ဒီရက်ပိုင်းမှာကိုပဲ မြန်မာနိုင်ငံ နေရာအနှံအပြားမှာ ကိုဗစ်ရောဂါ ကပ်ဆိုးကြီးက အတော်လေး လျင်မြန်စွာ ကူးစက်လျက်ရှိပါတယ် ။
သေဆုံးသူတွေလည်း မနည်းတော့သလို အောက်ဆီဂျင် လိုအပ်သူတွေဆိုရင်လည်း နေ့ရောညရော တွေ့မြင်နေရပါတယ် ။
တကယ်ကို စိတ်မကောင်းစရာ မြင်ကွင်းတွေပါပဲနော်။ ဒါ့အပြင် ဒီကိုဗစ်ရောဂါဆိုးကြီးက အသက်အရွယ် အပိုင်းအခြား မခွဲဘဲ ကူးစက်နေတာကြောင့် မိမိကိုယ်မိမိ ဂရုမစိုက်ရင် မည်သူမဆို ဖြစ်ပွားနိုင်ချေ အရမ်းများပါတယ် ။
အခုလည်း ကိုဗစ် ရောဂါ ကူးစက်ခံထားရတဲ့ သမီးငယ်လေးတစ်ယောက်ကို ဖခင်ဖြစ်သူက PPE ဝတ်ပြီး လိုက်ပို့ဆောင်ပေးနေတဲ့ ဖြစ်ရပ်လေးတစ်ခု လူမှုကွန်ရက် စာမျက်နှာထက်မှာ ပျံ့နှံ့ခဲ့ပါတယ် ။
ဖခင်ဖြစ်သူက သမီးလေးရဲ့ မုန့်ထုပ်လေးတွေ ၊ အဝတ်အစားလေးတွေကို သယ်ပေးရင် တံခါးအဝလေးမှာ ရပ်နေရှာတဲ့ သမီးငယ်လေးရဲ့ ပုံလေးက ပြည်သူတွေရဲ့ ရင်ထဲကို ထိမှန်စေခဲ့ ပါတယ် ။
ဒီလို ကိုဗစ်ရောဂါ ကူးစက်ခံရတိုင်း စိတ်ဓာတ်ကျစရာမလို ကြောင်းကို အသက်ငယ်ငယ် ကလေးငယ်လေးက သက်သေပြသွားတာပါပဲ ။
ငယ်ပေမယ့် ရဲရဲဝင့်ဝင့် တည်တည်ငြိမ်ငြိမ်နဲ့ စိတ်ဓာတ်မာကျောလို့ လေးစားစရာ ကောင်းလွန်းတာ အမှန်ပါပဲ ။
ပရိသတ်ကြီးအတွက် သမီးငယ်လေးရဲ့ ပုံရိပ်လေးကို ဝေမျှပေးရင်း ပြည်သူအားလုံးလည်း ဒီရောဂါ ကပ်ဆိုးကြီးကနေ အမြန်ကင်းဝေးကြပါစေ ဆုတောင်းပေးလိုက်ပါတယ် ။