ဗဟုသုတ

တစ်လသားအရွယ် သမီးငယ်လေးကို ကိုယ်တိုင်ချီပိုးပီး တွန်းလှည်းလေးမှာ ပစ္စည်းလေးတွေထည့်ကာ ဈေးရောင်းနေရတဲ့ ဖခင်

တစ်လသားအရွယ် သမီးငယ်လေးကို ကိုယ်တိုင်ချီပိုးပီး တွန်းလှည်းလေးမှာ ပစ္စည်းလေးတွေထည့်ကာ စျေးရောင်းနေရတဲ့ ဖခင်

သားသမီးများကိုဘယ်လိုဘယ်ပုံနည်းနဲ့ပဲ ဖြစ်ဖြစ်ကျွေးမွေးစောင့်ရှောက်တတ်တာကတော့၊မိဘများရဲ့မေတ္တာအစစ်မှန်မို့ကျေးဇူးတရားကြီးမားလှပါပေတယ်။


ထိုအမျိုးသားရဲ့အဖြစ်ပျက်ကိုတွေ့ခဲ့တဲ့အမျိုးသမီးတစ်ယောက်က၊၎င်းအမျိုးသားရဲ့အဖြစ်ကိုမေးမြန်းဖြစ်ခဲ့ပါတယ်။

(1)လသားကလေးကိုဘာလို့အပြင်ခေါ်ထွက်ပီးဈေးရောင်းတာလဲ၊သူ့အမေနားမထားခဲ့ဘူးလားလို့မေးတဲ့အခါမှာတော့၊၎င်းအမျိုးသားဟာမျက်နှာငြိုးကျသွားပီး

မိခင်ဖြစ်သူက ခလေး(1)လသားအရွယ်နဲ့၎င်းတို့သားအဖကိုစွန့်ခွာခဲ့လို့၊ခလေးကိုအိမ်မှာထားရတာစိတ်မချတဲ့အတွက်ကြောင့်၊ဈေးခေါ်လာရောင်းရတာဖြစ်တယ်လို့ပြောပြခဲ့ပါတယ်။

သနားဂရုနာဖြစ်မိတဲ့ စျေးဝယ်တွေက ထိုအမျိုးသားရဲ့ကလေးအတွက် နို့မှုန့်ထုပ်တွေ အဟာရမှုန့်တွေ ဝယ်ပေးခဲ့ကြပါတယ်

ထိုအဖြစ်ပျက်လေးကိုကြည့်ရင်းစာဖတ်သူတို့လဲသနားကရုဏာသက်မိကြမယ်လို့ထင်ပါတယ်။
တချို့ မိခင်တွေရဲ့ မေတ္တာတရားဟာ အသက်ပေးနိုင်တဲ့ထိကြီးမားသလို တစ်ချို့မိခင်တွေကတော့ ပြန်လှည့်မကြည့်တဲ့အထိလဲ မေတ္တာနည်းပါတတ်ကြပါတယ်

ဒီလိုအဖြစ်အပျက်တွေဟာ ကမ္ဘာပေါ်က နေရာတိုင်း နိုင်ငံတိုင်းမှာ ဒုနဲ့ဒေး ရှိနေတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် မိဘတိုင်း ကိုယ့်ရဲ့သားသမီးလေးတွေကိုချစ်ခင်နိုင်ကြပြီး သားသမီးတိုင်း ကိုယ်ရဲ့ မိဘကို ပြန်လည်ကျေးဇူးဆပ်နိုင်ကြပါစေလို့ ပေါ်ပင်ဇုံမှ ဆုတောင်းပေးလိုက်ရပါတယ်