ဗဟုသုတ

ဆိုင်ရှင်အပြစ်ပေးမှာကို မမှုဘဲ မသန်စွမ်းအမျိုးသားတစ်ဦးကို ကြင်နာစိတ်အပြည့်နဲ့ ခေါက်ဆွဲခွံ့ကျွေးနေတဲ့ စားပွဲထိုးလူငယ်လေး

ဆိုင်ရှင်အပြစ်ပေးမှာကို မမှုဘဲ မသန်စွမ်းအမျိုးသားတစ်ဦးကို ကြင်နာစိတ်အပြည့်နဲ့ ခေါက်ဆွဲခွံ့ကျွေးနေတဲ့ စားပွဲထိုးလူငယ်လေး

မလေးရှား လမ်းဘေးစားသောက်ဆိုင်တစ်ဆိုင်မှာခေါက်ဆွဲ လာစားတဲ့ ကိုယ်လက် မသန်စွမ်းတဲ့ ကောင်လေးကို ဆိုင်မှာအလုပ် လုပ်တဲ့ စားပွဲထိုးကောင်လေးက အစာခွံ့ကျွေး ပြီးနောက်မှာတော့ ဒီပုံရိပ်လေးဟာ အွန်လိုင်းမှာ ပြန့်နှံ့ခဲ့ပြီးအင်တာနက် သူစွဲသူတွေကို ကြည်နူးမှု ဖြစ်ပေါ်စေ ခဲ့ပါတယ်။

ဒီသတင်းဟာ အလျင်အမြန်ပဲ လူ မှုကွန်ယက်မှာ ပြန့်နှံခဲ့ပြီး ထိမိတဲ့ ဒီပုံရိပ်လေးကို Facebook မှာ မျှဝေသူ အများအပြား ရရှိခဲ့ပါတယ်။ Andy Lau ဆိုတဲ့ လူတစ်ဦးက အဆိုပါဆိုင်မှာ လာစားရင် ထိုမြင်ကွင်းကို သဘောကျလို့ ဓာတ်ပုံရိုက်ပြီး အွန်လိုင်းမှာ မျှဝေပေးခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ အဆိုအရ ထိုလမ်းဘေး ခေါ က်ဆွဲ ဆိုင်လေးဟာ မလေးရှားနိုင်ငံ Johor Bahru မှာရှိတဲ့ လမ်းဘေးဆိုင် လေးတစ်ဆိုင်ပဲဖြစ်ပါတယ်။ပထမပိုင်းမှာစားပွဲထိုး ကောင်လေးကကိုယ်လက်မသန်စွမ်းတဲ့ ကောင်လေးရှေ့ခေါက်ဆွဲ ပန်းကန် လာချပေးခဲ့ ပါတယ်။

ပြီးတဲ့အခါ သူစားနေတာကြည့်ပြီး လက်တွေက မသန်တဲ့အတွက် ဇွန်းကိုင်ပြီးစားရတာ အဆင်မပြေတာကြောင့် ကိုယ်တိုင်ပဲ ခွံ့ကျွေးပေး ခဲ့တာပဲဖြစ် ပါတယ်။စားပွဲထိုး အလုပ်သမား လေးဟာ ရွေ့ပြောင်းအလုပ် သမားတစ်ဦး ဖြစ်ပြီး

ဆိုင်ရှင်အနေနဲ့ အခြား စားသုံးသူတွေ အပေါ် အချိန်မပေးဘဲ ဒီတစ်ယောက် ထဲပေါ်မှာပဲအချိန်ကုန်နေတာမဟုတ် ဘူးလို့ ဆိုပေမဲ့ သူ့အနေနဲ့ ဒီလုပ်ရပ်အပေါ် ရပ်တန့်ခြင်း မရှိခဲ့ပါဘူး။

ဆိုင်ရှင်က ဒဏ်ရိုက်မှာ သိနေပေမဲ့ သူရဲ့ ကြင်နာတတ် တဲ့စိတ်ကိုတော့ ဖျောက်ဖြတ်ပစ်ပုံ မပေါ်ပါဘူး။ ဒီအဖြစ်အပျက်ကို အစအဆုံးမြင်တဲ့ Andy ဟာ လူတွေရဲ့စိတ်ဓာတ် မွန်မြတ်ခြင်းမမွန်မြတ်ခြင်းက အပေါ် ယံ အဝတ်အစား၊ အသားအရောင်နဲ့ မဆိုင်ပါဘူး သူတို့ရဲ့ အတွင်းစိတ်နဲ့ပဲဆိုင်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

ဒါ့အပြင်ဒီလို စိတ်ထားမြင့်မြတ် ပြီး အကြင်နာတရားရှိတဲ့ ရွေ့ပြောင်း အလုပ်သမားလေးရဲ့ စိတ်ဓာတ်ကို ကျွန်တော် တို့တွေ ဥပမာ ယူဖို့ လိုအပ်တယ်လို့လည်း ဆိုခဲ့ပါတယ်။