ဗဟုသုတ

ပါချုပ်ဆရာတော်ဘုရားကြီးရဲ့ ဥာဏ်အမြော်အမြင်ရှိခဲ့ပုံ အကြောင်းတွေးရင်း မျက်ရည်ကျမိကြောင်း ဖွင့်ဟလိုက်တဲ့ ဒါယကာတစ်ဦး

မြန်မာနိုင်ငံရဲ့နေရာအနှံ့အပြားမှာ ကိုဗစ်ရောဂါတွေအလျင်အမြန်နဲ့ကူးစက်နေပြီး ကိုဗစ်ကြောင့် ပြည်သူတွေလည်း နေ့စဥ်နီးပါးသေဆုံးနေခဲ့ပါတယ်။

ယခုကိုဗစ်တတိယလှိုင်းက အခြေအနေတော်တော်လေးဆိုးရွားနေပြီး အသက်ရှူကြပ်လူနာတွေလည်းအများအပြားနေတာကြောင့် အောက်ဆီဂျင်စက်တွေလည်း အမြန်လိုအပ်နေကြပါတယ်။

အောက်ဆီဂျင်စက်မရရှိဘဲ သေဆုံးသွားတဲ့ ပြည်သူတွေလည်းရှိနေပြီး အောက်ဆီဂျင်ဖြည့်ပေးတဲ့ ဆိုင်တွေမှာလည်း လူတွေတန်းစီ​စောင့်ဆိုင်းနေရတဲ့ အခြေအနေဖြစ်နေပါတယ်။

ကိုဗစ်ဒုတိယလှိုင်းတုန်းကတော့ အမေစုအစိုးရနဲ့ အလွှာအသီးသီးက ပြည်သူတွေပူးပေါင်းပြီး တိုက်ထုတ်ခဲ့ကြကာ ကိုဗစ်ရောဂါကိုကောင်းကောင်းထိန်းချုပ်နိုင်ခဲ့ပါတယ်။

မနှစ်ကတော့ ပါချုပ်ဆရာတော်ဘုရားကြီးဟာ အောက်ဆီဂျင်စက်ကြီးတွေဝယ်ယူဖို့အတွက် သိန်း(၁၀၀၀)တိတိ လှူဒါန်းခဲ့ပါတယ်။

အနီးကပ်ပြုစုနေတဲ့ ဒါယကာတစ်ယောက်က ဉာဏ်အမြော်အမြင်ရှိရှိနဲ့အောက်ဆီဂျင်စက်ကြီးတွေဝယ်ယူဖို့အတွက် သိန်း(၁၀၀၀)လှူဒါန်းခဲ့တဲ့ ပါချုပ်ဆရာတော်ဘုရာကြီးရဲ့ အ​​ကြောင်းတွေးရင်း မျက်ရည်ကျမိကြောင်း ဖွင့်ဟလိုက်ပါတယ်။

ဒါယကာတစ်ဦးက ” Oxygen ပြတ်တာတွေကြည့်ပြီး ဆရာတော်ဘုရားကြီးရဲ့ ဥာဏ်အမြော်အမြင်ရှိတာလေး ခုမှ ပြန်စဉ်းစားပြီး ပိုကြည်ညိုရပြန်တယ်။ Covid တွေစ ဖြစ်ချိန် ဆရာတော် ဘုရားကြီး ၃ လ တခါ မနှစ်က ဝါမဆိုခင် ကျန်းမာရေး ဆေးစစ်ချက်တွေ လုပ်လေ့ရှိတယ်။

အိမ်က ဘိုးတော်ဦးမြင့်သူကလည်း ဆေးပြဖို့နဲ့ လေယာဉ် အတွက် လှူတယ်။ ဦးဇော်ဇော်ကလည်း ဆေးဖိုးအတွက် လှူတယ်။ နှစ်ယောက်လှူဆိုတော့ ဆေးဖိုး ပိုငွေတွေကို ဆရာတော်ကြီး ဆေးဖိုးတွေ ပြန်ပေးတော့ ဒါကာနှစ်ဦးစလုံးကမယူဘဲ ဆရာတော်ကြီး လိုရာ သုံးပါဆိုပြီး ပြန်လှူကြတယ်။

ဒါနဲ့ဆရာတော်ကြီး အများလှူဒါန်းတဲ့ နဝကမ္မတွေက ဘုန်းဘုန်းသုံးစရာမှမလိုတာ အများအတွက် ဖောင်ကြီးက Covid စင်တာမှာ လိုအပ်တဲ့Oxygen စက်ကြီးအတွက် သိန်း (၁၀၀၀)လှူလိုက်တယ်။ ပညာတကယ်ကို ရှိပါပေတယ်။

ဘုန်းဘုန်းက အမြဲပြောလေ့ရှိတဲ့စကားလေးတခု ရေရှည် အကျိူးရှိတဲ့ ကုသိုလ်ဘဲ ဘုန်းဘုန်း လုပ်ချင်တယ် သိလား ချမ်းမြေ့ရတယ်တဲ့။ ခု တကယ်ကို အကျိုးရှိလှပါတယ်ဗျာ။ ဆရာတော်ဘုရားကြီးတွေ အသက်ရှည်ရှည် ဖြင့် ပညာအုပ်မိုး ကာ အများအတွက် ကုသိုလ်တွေ ထပ်ပြုနိုင်ကြပါစေ ဘုရားလို့ ရှစ်ခိုးဦးတင်မိတယ်” ဆိုပြီး ရေးသားထားခဲ့ပါတယ်။