ဗဟုသုတ

မိမိမြတ်နိုးသော ဆိုင်ကယ်နှစ်စီးကို စွန့်လွှတ်ပြီး အောက်ဆီဂျင် လိုအပ်နေတဲ့ပြည်သူတွေကို လှူဒါန်းသွားမယ်ဆိုတဲ့ လေးစားဖွယ် စေတနာရှင်တစ်ဦး

မိမိမြတ်နိုးသော ဆိုင်ကယ်နှစ်စီးကို စွန့်လွှတ်ပြီး အောက်ဆီဂျင် လိုအပ်နေတဲ့ပြည်သူတွေကို လှူဒါန်းသွားမယ်ဆိုတဲ့ လေးစားဖွယ် စေတနာရှင်တစ်ဦး

မြန်မာနိုင်ငံမှာ စစ်ဘေးဒဏ်ရော ကိုဗစ်ဘေးဒဏ်ရော ခံစားနေကြရတဲ့ ပြည်သူတွေအမြောက်အများပါပဲ
ခုချိန်ခါမှာ ပြည်သူတွေဟာ ပြည်သူတွေကိုပဲ အားကိုပြီး အသက်ရှင်နေထိုင်နေကြရပါတယ်

တော်လှန်ရေးက မပြီးဆုံးသေးတဲ့အပြင် ဒီကိုဗစ်ကို တိုက်ထုတ်ဖို့ ပြည်သူတွေဟာ ငွေအားရော လူအားရော ချိနဲ့နေကြပါပြီ ဒါကြောင့်တစ်ချို့ဆိုရင် အလှူရှင်ကိုစောင့်မျှော်ရင်း အသက်ဆက်နေကြရသူတွေဠလည်း ဒုနဲ့ဒေးပါ

သိုပေမဲ့လဲ မြန်မာပြည်သူတွေဟာ အလှူအတန်းရက်ရောတဲ့နေရာမှာတော့ ဘယ်နိုင်ငံမှလိုက်မမှီပါဘူးဘယ်လောက်ပဲ ခက်ခဲနေပါစေ လှူချင်တဲ့စိတ်စေတနာကို တားဆီးလို့မရနိုင်ဘူးဆိုတာ ဒီအဖြစ်အပျက်လေးက သက်သေပါပဲ

ကိုရဲမင်းသူဆိုတဲ့ ပြည်သူတစ်ဦးဟာ သူရဲ့ ကိုယ်ပိုင်ဆိုင်ကယ် နှစ်စီးလုံး ၏ တန်ဖိုးနဲ့ ညီမျှတဲ့ အောက်စီဂျင်အိုးများနဲ့ လဲ ချင်ပါတယ်လို့လူမူကွန်ယက်မှာအခုလိုမျိုး ရေးသားထားပါတယ်။

“အခု ပုံပါ ဆိုင်ကယ် နှစ်စီးသည် ကျွန်တော် ၏ ကိုယ်ပိုင် ပစ္စည်း ဖြစ်ပြီး အဲ့ဆိုင်ကယ် နှစ်စီး လုံး ၏ တန်ဖိုးနဲ့ ညီမျှတဲ့ အောက်စီဂျင် အိုး များနဲ့ လဲ ချင်ပါတယ်ဗျာ ကျွန်တော် အောက်စီဂျင် လိုအပ်တဲ့ သူများ ကို လှူဒါန်းချင်လို့ပါဗျာ

ကျွန်တော် က ဆိုင်ကယ်ကို ချစ်တဲ့သူတစ်ယောက်ပါကျွန်တော် ပိုက်ဆံ မလိုချင်ပါ။ကျွန်တော် အခုလို ပို့မျိုးက ကျွန်တော့် ဘဝ မှာ ပထမ ဆုံးပါ။ဆိုင်ကယ်ချစ်သူတစ်ယောက်ပါ Kawasaki Vulcan သည် ကျွန်တော် အသစ် ဆက်ဆက်ဝယ်ထားတာပါ။UMG Company ကပါ။ဆိုင်ကယ် နှစ်စီး လုံးသည် လိုင်စင် ဘီးတွေပါဗျ။ ကူညီနိုင်တဲ့ သူများ ကူညီပေးကျပါဗျာ အောက်စီဂျင်လိုအပ်တဲ့ သူများကို” လို့ ရေးသားထားပါတယ်။

ဒီအမျိုးသားရဲ့ ပြတ်သားတဲ့စေတနာကိုတော့မချီးကျူးဘဲကိုမနေနိုင်ပါဘူးဗျာ မိမိချစ်ရတဲ့ ဆိုင်ကယ်နှစ်စီးကို စွန့်လွှတ်ပြီး ကိုဗစ်လူနာတွေကို အောက်ဆီဂျင် လှူမယ်ဆိုတဲ့ စိတ်ဟာ တော်ရုံစေတနာမျိုးနဲ့ မပြုလုပ် နိုင်ပါဘူး

ပေါ်ပင်ဇုံမှ ပရိသတ်ကြီးလဲ ဒီသတင်းလေးကိုဖတ်ရင်း အလှူရှင်မိသားစုအတွက် ဆုမွန်ကောင်းလေးတွေခြွေခဲ့ကြပါဦးဗျ…