ဗဟုသုတ

အောက်ဆီဂျင်စက်ရုံတည်ထောင်ပြီး မြို့နယ်အတွင်းပေးဝေဖို့အတွက် ကျပ်သိန်း(၁၀၀၀)တိတိကို မတည်လှူဒါန်းခဲ့တဲ့ မိုးကုတ်မြို့ကမိသားစုတစ်စု

ကိုဗစ်တတိယလှိုင်းတွေပြန်ဖြစ်နေပြီး ကိုဗစ်ကူးစက်ခံရတဲ့ လူနာတွေ၊အသက်ရှူကြပ်လူနာတွေ၊ ကိုဗစ်ကူးစက်မှုတွေကြောင့် သေဆုံးသွားတဲ့ ပြည်သူတွေလည်းအများအပြားရှိနေပါတယ်။

အောက်ဆီဂျင်မရရှိဘဲ အသက်သေဆုံးသွားတဲ့ ပြည်သူတွေလည်းရှိနေပြီး အောက်ဆီဂျင်ဖြည့်ပေးတဲ့ဆိုင်တွေမှာ ညခင်းတွေအထိ တန်းစီစောင့်ဆိုင်းနေကြပါတယ်။

အောက်ဆီဂျင်ဖြည့်ပေးတဲ့ စက်ရုံအချို့ဟာ ပုဂ္ဂလိကပြည်သူများသို့ အောက်စီဂျင်ဖြည့်သွင်းမှု ရပ်ဆိုင်းရန်ဆိုတဲ့ ညွှန်ကြားချက်ကြောင့် ရပ်ဆိုင်းလိုက်ကြပြီး ပြည်သူအများအပြားဒုက္ခရောက်နေကြပါတယ်။

ယခုမှာတော့ မိုးကုတ်မြို့က မိသားစုတစ်စုဟာ မိုးကုတ်မြို့နယ်အတွင်း အောက်ဆီဂျင်စက်ရုံတည်ထောင်ထုတ်လုပ်ဖို့အတွက် ကျပ်သိန်း(၁၀၀၀)တိတိကို မတည်လှူဒါန်းခဲ့ပါတယ်။

မိုးကုတ်မြို့မှာ နေထိုင်တဲ့ အဆိုပါမိသားစုဟာ ကသဲအနောက်ကျောင်းဆရာတော်ဦးစန္ဒရံသီအားရည်စူးပြီး အခုလိုလှူဒါန်းခဲ့တာဖြစ်ပါတယ်။

အောက်ဆီဂျင်စက်တွေအရေးပေါ်လိုအပ်နေချိန်မှာ အခုလိုလှူဒါန်းခဲ့တဲ့ ဦးအေးသောင်တို့မိသားစုကို ပြည်သူတွေက ချီးကျူးနေကြပြီး သာဓုတွေခေါ်ဆိုနေကြပါတယ်။

ပြည်သူတစ်ဦးကတော့ ” မိုးကုတ်မြို့အတွက် အောက်ဆီဂျင်ထုတ်လုပ်စက် (ခန့်မှန်းကုန်ကျငွေ- သိန်းတစ်ထောင်) တစ်ဦးတည်းမတည်အလှုရှင်မှာ ကသဲအနောက်ကျောင်းဆရာတော်ဦးစန္ဒရံသီအားရည်စူးပြီး ကသဲဗိုလ်ကုန်းရပ်ဦးအေးသောင်+ဒေါ်ညီမထင်းရူးခြံရပ်ဦးကိုး+ဒေါ်ညွှန့်ခင်တို့၏သားဦးမြင့်သိန်း+ဒေါ်သီတာညီမ မမြင့်မြင့်ကြည်သမီး ကိုဟိန်းစိုး+မပြည့်ဖြိုးမွန်သမီး တုန်ချစ်မြေး လပြည့်ဟိန်း၊ဧဝရတ်ဟိန်းမိသားစု ဖြစ်ပါတယ်ခင်ဗျာ ” ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

အောက်ဆီဂျင်ဖြည့်စက်ဝယ်ယူဖို့အတွက် သိန်းပေါင်းများစွာလှူဒါန်းခဲ့တဲ့ မိုးကုတ်ကမိသားစုတစ်စုရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။