ဗဟုသုတ

စစ်တပ်မှပြုလုပ်မည့်အာဇာနည်နေ့အခမ်းအနားကို အထိန်းသိမ်းခံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တက်ရောက်ခြင်းရှိမရှိကိုမသိရှိရ

စစ်တပ်မှပြုလုပ်မည့်အာဇာနည်နေ့အခမ်းအနားကိုအထိန်းသိမ်းခံနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တက်္မတက်္မသိရခြင်းမရှိ

ဇူလိုင်လ၁၀ရက်နေ့စစ်တပ်မှပြုလုပ်မည့်(၇၄)ကြိမ်မြောက်အာဇာနည်နေ့အခမ်းအနားကိုစစ်တပ်၏ထိန်းသိမ်းခြင်းခံထားရသည့်။

အာဇာနည်ခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒါ်အောင်ဆန်းစုကြည်တက်ရောက်ခြင်းရှိမရှိကိုမသိရှိရသေးကြောင်းသိရသည်။

စစ်တပ်ဘက်ကတက်ခိုင်းမယ်မတက်ခိုင်းဘူးဆိုတာတော့ကျမတို့မသိသေးဘူး။နိုင်ငံတော်အတိုင်ပင်ခံအနေဖြင့်အဲ့ကိစ္စနဲ့ပက်သက်ပြီးပြောတာတော့မရှိသေးဘူး။

စောသေးတာကြောင့်လည်းဖြစ်နိုင်ပါတယ်။လာမယ့်အပတ်မှာလုပ်မယ့်ရုံးချိန်းကျရင်တော့ပြောဖြစ်ကြမယ်ထင်ပါတယ်ဟု။

နိုင်ငံတော်အတိုင်ပင်ခံ၏ရှေ့နေတစ်ဦးဖြစ်သူတရားလွှတ်တော်ရှေ့နေဒေါ်စန်းမာလာညွန့်ကဖြေကြားခဲ့သည်။

လာမည့်ဇူလိုင်လ(၁၉)ရက္‌ေန့တွင်အာဇာနည်နေ့ကိုစစ်တပ်မှကျင်းပပြုလုပ်မည်ဖြစ်ကြောင်းစစ်တပ်ပိုင်မြတီသတင်းဌာနကထုတ်လွှင့်ထားသည်ကိုတွေ့ရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည်အာဇာနည်နေ့တွင်စစ်တပ်ကမတရားစွဲဆိုထားသည့်အမှုအတွက်တရားရင်ဆိုင်ရခြင်းဖြစ်သည့်အတွက်။

စစ်တပ်အနေဖြင့်အာဇာနည်နေ့ကိုမည်ကဲ့သို့ဆောင်ရွက်မည်ဖြစ်ကြောင်းစစ်တပ်ဘက်သို့ဆက်သွယ်ခဲ့သော်လည်းဆက်သွယ်၍မရရှိခဲ့ပေ။

အာဏာသိမ်းစစ်တပ်မှကျင်းပမည့်အာဇာနည်နေ့အခမ်းအနားကျင်းပမည့်အပေါ်တွင်အာဇာနည်ပုဂ္ဂိုလ်သခင်မြ၏သားတစ်ဦးဖြစ်သူဦးရဲမြင့်အောင်က။

တစ်နှစ်မှတစ်ခါကိုယ့်အဖေအတွက်လုပ်တာလေမတက်လို့မှမရဘဲ။ဒါကအစိုးရနဲ့မဆိုင်ဘူး။ဘယ်သူမှမလုပ်လည်းသွားပြီးဂါဝရပြုရမှာပဲ။

သွားပြီးဂါရဝပြုရမှာကမိသားစုတွေရဲ့တာဝန်။သူတို့မလုပ်လို့ပိတ်ထားရင်လည်းဖွင့်တဲ့နေ့သွားဂါဝပြုရမှာပဲဟုဆိုသည်။

စစ်အစိုးရလက်ထက်အပါအဝင်ခေတ်အဆက်ဆက်တွင် အာဇာနည်နေ့အခမ်းအနားများကိုနှစ်စဥ်မပြတ်ကျင်းပခဲ့သော်ပြီး အခမ်းအနားကြီးသည်ငယ်သည်သာကွာခြားမှု့ရှိခဲ့ကြောင်းသိရှိရပါသည်။