ဗဟုသုတ

ဝေဠုကျော်ရဲ့ ဖောင်ဒေးရှင်း သို့ ပရိသတ်တွေနဲ့အတူ အောက်ဆီဂျင်အတွက် အလှူငွေများ လှူဒါန်းပေးလိုက်တဲ့ မမဆောင်း

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော်ဖြစ်တဲ့ ဆောင်းအိန္ဒြေထွန်း (မမဆောင်း) ကတော့ ဒီနေ့မှာ သူ့ရဲ့ပရိသတ်တွေနဲ့အတူ အလှူလေးတစ်ခုကို ထပ်မံပြုလုပ်ခဲ့ပါတယ်။

မမဆောင်းကတော့ အမြဲတမ်းလိုလို သူ့ရဲ့ We Love အဖွဲ့ဝင်တွေနဲ့အတူ လိုအပ်တာတွေကို လိုက်လံ လှူဒါန်းပေးနေခဲ့တဲ့ သူတစ်ယောက်ပါ။

အခုတစ်ခေါက်မှာလည်း မမဆောင်းက သူ့ရဲ့ပရိသတ်တွေနဲ့အတူ စုပေါင်းလှူဒါန်းထားတဲ့ အလှူငွေတွေကို မင်းသားဝေဠုကျော်ရဲ့ ဖောင်ဒေးရှင်းမှာ ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

မမဆောင်းကတော့ လတ်တလော ကိုဗစ်ကပ်ရောဂါကြောင့် ရောဂါဝေဒနာခံစားနေရတဲ့ သူတွေအတွက် အဓိကလိုအပ်နေတဲ့ အောက်စီဂျင်အတွက် အလှူငွေ (၅) သိန်းကျပ်ကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

သွားရောက်လှူဒါန်းခဲ့တဲ့ ပုံရိပ်လေးတွေနဲ့အတူ လှူဒါန်းပေးတဲ့ အလှူရှင်တွေကိုလည်း ကျေးဇူးတင်ကြောင်းနဲ့ အခုလို မွန်မြတ်လွန်းလှတဲ့ ကာလဒါနအလှူလေးကို လှူဒါန်းချင်ရင်လည်း လှူဒါန်းနိုင်ကြောင်းကိုလည်း မမဆောင်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာ နှင့် မင်းသားဝေဠုကျော်ရဲ့ ဖောင်ဒေးရှင်း Facebook ကနေ မျှဝေဖော်ပြထားခဲ့ပါတယ်။

ပရိသတ်ကြီးတွေလည်း မမဆောင်းနဲ့ သူ့ရဲ့ပရိသတ်တွေ လှူဒါန်းတဲ့ မွန်မြတ်လှတဲ့ ကာလဒါနအလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။