ကလေး၄ယောက်နဲ့ ခက်ခဲနေတဲ့ မိသားစုလေးအတွက်ကိုယ်တိုင်အိမ်လေးကို ဆောက်လုပ်လှူဒါန်းပေးခဲ့တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်း
မင်းသားဝေဠုကျော်ကိုယ်တိုင်ဦးစီးတည်ထောင်ထားတဲ့ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ပရဟိတအလုပ်တွေကိုအင်တိုက်အားတိုက်လုပ်ဆောင်ကာလှူဒါန်းမှုတွေကိုလည်းဆက်တိုက်ပြုလုပ်နေပါတယ်
လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာအကြောင်းအမျိုးမျိုးကြောင့်စားဝတ်နေရေးခက်ခဲနေကြတဲ့ပြည်သူတွေအတွက်စားသောက်ကုန်တွေအပြင်လိုအပ်တာတွေလှူဒါန်းပေးနေတာလဲတွေ့ရပါတယ်။
အခုဆိုရင်လည်းဝေဠုကျော်ကရန်ကင်းဂျိုးဖြူပိုက်လုံးကျူးရပ်ကွက်ထဲကမိသားစုအတွက်အိမ်လေးတစ်အိမ်ဆောက်လုပ်ပေးခဲ့တာပါတယ်
ဒီအကြောင်းအရာလေးကိုလည်းဝေဠုကျော်ဖောင်ဒေးရှင်းရဲ့FacebookPageကနေ၂၃ရက်၅လပိုင်း၂၀၂၁အိမ်စဆောက်နေပါပြီဝေဠုကျော်ဖောင်ဒေးရှင်းမှရန်ကင်းဂျိုးဖြူပိုက်လုံးကျူးရပ်ကွက်ထဲကယောက်ျားပစ်သွားလို့ကလေး၄ယောက်နဲ့အဝတ်လျှော်မီးပူတိုက်လုပ်ကိုင်စားသောက်နေရတယ့်မိသားစုလေးအတွက်အိမ်ပြန်ဆောက်ပေးနေပါပြီ။
ဒီအိမ်လေးကိုကောင်းမွန်တဲ့အိမ်လေးအဖြစ် ဆောက်လုပ်ပေးနိုင်အောင်လှူဒါန်းပေးကြသောအမေရိကန်မှမတည်အလှူရှင်မိသားစုနှင့်၇ရက်သားသမီးအလှူရှင်များအားလုံးအားကျေးဇူးအထူးတင်ရှိပါတယ်
အမှိုက်ပုံပေါ်မှာဆောက်လုပ်ထားတယ့်အိမ်ဖြစ်နေလို့အမှိုက်တွေရှင်းလင်းပေးကြရင်းဝိုင်းဝန်းဆောက်လုပ်လုပ်အားပေးကြတယ့်ဖောင်ဒေးရှင်းအဖွဲ့သားတွေကိုလဲကျေးဇူးတင်ရပါတယ်
မကြာခင်ဒီမိသားစုလေးကတော့အလှူရှင်များရဲ့စေတနာတွေကြောင့်အိမ်သစ်လေးမှာလုံခြုံနွေးထွေးစွာနေထိုင်နိုင်တော့မှာပါဆိုပြီးရေးသားဖော်ပြထားပါတယ်စာဖတ်ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ရပါတယ်။