ဗဟုသုတ

ကိုယ်ဝန်ကြီးနဲ့ ကိုဗစ်ကူးစက်ခံထားရပေမယ့် အံတုပြီးရင်ဆိုင်နေတဲ့ သူမရဲ့လက်ရှိအခြေအနေတွေကို ပြောပြလာတဲ့ နှိုင်းယှဉ်မြင့်မိုရ်

Zawgyi

ကိုယ္ဝန္ႀကီးနဲ႔ ကိုဗစ္ကူးစက္ခံထားရေပမယ့္ အံတုၿပီးရင္ဆိုင္ေနတဲ့ သူမရဲ႕လက္ရွိအေျခအေနေတြကို ေျပာျပလာတဲ့ ႏႈိင္းယွဥ္ျမင့္မိုရ္

ႏႈိင္းယွဥ္ျမင့္မိုရ္ကေတာ့ ျပည္သူေတြနဲ႔အတူ ေဖေဖာ္ဝါရီလအစပိုင္းကတည္းက လႈပ္ရွားမႈေတြမွာ ပါဝင္ခဲ့သလို လႉဒါန္းမႈေတြကိုလည္း တတ္ႏိုင္သေလာက္ျပဳလုပ္ၿပီး ေဖးမကူညီကာ အားလုံးနဲ႔အတူ ရပ္တည္ေနသူပဲ ျဖစ္ပါတယ္။

ႏႈိင္းယွဥ္ျမင့္မိုရ္ဟာ ယခုလက္ရွိအခ်ိန္မွာဒုတိယေျမာက္ကိုယ္၀န္ေဆာင္ထားရတာလည္းျဖစ္ၿပီး လြန္ခဲ့တဲ့ရက္ပိုင္းေလာက္က ကိုဗစ္ကူးစက္ခံခဲ့ရတယ္လို႔သိရပါတယ္။ ကိုယ္၀န္ေဆာင္ထားရခ်ိန္မွာ ကိုဗစ္ကူးစက္ခံခဲ့ရတဲ့အတြက္ ပရိသတ္ေတြကလည္း သူမအတြက္စိတ္ပူေနၾကသလို မိသားစုမိတ္ေဆြေတြကလည္း စိုးရိမ္ပူပန္ေနၾကတာပါ……။

အခုလို ကိုယ္၀န္ႀကီးနဲ႔ကိုဗစ္ကူးစက္ခံထားရေပမယ့္လည္း ႏႈိင္းယွဥ္ျမင့္မိုရ္ဟာ ေရာဂါကိုအံတုရင္ဆိုင္ရင္း သူမေက်ာ္ျဖတ္ခဲ့ပုံေလးကို ပရိသတ္ေတြအတြက္ မွ်ေဝလာခဲ့ပါတယ္။ “ဒီေရာဂါ အေၾကာင္း ကိုယ္တစ္ကိုယ္စာ ခံစားလို႔ရသေလာက္ ေျပာျပေပးမယ္ရွင့္….ကိုယ္ဝန္ႀကီးနဲ႔မို႔ ဖစ္တာသိခ်င္ေနလို႔တဲ့…..ကြၽန္မ ေရာဂါေပ်ာက္ခါနီးမွ ကိုဗစ္ဖစ္ေနတာသိတာ

ကြၽန္မလြန္ခဲ့တဲ့ 10ရက္ေလာက္ထဲက ခါးေတြ လက္ေတြ ေပါင္ေတြ ေျခသလုံးေတြ နာတာနာတာဆိုတာအားလုံးက ကိုယ္ဝန္ဆိပ္တက္ေနတာလို႔ပဲ ေျပာၾကတယ္ကြၽန္မလည္းအဲ့လိုပဲထင္ခဲ့တာ ကိုဗစ္ ကိုယ္ထဲ ဝင္ေနတာသိေတာင္မသိခဲ့ဘူး အစားအေသာက္မပ်က္ဘူး

လူမမာႀကီးလို မေနခဲ့ဘူး ျဖစ္ေနမွန္းေတာင္မသိခဲ့ဘူးးညညက်ရင္ တုန္ပီး ခ်မ္းတက္လာတာကိုလည္းဗိုက္ႀကီးသည္မို႔ မီးယပ္ခ်မ္း ထတယ္ပဲထင္ေနခဲ့တာဘာေဆးမွလည္းမေသာက္ခဲ့ဘူး ညညက်ရင္ ေျခေတြလက္ေတြ ကိုက္ေတာ့ ေယာက္က္်ားကို ေဆးလိမ္းခိုင္းတယ္…နင္းခိုင္း ႏွိပ္ခိုင္းတယ္….။

