ဗဟုသုတ

ကျန်းမာရေးမကောင်းဖြစ်နေတဲ့ မိခင်ကို ပြုစုစောင့်ရှောက်နိုင်ရန်အတွက် မီးသင်္ဂြိုဟ်တဲ့အလုပ်ကို အရွယ်နဲ့မလိုက် လုပ်နေရတဲ့ ၁၁ နှစ်အရွယ်ကောင်လေး

ကျန်းမာရေးမကောင်းဖြစ်နေတဲ့ မိခင်ကို ပြုစုစောင့်ရှောက်နိုင်ရန်အတွက် မီးသင်္ဂြိုဟ်တဲ့အလုပ်ကို အရွယ်နဲ့မလိုက် လုပ်နေရတဲ့ ၁၁ နှစ်အရွယ်ကောင်လေး

၁၁ နှစ်အရွယ်သာရှိသေးတဲ့ ကလေးငယ်တွေဆိုရင် သူတို့ရဲ့ဘဝက ကျောင်းမှာ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး ကစားရမယ့်အရွယ်သာ ရှိပါသေးတယ် ။ သို့ပေမဲ့ ယခုဖော်ပြပေးမဲ့ ၁၁ နှစ်အရွယ်ကောင်လေးတစ်ယောက်ဟာ အိပ်ရာပေါ်လှဲနေတဲ့မိခင်ကိုထောက်ပံ့ရန် မီးသင်္ဂြိုဟ်ခြင်းအလုပ်ကို လုပ်ရပါတယ်

ကောင်လေးရဲ့ ဖခင်ဟာ သုကလေးဘဝတုန်းက ကွယ်လွန်ပြီးနောက် မကြာမီမှာပင် မိခင်ဖြစ်သူက ဖျားနာခဲ့ပါတယ် ။ယခင်တုန်းကဆို သူ့အမေက မီးသင်္ဂြိုဟ်ခြင်းအလုပ် လုပ်ခဲ့ပါတယ် ။

ယခုမှာ သူမအလုပ်မလုပ်နိုင်တော့တာကြောင့် သားဖြစ်သူကို ထိုတွင် အလုပ်လုပ်ရန် စေလွှတ်ခဲ့ပါတယ် ။ ကလေးငယ်ဟာ မီးသင်္ဂြိုဟ်ခြင်းမှာ ပထမဆုံးအလုပ်လုပ်တဲ့အခါမှာ သူဘယ်လိုဖြတ်သန်းမယ်ဆိုတာကို ခဗျားစဥ်းစားကြည့်ပါ ။

သူဟာ အလောင်းများကို မီးရှို့ရန် တာဝန်ရှိသူဖြစ်ပြီး နေ့စဉ်မီးသင်္ဂြိုဟ်နေဆဲဖြစ်ပါတယ် ။ အရွယ်ရောက်ပြီးသားလူကြီးတွေတောင်မှ အလောင်းကို တစ်ယောက်တည်း မကြည့်ရဲကြပါဘူး

အလောင်းများကို မိမိလက်ဖြင့် မီးရှို့လုပ်ခြင်းဟာ ကြောက်စရာကောင်းတယ်လို့ ကောင်လေးက ဆိုခဲ့ပါတယ် ။ အလောင်းတွေ မီးရှို့တဲ့နေရာမှာ သူက တစ်လလောက်ကြာနေရပါတယ် ။

သူက ညဆိုင်းအလုပ်လုပ်တဲ့အခါမှာ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းတဲ့ အရာတွေကြုံတွေ့နေရပါတယ် ။ တခါတရံ သူကမီးသင်္ဂြိုဟ်ရာမှ ထွက်လာတဲ့ ထူးထူးဆန်းဆန်းအသံတွေ ကြားနေရပါတယ် ။

များသောအားဖြင့် သူဟာ ညဆိုင်းချိန်ပြီးတဲ့နောက် သူဟာ အိမ်ပြန်ပြီး မိခင်ကို ကျွေးမွေးပြုစုပေးပြီးမှသာ သူအိပ်ရာဝင်ရပါတယ် ။ နောက်တစ်နေ့ နေထွက်လာတဲာအခါ သူ့ရဲ့အလုပ်အတွက် မီးသင်္ဂြိုဟ်တဲ့နေရာကို သွားရပါတယ် ။ ၎င်းဟာ ကောင်လေးအတွက် နေ့စဉ်လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်ပြီး မိသားစုကိုထောက်ပံ့ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်လာခဲ့ပါတယ် ။

သူရဲ့ ဇာတ်လမ်းဟာ လူအများရဲ့အာရုံကိုဆွဲဆောင်နိုင်ခဲ့တဲ့အတွက် လူများစွာက လူငယ်လေးနဲ့ သူ့မိခင်အတွက် ငွေကြေးတွေကို ကမ်းလှမ်းရန် သူ့ရှိရာနေရာကို လာရောက်ခဲ့ကြပါတယ် ။ ကောင်လေးဟာ သူကျောင်းကို ပြန်သွားပြီး မကြာခင်မှာ အခြားကလေးတွေလို သာမန်ဘဝကို ပိုင်ဆိုင်နိုင်လိမ့်ယ်လို့ ကြှနျုပျတို့ မျှော်လင့်ပါတယ် ။