ဧရာဝတီတိုင်းဒေသကြီး ၊ပုသိမ်မြို့မှာ ဇူလိုင်လ ၁၀ ရက် တစ်ရက်တည်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ ၂၄ ဦးသေဆုံးခဲ့တယ်လို့ ပုသိမ်မြို့ကလူမှုကူညီရေးအဖွဲ့ဖြစ်တဲ့ မနောဖြူလူမှုကူညီရေးအဖွှဲ့ရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
သေဆုံးခဲ့သူတွေဟာ ပုသိမ်ဆေးရုံက လူနာ ၉ ဦးနဲ့ နေအိမ်တွေက လူနာ ၁၅ ဦးတို့ဖြစ်ပြီး ပုသိမ်ဆေးရုံပြင်ပလူနာဌာန ကိုဗစ်အထူးကြပ်မတ်ဆောင်နဲ့ နေအိမ်တွေအထိ မနောဖြူ လူမှုကူညီရေးအသင်းက ရုပ်အလောင်းတွေကို သွားရောက်သယ်ဆောင်ပြီး မီးသင်္ဂြိုဟ်ပေးခဲ့တယ်လို့သိရပါတယ်။
ပုသိမ်မြို့မှာ ဂျူလိုင်လ ၁၀ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးကြောင့် သေဆုံးသူ ၇၂ ဦးအထိရှိလာခဲ့ပြီး ဧရာဝတီတိုင်းအတွင်း အခြားမြို့နယ် တချို့မှာလဲ ကိုဗစ်ရောဂါပိုးကြောင့် သေဆုံးမှုတွေရှိလာတယ်လို့သိရပါတယ်။