လြန္ခဲ့တဲ့ 4ရက္ေလာက္က အာေခါင္ေတြစနာတယ္…ႏွာေခါင္းပိတ္တယ္…ကိုယ္နည္းနည္းပူတယ္….အဲ့ဒါလည္း ငါမိုးမိလို႔ တုတ္ေကြး ဖစ္တယ္ေလာက္ပဲသေဘာထားတယ္….စားစရာရွိတာကေတာ့ အရင္ကထက္ပိုစားတယ္….ပိုအိပ္တယ္….အင္တာနက္မွာ ဟာသေတြရွာၾကည့္တယ္….သရဏဂုံ ႐ြတ္ေနတယ္…ဆရာသမားေတြ ကလည္း ေမတၱာပို႔ေပးေနတယ္တဲ့…ပီးေတာ့ လြန္ခဲ့တဲ့ 2ရက္က အနံ႔စေပ်ာက္တယ္….ဘာေရေမႊးနံ႔ ဘာဟင္းနံ႔မွမရေတာ့ဘူး

မေၾကာက္ပါဘူး ႏွာေခါင္းပိတ္ေနတယ္ပဲ သေဘာထားလိုက္တယ္….အိမ္ကလူေတြနဲ႔ သူငယ္ခ်င္းေတြကေတာ့ စိုးရိမ္ၾကတာေပါ့ ကိုယ္ဝန္ႀကီးနဲ႔ဆိုေတာ့….တေန႔ ပါရာဒက္ 500 အားနဲ႔ စီဗစ္ မနက္နဲ႔ည ေသာက္တယ္….အားရွိတာေတြစားတယ္…အိပ္တယ္….ေရပုံမွန္ခ်ိဳးတယ္…ဒီေန႔မနက္ အနံ႔ျပန္ရပီ…ေနလည္းေကာင္းတယ္….ခု ေယာက္ခမက ၾကာဇံဟင္းခါးနဲ႔ ေရွာက္သီးသုပ္ ေကြၽးတယ္…ညေန အိတုံမရဲ႕ ေဟာ့ေပါ့ အေကာင္းစားလာပို႔လိမ့္မယ္….စားမယ္…အိပ္မယ္…နားမယ္….

အားလုံး စိတ္ခ်ရမွ အလုပ္ေတြျပန္လုပ္မယ္….ငါ့ဆီ ဒီေရာဂါ ေရာက္ကိုေရာက္လာႏိုင္တယ္။ဘာေဆးနဲ႔မွ မေပ်ာက္ဘူးသာမာန္ပါရာစီတေမာ့နဲ႔ပဲအဓိက အစာအဟာရမျပတ္ဖို႔နဲ႔ စိတ္ဓာတ္မက်ဖို႔ကေပ်ာက္မယ့္တစ္ခုတည္းေသာနည္းလမ္းပါပဲ အမ်ိဳးတို႔…..” တို႔ဆိုၿပီးေရးသားမွ်ေဝလာခဲ့တာျဖစ္ပါတယ္။ ပရိသတ္ေတြအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္

Unicode

ကိုယ်ဝန်ကြီးနဲ့ ကိုဗစ်ကူးစက်ခံထားရပေမယ့် အံတုပြီးရင်ဆိုင်နေတဲ့ သူမရဲ့လက်ရှိအခြေအနေတွေကို ပြောပြလာတဲ့ နှိုင်းယှဉ်မြင့်မိုရ်

နှိုင်းယှဉ်မြင့်မိုရ်ကတော့ ပြည်သူတွေနဲ့အတူ ဖေဖော်ဝါရီလအစပိုင်းကတည်းက လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သလို လှူဒါန်းမှုတွေကိုလည်း တတ်နိုင်သလောက်ပြုလုပ်ပြီး ဖေးမကူညီကာ အားလုံးနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။

နှိုင်းယှဉ်မြင့်မိုရ်ဟာ ယခုလက်ရှိအချိန်မှာဒုတိယမြောက်ကိုယ်ဝန်ဆောင်ထားရတာလည်းဖြစ်ပြီး လွန်ခဲ့တဲ့ရက်ပိုင်းလောက်က ကိုဗစ်ကူးစက်ခံခဲ့ရတယ်လို့သိရပါတယ်။ ကိုယ်ဝန်ဆောင်ထားရချိန်မှာ ကိုဗစ်ကူးစက်ခံခဲ့ရတဲ့အတွက် ပရိသတ်တွေကလည်း သူမအတွက်စိတ်ပူနေကြသလို မိသားစုမိတ်ဆွေတွေကလည်း စိုးရိမ်ပူပန်နေကြတာပါ……။

