ဗဟုသုတ

PDF တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ထံသို့ ထိုင်းAACမဟာမိတ်အဖွဲ့ က ငွေကျပ်သိန်း ၁၀၀၀ လှူဒါန်းပြီးပြီ

ရန်ကုန်၊ ဇူလိုင် ၁၁

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အတွက် ထိုင်းနိုင်ငံအခြေစိုက် AAC မဟာမိတ်အဖွဲ့က ငွေကျပ် သိန်း ၁၀၀၀ လှူဒါန်းပြီးဖြစ်ကြောင်း AAC မဟာမိတ်အဖွဲ့မှ ဦးဆောင်သူ ဦးရဲမင်းက ပြောသည်။

PDF တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အတွက် NUG အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနသို့ ထိုင်းနိုင်ငံအခြေစိုက် AAC မဟာမိတ်အဖွဲ့မှ အရေးပေါ် လိုအပ်သည့် နေရာများ၌ အသုံးပြုနိုင်ရန်အတွက် ကျပ်ငွေ သိန်း(၁၀၀၀)ကို ၆ ကြိမ်တိတိပေးပို့လှူဒါန်းခဲ့ရာတွင် ဇွန်လ ၂၃ ရက်နေ့မှ ဇူလိုင်လ ၁၁ ရက်နေ့ အထိ ၆ ကြိမ်ပေးပို့လှူဒါန်းခဲ့ကြောင်း၊ ပထမအကြိမ်တွင် ထိုင်းဘတ်ငွေ ၆၁၂၀၀၀

ဒုတိယအကြိမ်တွင် ထိုင်းဘတ် ၂၁၉၄၂၁ ၊ တတိယအကြိမ်တွင် ၃၃၆၄၃၀ ဘတ်၊ လေးကြိမ်မြောက်တွင် ထိုင်းဘတ် ၂၄၂၀၀၂ ဘတ် ၊ ငါးကြိမ်မြောက်တွင် ထိုင်းဘတ် ၄၅၆၂၇၂ ဘတ်၊ ခြောက်ကြိမ်မြောက်တွင်ထိုင်းဘတ် ၁၇၃ ၈၇၅ ဘတ် စုစုပေါင်း ဘတ် ၂ သန်းလေးသောင်းဘတ် ပေးပို့လှူဒါန်းထားကြောင်း သိရှိရသည်။

NUG အစိုးရစတင်ဖွဲ့စည်း​ပြီးခါစအချိန်တုန်းကလည်း ကာကွယ်ရေးဝန်ကြီး ဌာန ဝန်ကြီးဦးရည်မွန် ထံသို့ပထမ ဦးဆုံး အလှူရှင်အဖြစ် AAC အဖွဲ့က ဘတ်တစ်သန်း တိတိလှူဒါန်းပေးခဲ့ပြီးဖြစ်သည်။

ထိုင်းအခြေစိုက် AAC မဟာမိတ်အဖွဲ့သည် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ လှူဒါန်းမှုများအား သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများနှင့် အရေးပေါ်လိုအပ်သည့် နေရာများသို့ တိုက်ရိုက်

ရောက်ရှိနိုင်ရန် ချိတ်ဆက်လှူဒါန်းလျက်ရှိပြီး လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ရိက္ခာ၊ ဆေးဝါးနှင့် အခြေခံပစ္စည်းများပါမကျန် အမျိုးသားညီညွတ်ရေး အစိုးရအတွက် လှူဒါန်းပေးလျက်ရှိသည်။