ထိန်းချုပ်၊ ကုသရေးတွင် အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့သော ကျန်းမာရေးဝန်ထမ်းနှင့်စေတနာရှင် သောင်းကျော်သည် မိမိတို့အသက်ဘေးလုံခြုံရေးအတွက်တိမ်းရှောင်နေကြရပါသည်။
တရားမဝင်အာဏာသိမ်းစစ်ကောင်စီသည်Covid 19 ကပ်ရောဂါကို ကာကွယ်၊ ကုသ၊ထိန်းချုပ်ရမည့် အစား ဆေးရုံများအတွင်း စစ်ကောင်စီလက်ပါးစေ အကြမ်းဖက်စစ်သားများနှင့် ၎င်းတို့၏ယမ်းငွေ့ သမ်းသောလက်နက် များဖြင့်နေရာချထားစေပါသည်။
ဤကဲ့သို့ ဆရာဝန်နှင့်ကျန်းမာရေးဝန်ထမ်းများ နေရာတွင် ပညာမဲ့လက်နက် ကိုင်များအစားထိုးနေရာယူစေခြင်းသည် Covid 19 ကပ်ရောဂါပြန့်ပွားခြင်း ၏အကြောင်းအရင်းဖြစ်ပါသည်။
မြန်မာနိုင်ငံ အတွင်းCovid 19 ကပ်ရောဂါ ပြန့်ပွားနေမှုကိုထိန်းချုပ်ရန် တစ်ခုတည်းသောနည်းလမ်းမှာ နိုင်ငံတကာနှင့်ရဲရင့်သောမြန်မာပြည်သူ အတူတကွလက်တွဲ၍ ကျရှုံးနေသောစစ်အာဏာသိမ်းမှုနှင့် အာဏာသိမ်း စစ်ကောင်စီတို့၏ တရားမဝင်အကြမ်းဖက်မှုများကို ရပ်တန့်စေခြင်းပင်ဖြစ်ပါသည်။
မင်းအောင်လှိုင် နှင့်တရားမဝင်အာဏာသိမ်းစစ်ကောင်စီသည် မြန်မာပြည်သူများက ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက် ထားသော အမျိုးသားညီညွတ်ရေးအစိုးရထံသို့အာဏာလွှဲပြောင်းပြီး တရားဝင် အစိုးရကဆက်လက် တာဝန်ယူ ဆောင်ရွက်မှသာ Covid 19 ကပ်ရောဂါကို အပြည့်အဝထိန်းချုပ် နိုင်မည်ဖြစ်ပါသည်။
ကျွန်ုပ်တို့အားလုံးအတူတကွနိုင်ရမည်။
ဒေါက်တာဆာဆာ
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဌာန ပြည်ထောင်စုဝန်ကြီး
အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူနှင့်
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဟောင်း