ဟေတီ၊ ဇူလိုင် ၉
ဟေတီသမ္မတ Jovenel Moise ကို ဗုဒ္ဓဟူးနေ့ နံနက်စောစောပိုင်းက လုပ်ကြံသတ်ဖြတ်ခဲ့သည့် လက်နက်ကိုင်လူစုအနက် အများစုကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ဟေတီအာဏာပိုင်များက သတင်းထုတ်ပြန်သည်။
ယင်းအဖွဲ့တွင် ကိုလံဘီယာနိုင်ငံသား ၂၆ ဦးနှင့် ဟေတီ-အမေရိကန်ကပြား ၂ ဦးတို့ဖြစ်ကြကြောင်းသိရသည်။ ယင်းတို့တွင် ကိုလံဘီယာ စစ်တပ်မှ တပ်ထွက်များလည်းပါဝင်ကြောင်းသိရသည်။
ယင်းတို့အနက် ၁၇ ဦးနှင့် ဖမ်းဆီးရမိသော လက်နက်များ နိုင်ငံကူးလက်မှတ်များတို့ကို သတင်းထောက်များအား သတင်းစာရှင်းလင်းပွဲတွင်ထုတ်ဖော်ပြသခဲ့သည်။ အသေဖမ်းဆီးရမိသူများလည်းရှိပြီး ထွက်ပြေးလွတ်မြောက်နေသူများလည်း ရှိသေးကြောင်း ဟေတီတာဝန်ရှိသူများကဆိုသည်။
“ကျွန်တော်တို့ သမ္မတကိုလုပ်ကြံဖို့ နိုင်ငံခြားသားတွေ ကျွန်တော်တို့နိုင်ငံကို ရောက်လာကြတာပါ”ဟု ဟေတီနိုင်ငံ ရဲချုပ် လီယွန်ချားလ်စ်က သတင်းစာရှင်းလင်းပွဲတွင်ပြောကြားသည်။
Ref: Ex-Colombian military, Haitian Americans among 28 people suspected in killing of Haiti president
Photo: AP, Reuters