ဗဟုသုတ

အောက်ဆီဂျင်လေး (၁) လုံးလောက် အကူညီတောင်းပြီးနောက် (၇) နာရီအကြာမှာ “မလိုအပ်တော့ပါဘူး”လို့ ပို့စ်လေးပြန်တင်ခဲ့တဲ့ ရင်နာစရာဖြစ်ရပ်လေးတစ်ခု

အောက်ဆီဂျင်လေး (၁) လုံးလောက် အကူညီတောင်းပြီးနောက် (၇) နာရီအကြာမှာ “မလိုအပ်တော့ပါဘူး”လို့ ပို့စ်လေးပြန်တင်ခဲ့တဲ့ ရင်နာစရာဖြစ်ရပ်လေးတစ်ခု

လတ်တလောမှာ နိုင်ငံရေးအခြေအနေတွေကြောင့် စိတ်မကောင်းစရာ သတင်းတွေအပြင် တစ်ကျော့ပြန်ကူးစက်လာတဲ့ ကိုဗစ်ရောဂါကြောင့် လူအများအပြား သေဆုံးနေရတဲ့ မြင်ကွင်းတွေကိုလည်း နေ့ရောညပါ တွေ့မြင်နေရပါတယ်။

ဒါ့အပြင် နေအိမ်တွေမှာ ကုသနေကြတဲ့ ကိုဗစ်လူနာတွေများလာတာနဲ့အမျှ အောက်ဆီဂျင်များ အလွယ်တကူမရှိတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။

ဒီလို အောက်ဆီဂျင်များအလွယ်တကူ အရေးပေါ်မရရှိတာကြောင့် ချစ်ရသူတွေကို မျက်စိအောက်မှာပဲ ဆုံးရှုံးခဲ့ရပါတယ်။

ယခုမှာလည်း အောက်ဆီဂျင်အလွယ်တကူမရတဲ့ ပြဿနာကြောင့် စိတ်မကောင်းစရာ ဖြစ်ရပ်လေးတစ်ခု ကြားသိခဲ့ရပါတယ်။

ဒီဖြစ်ရပ်လေးကတော့ အရေးပေါ်အသက်ရှုဖို့လိုအပ်နေတဲ့ မိခင်အတွက် အောက်ဆီဂျင်လေး (၁) လုံးလောက် လူမှုကွန်ယက်ပေါ်မှာ ကူညီကြဖို့အသနားခံတဲ့ ပို့စ်တင်ပြီးနောက် (၇)နာရီအကြာလောက်မှာပဲ မိခင်ဖြစ်သူဟာ ဆုံးပါးသွားခဲ့ရပါတယ်။

အသက်ရှူဖို့ ခက်ခဲနေတဲ့ မိခင်အတွက် အကူညီတောင်းနေရှာလာတဲ့ ပို့စ်လေးက နာရီပိုင်းအတွင်းမှာပဲ “မလိုတော့ပါဘူး”ဆိုတဲ့ စကားလေးတွေကြောင့် မြင်ရသူအဖို့ စိတ်မကောင်းဖြစ်ရပါတယ်။

ဒါ့အပြင် ပိုပြီးရင်နာစရာကောင်းတာကတော့ တစ်ပတ်အတွင်းမှာပဲ အဆိုပါအကူအညီတောင်းခံခဲ့တဲ့မိသားစုလေးက ချစ်ရသူ(၃)ဦး ကိုဗစ်ရောဂါကြောင့် စွန့်လွှတ်ခဲ့ရပါတယ်။

ဇူလိုင်လ(၅)နေ့မှာ မှာ အဘွားဖြစ်သူက ဆုံးပါးသွားသလို ဇူလိုင်လ(၈)နေ့မှာလည်း ဦးလေးဖြစ်သူ ဆုံးပါးသွားခဲ့ရပါတယ်။

ယမန်နေ့ ဇူလိုင်လ (၁၀ )ရက်နေ့မှာတော့ မိခင်ဖြစ်သူဟာ ကိုဗစ်ရောဂါဖြစ် စိတ်မကောင်းစွာနဲ့ဘဲ ထပ်မံ ဆုံးပါးသွားခဲ့ရပါတယ်။

ဒီလိုချစ်ရတဲ့သူတွေ တစ်ပတ်အတွင်းမှာပဲ ကိုဗစ်ရောဂါကြောင့် ဆုံးပါးသွားခဲ့ရတဲ့ ရင်နာစရာဖြစ်ရပ်လေးကတော့ ကြားရသူအဖို့ များစွာစိတ်မကောင်း ဖြစ်ရပါတယ်။