ဗဟုသုတ

သားလေးမရှိတော့လို့ အိမ်အသစ်လေးမှာအတူတူမနေလိုက်ရပေမယ့် နံရံပေါ်ဓာတ်ပုံအပြည့်ချိတ်ထားပြီး သူမနားမှာပဲရှိတယ်လို့ခံစားနေတဲ့ မိခင်တစ်ဦး

ကျဆုံးသူရဲကောင်းတွေကို ကျန်ရစ်သူမိသားစုဝင်တွေက အချိန်တိုင်းသတိရနေသလို ပြည်သူတွေရဲ့ရင်ထဲမှာလည်း ဘယ်တော့မှမမေ့ကြတာဖြစ်ပါတယ်။

မတ်လ(၁၅)ရက်နေ့မှာ သူငယ်ချင်းတစ်ယောက်ကို ကာကွယ်ပေးရင်းဦးခေါင်းကျည်ထိမှန်ကာ ကျဆုံးခဲ့တဲ့ မောင်ခန့်အောင်ဖြိုးရဲ့ မိခင်ကလည်း တစ်ဦးတည်းသောသားလေးကို အမြဲသတိရနေတာဖြစ်ပါတယ်။

သားလေးကိုသတိရလာတိုင်း သူမရဲ့ခံစားချက်တွေပေါ့သွားအောင်လို့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ စာတွေရေးသားနေတာဖြစ်ပါတယ်။

သားအမိနှစ်ယောက်တည်းရှိတဲ့ဘဝလေးကနေ သားဖြစ်သူမရှိတော့တာကြောင့် မိခင်အနေနဲ့လည်း အမြဲတမ်းဝမ်းနည်းပူဆွေးနေရတာဖြစ်ပါတယ်။

သားလေးအတွက် ဝယ်ပေးထားတဲ့အိမ်အသစ်လေးမှာ အတူမနေရတော့ပေမယ့် သားလေးရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးထားတာဖြစ်ပါတယ်။

သားလေးကြိုက်တတ်တဲ့ သစ်ခွပင်လေးတွေကိုသူမလစာရမှ ထပ်စိုက်ပေးမယ်လို့လည်းရေးသားထားတာဖြစ်ပါတယ်။

ဝမ်းနဲ့လွယ်ပြီးမွေးထားရတဲ့ မိခင်တစ်ယောက်ရဲ့ ခံစားချက်တွေကို ပြည်သူတွေကကိုယ်ချင်းစာပေးနေကြတာဖြစ်ပါတယ်။

အိမ်နံရံတွေမှာတော့ သားလေးရဲ့ဓာတ်ပုံတွေကို ချိတ်ထားပြီး သားလေးပြောထားခဲ့တဲ့အတိုင်း စီစဉ်ပေးထားတာဖြစ်ပါတယ်။

သားလေးက သူမနဲ့အတူနေထိုင်တယ်လို့ မှတ်ယူပြီး သားအကြိုက်တွေ ဖြည့်ဆည်းပေးနေတာဖြစ်ပါတယ်။

သူမရဲ့တစ်ဦးတည်းသောသားလေးကိုလည်း မသေခင်ထိချစ်သွားမယ်လို့လည်း ရေးသားထားပါသေးတယ်။

သားလေးသံသရာပါဖို့အတွက် မိခင်တစ်ယောက်အနေနဲ့ တတ်နိုင်သလောက်လုပ်ဆောင်ပေးရင်း နေ့ရောညပါ သတိရနေတဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။