ဆေးခန်းမှာလူနာတွေကို ဆေးကုသပေးရင်း ကိုဗစ်ကူးစက်ခံလိုက်ရတဲ့ mrtv4 သရုပ်ဆောင် စိုပြေမြင့်ရဲ့ဖခင် ယနေ့ပဲ ကွယ်လွန်
ပရိသတ်ကြီးရေ mrtv4 မင်းသားတစ်လက်ဖြစ်တဲ့ စိုပြေမြင့်ကတော့ အရပ်ရှည်ရှည်အသားဖြူဖြူနဲ့ ကြည့်ကောင်းတဲ့ မင်းသားလေးဆိုတာ mrt4ပရိသတ်တွေဆိုရင်တော့ သိပြီးသားဖြစ်မယ်ထင်ပါတယ်
စိုပြေမြင့်က ကြည့်ကောင်းရုံသာမက သရုပ်ဆောင်ပိုင်းမှာလဲ ပီပြင်အောင်သရုပ်ဆောင်နိုင်သူဖြစ်ပါတယ်
ဇွန်လ ဒုတိယပတ်အတွင်းက သရုပ်ဆောင် စိုပြေမြင့်ရဲ့ မိဘနှစ်ပါးစလုံး COVID-19 ရောဂါ ကူးစက်ခံခဲ့ရပြီး၊ မိခင်ဖြစ်သူဟာ ရောဂါပျောက်ကင်း သွားပေမယ့် ICU ထဲမှာ ကုသမှု ခံယူခဲ့ရတဲ့ ဖခင်ဟာ ယနေ့၊ ဇူလိုင်လ ၉ ရက်နေ့မှာပဲ ကွယ်လွန်သွားပြီလို့ သိရပါတယ်။
“ကျနော် ချစ်ရတဲ့ ကျနော့် အဖေ ဒီလောကကြီးက ထွက်ခွာသွားပါပြီ။ အဖေ ကောင်းရာဘုံဘဝ ရောက်ပါစေ။ သားအမေ့ကို စောင့်ရှောက်ပေးမယ်နော် အဖေ”လို့ စိုပြေမြင့်က ဝမ်းနည်းစွာ အသိပေးထားပါတယ်။
စိုပြေမြင့်ရဲ့ ဖခင်ဟာ ဆရာဝန်တဦး ဖြစ်ပြီး၊ ဆေးခန်းဖွင့်ရင်းကနေ ရောဂါ ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။
အခုလိုမိဘတစ်ယောက်ဆုံးရှုံးရတဲ့ခံစားချက်ကို အားလုံးနည်းလည်ကြတာမို့လို့ စိုပြေမြင့်အတွက်တကယ်ပဲစိတ်မကောင်းဖြစ်ရပါတယ်
ကိုစိုပြေမြင့်ရေ ဖေဖေမရှိတော့ပေမဲ့ မေမေရှိသေးတဲ့အတွက် ဘာပဲဖြစ်ဖြစ် ဘဝကိုအရှုံးမပေးဘဲ ကြိုးစားသွားပါနော်ရှေ့ဆက်ပြီးလည်း အနုပညာလုပ်ငန်းတွေမှာ အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်