အခုလို ကိုယ်ဝန်ကြီးနဲ့ကိုဗစ်ကူးစက်ခံထားရပေမယ့်လည်း နှိုင်းယှဉ်မြင့်မိုရ်ဟာ ရောဂါကိုအံတုရင်ဆိုင်ရင်း သူမကျော်ဖြတ်ခဲ့ပုံလေးကို ပရိသတ်တွေအတွက် မျှဝေလာခဲ့ပါတယ်။ “ဒီရောဂါ အကြောင်း ကိုယ်တစ်ကိုယ်စာ ခံစားလို့ရသလောက် ပြောပြပေးမယ်ရှင့်….ကိုယ်ဝန်ကြီးနဲ့မို့ ဖစ်တာသိချင်နေလို့တဲ့…..ကျွန်မ ရောဂါပျောက်ခါနီးမှ ကိုဗစ်ဖစ်နေတာသိတာ

ကျွန်မလွန်ခဲ့တဲ့ 10ရက်လောက်ထဲက ခါးတွေ လက်တွေ ပေါင်တွေ ခြေသလုံးတွေ နာတာနာတာဆိုတာအားလုံးက ကိုယ်ဝန်ဆိပ်တက်နေတာလို့ပဲ ပြောကြတယ်ကျွန်မလည်းအဲ့လိုပဲထင်ခဲ့တာ ကိုဗစ် ကိုယ်ထဲ ဝင်နေတာသိတောင်မသိခဲ့ဘူး အစားအသောက်မပျက်ဘူး

လူမမာကြီးလို မနေခဲ့ဘူး ဖြစ်နေမှန်းတောင်မသိခဲ့ဘူးးညညကျရင် တုန်ပီး ချမ်းတက်လာတာကိုလည်းဗိုက်ကြီးသည်မို့ မီးယပ်ချမ်း ထတယ်ပဲထင်နေခဲ့တာဘာဆေးမှလည်းမသောက်ခဲ့ဘူး ညညကျရင် ခြေတွေလက်တွေ ကိုက်တော့ ယောက်က်ျားကို ဆေးလိမ်းခိုင်းတယ်…နင်းခိုင်း နှိပ်ခိုင်းတယ်….။

လွန်ခဲ့တဲ့ 4ရက်လောက်က အာခေါင်တွေစနာတယ်…နှာခေါင်းပိတ်တယ်…ကိုယ်နည်းနည်းပူတယ်….အဲ့ဒါလည်း ငါမိုးမိလို့ တုတ်ကွေး ဖစ်တယ်လောက်ပဲသဘောထားတယ်….စားစရာရှိတာကတော့ အရင်ကထက်ပိုစားတယ်….ပိုအိပ်တယ်….အင်တာနက်မှာ ဟာသတွေရှာကြည့်တယ်….သရဏဂုံ ရွတ်နေတယ်…ဆရာသမားတွေ ကလည်း မေတ္တာပို့ပေးနေတယ်တဲ့…ပီးတော့ လွန်ခဲ့တဲ့ 2ရက်က အနံ့စပျောက်တယ်….ဘာရေမွှေးနံ့ ဘာဟင်းနံ့မှမရတော့ဘူး

မကြောက်ပါဘူး နှာခေါင်းပိတ်နေတယ်ပဲ သဘောထားလိုက်တယ်….အိမ်ကလူတွေနဲ့ သူငယ်ချင်းတွေကတော့ စိုးရိမ်ကြတာပေါ့ ကိုယ်ဝန်ကြီးနဲ့ဆိုတော့….တနေ့ ပါရာဒက် 500 အားနဲ့ စီဗစ် မနက်နဲ့ည သောက်တယ်….အားရှိတာတွေစားတယ်…အိပ်တယ်….ရေပုံမှန်ချိုးတယ်…ဒီနေ့မနက် အနံ့ပြန်ရပီ…နေလည်းကောင်းတယ်….ခု ယောက်ခမက ကြာဇံဟင်းခါးနဲ့ ရှောက်သီးသုပ် ကျွေးတယ်…ညနေ အိတုံမရဲ့ ဟော့ပေါ့ အကောင်းစားလာပို့လိမ့်မယ်….စားမယ်…အိပ်မယ်…နားမယ်….

အားလုံး စိတ်ချရမှ အလုပ်တွေပြန်လုပ်မယ်….ငါ့ဆီ ဒီရောဂါ ရောက်ကိုရောက်လာနိုင်တယ်။ဘာဆေးနဲ့မှ မပျောက်ဘူးသာမာန်ပါရာစီတမော့နဲ့ပဲအဓိက အစာအဟာရမပြတ်ဖို့နဲ့ စိတ်ဓာတ်မကျဖို့ကပျောက်မယ့်တစ်ခုတည်းသောနည်းလမ်းပါပဲ အမျိုးတို့…..” တို့ဆိုပြီးရေးသားမျှဝေလာခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်