ဗဟုသုတ

မောင်လျှံဖြိုးအောင်မပါဝင်တော့တဲ့ မိသားစုထမင်းဝိုင်းလေးရဲ့ဝမ်းနည်းစရာမြင်ကွင်းကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေရတဲ့ ပြည်သူများ

မောင်လျှံဖြိုးအောင်မပါဝင်တော့တဲ့ မိသားစုထမင်းဝိုင်းလေးရဲ့ဝမ်းနည်းစရာမြင်ကွင်းကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေရတဲ့ ပြည်သူများ

မကွေးနည်းပညာ တက္ကသိုလ်မှာ မြို့ပြ အင်ဂျင်နီယာဘာသာရပ်ကို သင်ကြားနေတဲ့ ဒုတိယနှစ် ကျောင်းသားမောင်လျှံဖြိုးအောင်ကတော့ အခုချိန်အထိတိုင်အောင် ဖမ်းဆီးချုပ်နှောင်ခံထားရဆဲ ဖြစ်ပါတယ် ။

မောင်လျှံဖြိုးအောင်က လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တာကြောင့် သူ့ကိုဖမ်းဆီးခဲ့တာ ဖြစ်ပါတယ် ။ အသက် (၂၂) နှစ်အရွယ်သာရှိသေးတဲ့ မောင်လျှံဖြိုးအောင်ခမျာ အခုတော့ ညာလက်တစ်ဖက်နဲ့ ညာမျက်လုံးတစ်ဖက် ဆုံးရှုံးခဲ့ရပြီလည်း ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ရက်ပိုင်းက အကျဥ်းသား (၂၀၀၀)ကျော်လွှတ်ပေးတဲ့အထဲမှာ မောင်လျှံဖြိုးအောင် မပါဝင်ခဲ့တဲ့အပေါ် အားလုံးက စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ် ။

သူ့အနေနဲ့ အရေးပေါ်ဆေးကုသဖို့ လိုအပ်နေပေမယ့်လည်း အခုထိချုပ်နှောင်ခံထားရပြီး တရားရင်ဆိုင်နေရဆဲ ဖြစ်ပါတယ် ။ အခုလည်း မောင်လျှံဖြိုးအောင်ရဲ့ဖခင်ဖြစ်သူက သားငယ်လေးမပါဝင်တော့တဲ့ သူတို့မိသားစုထမင်းဝိုင်းရဲ့ပုံလေးကို မျှဝေလာခဲ့တာ ဖြစ်ပါတယ် ။

မောင်လျှံဖြိုးအောင်အနေနဲ့ (၂၇.၃.၂၀၂၁) နေ့ကတည်းက မိသားစုတွေနဲ့အတူ မရှိနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါကြောင့် သားငယ်လေးမပါတော့တဲ့ ထမင်းဝိုင်းမှာထိုင်နေရတဲ့ ဖခင်ကြီးကတော့ “သားရဲ့ဖွေးဖွေးလေးက သားငယ် ထိုင်ခုံလေးပေါ်မှာ ဖေဖေ့မျက်နှာ သူကြည့်နေတယ် အဲဒီအဓိပ္ပါယ် မိသားစု အားလုံးသိတယ် 😭😭” ဆိုပြီး ရင်ဖွင့်လာခဲ့တာ ဖြစ်ပါတယ် ။

မောင်လျှံဖြိုးအောင်မရှိတဲ့ မိသားစုထမင်းဝိုင်းရဲ့တိတ်ဆိတ်ခြောက်ကပ်နေတဲ့ပုံကိုမြင်ပြီး ပြည်သူတွေပါ စိတ်မကောင်းဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။