“ သိန္း(၁၇၀၀)ေက်ာ္တန္ဖိုးရွိတဲ့ ကိုယ္ပိုင္ကား ေရာင္းျပီး ျပည္သူေတြအတြက္ ေအာက္ဆီဂ်င္စက္ၾကီး ဝယ္ယူလွဴဒါန္းေပးမယ့္ ဆရာေတာ္ ”
ျပည္သူေတြကို ဘာမွ မလုပ္ေပးနိုင္ရင္ အသက္ရွင္ရတာ အလကားဟုဆိုကာ သိန္း(၁၇၀၀)ေက်ာ္တန္ဖိုးရွိတဲ့ ကိုယ္ပိုင္ကား ေရာင္းျပီး ေအာက္ဆီဂ်င္စက္ ဝယ္ယူေပးမယ့္ ဆရာေတာ္
အခုျပည္ေတာ္သာက ေဖႀကီး စီးေနတဲ့ Lexus 570 (2021 Model) US 110000 ေက်ာ္က်ထားတဲ့ သာသနာလိုင္စင္နဲ႔ ကားအသစ္ကို ေရာင္းပီး ရတဲ့ပိုက္ဆံနဲ႔ Oxygen Plant တစ္ခုလွူဖို့ ခုပဲ ေဖႀကီးကလာေျပာထားပါတယ္။ကိုယ္ေတြလဲ ဘယ္လိုကိုလုပ္ေပးရမွန္းမသိေတာ့ပါဘူး။
ဆရာေတာ္ကေတာ့ ကုသိုလ္ေကာင္းမွုေတြမ်ားစြာျပဳလုပ္ေနသူ၊ကုသိုလ္စိတ္ေတြ အဖန္တလဲလဲျဖစ္ေနသူ၊သတၱဝါတို့၏ အက်ိဳးစီးပြား ခ်မ္းသာသုခကို ရေစရန္ ပရဟိတလုပ္ငန္းေတြကိုၾကင္နာ
သနားေမတၱာ က႐ုဏာထားကာ စဥ္ဆက္မျပက္ ေဆာင္ရြက္ေနသူကို စိတ္ေကာင္းရွိသူလို့ ေခၚဆိုသတ္မွတ္ၾကပါသည္ဟုလည္း သူ၏စာမ်က္နွာမွာေရးသားထားပါတယ္။
အညတရ ဇဝန(ေခတၱ မဟာၿမိဳင္ေတာ)
Unicode
“ သိန်း(၁၇၀၀)ကျော်တန်ဖိုးရှိတဲ့ ကိုယ်ပိုင်ကား ရောင်းပြီး ပြည်သူတွေအတွက် အောက်ဆီဂျင်စက်ကြီး ဝယ်ယူလှူဒါန်းပေးမယ့် ဆရာတော် ”
ပြည်သူတွေကို ဘာမှ မလုပ်ပေးနိုင်ရင် အသက်ရှင်ရတာ အလကားဟုဆိုကာ သိန်း(၁၇၀၀)ကျော်တန်ဖိုးရှိတဲ့ ကိုယ်ပိုင်ကား ရောင်းပြီး အောက်ဆီဂျင်စက် ဝယ်ယူပေးမယ့် ဆရာတော်
အခုပြည်တော်သာက ဖေကြီး စီးနေတဲ့ Lexus 570 (2021 Model) US 110000 ကျော်ကျထားတဲ့ သာသနာလိုင်စင်နဲ့ ကားအသစ်ကို ရောင်းပီး ရတဲ့ပိုက်ဆံနဲ့ Oxygen Plant တစ်ခုလှူဖို့ ခုပဲ ဖေကြီးကလာပြောထားပါတယ်။ကိုယ်တွေလဲ ဘယ်လိုကိုလုပ်ပေးရမှန်းမသိတော့ပါဘူး။
ဆရာတော်ကတော့ ကုသိုလ်ကောင်းမှုတွေများစွာပြုလုပ်နေသူ၊ကုသိုလ်စိတ်တွေ အဖန်တလဲလဲဖြစ်နေသူ၊သတ္တဝါတို့၏ အကျိုးစီးပွား ချမ်းသာသုခကို ရစေရန် ပရဟိတလုပ်ငန်းတွေကိုကြင်နာ
သနားမေတ္တာ ကရုဏာထားကာ စဉ်ဆက်မပြက် ဆောင်ရွက်နေသူကို စိတ်ကောင်းရှိသူလို့ ခေါ်ဆိုသတ်မှတ်ကြပါသည်ဟုလည်း သူ၏စာမျက်နှာမှာရေးသားထားပါတယ်။