ကလေးဝ ဆရာတော် ဘုရားကြီး၏ ကြက်သီးထ လောက်အောင်မှန်နေ တဲ့အနာဂါတ် မြန်မာပြည် ဟောစာတမ်းများ
တိုင်းပြည်အနာဂါတ် အတွက် ဘောင်းဘီဝတ်တွေ လာလိမ့်မည်ဘုရားအဆူဆူမှာ စစ်ဖိနပ်သံတွေ ကြားရလိမ့်မည်။ရေစက်ခွက်ကိုင်လည်း ဘောင်းဘီဝတ်တွေပဲ..။(၂၀၀၀)နှစ်ထောင် ခုနှစ်မှစ၍ မြတ်ဘုရား၏သာသနာကိုသကြားကူလို့..စောင့်ရှောက်္မည်နဂါးတွေကို သာသနာကူဖို့..သကြားတာဝန်ပေးလိုက်ပြီ..။
ကပ်ဆေးလိမ့်မည်..။အမည်အသစ်နဲ့အနာရောဂါတွေ ပေါ်လာမယ် ။ ကူးစက်မြန်သည့်ကာလဝမ်း အနာမျိုးလိုပဲ..။ပိုးမွှားအနာပေါ့လေ ။ရေတွေကြီးမယ် ။မီးတွေလောင်မယ်..။မြေကမ္ဘာမှာမီးတောင်သေတွေ ပြန်ရှင်မယ်..။ အစုလိုက်အပုံလိုက် သေကျေ ပျက်စီးမယ် အခွန်ဘဏ္ဍာတွေကြက်အစာကောက်သလိုဇလုတ်မောက်အောင် ကောက်လိမ့်မည် ။
ချစ်တီးခေါင်း လယ်ထွန်မယ် ။များများချမ်းသာချင်သူတွေ များများဒုက္ခရောက်္မယ် ဂုမ္ဘဏ် ဘီလူးတပ်တွေလူ့ပြည်ကိုဝင်စီးမယ်သဘာဝဘေး နဲ့ အတူ စစ်ဘေးတွေ ပါလာလိမ့်မယ် ။တစ်ကျပ်မှာ တစ်မတ်ပဲ ကျန်မယ် အဖေကလည်း သားကို မကယ်နိုင် သားကလည်း အဖေကို မကယ်နိုင်..။
ခေတ်ဆိုးကာလဆိုးနဲ့ ကြုံလိမ့်မယ် ကပ်ကြီးသုံးပါး လာလိမ့်မယ် သရဏဂုံ တည်ကြ ။ ငါး ပါးသီလ မြဲကြ ။ ခေတ်ဆိုးကြီးလာမယ် ။ ဆိုးပြီးပျက်ပြီးမှ မင်းကောင်းမင်းမြတ် ထူးခြားစွာပေါ်မယ် ။ မှီအောင်ကြိုးစားကြမြန်မာတွေစိတ်ရောကိုယ်ပါချမ်းသာပြီး..သေသည့်လူတွေကို သတိတရ ရှိမယ်..။
ဒုတိယ အမေရိကန် ဖြစ်မယ် ။ တစ်ရာ့တစ်ပါးလူမျိုးတွေလာရောက်ပြီး ဉီးခိုက်လိမ့်မည် ။သာသနာ အရောင်အဝါ ကမ္ဘာကို ပြန်လင်းမယ် ။ မှီအောင်ကြိုးစားကြ..။ မင်းလေးပါးစုံ ရွှေတိဂုံကိန်း ပေါ်လိမ့်မည်။တရုတ်၊အိန္ဒိယ၊ အမေရိကန်၊မြန်မာ ၊မင်းလေးပါး၏ ဉာဏ်ရည် စစ်ပွဲတွေ ရှိတယ်။နောင်ပေါ်မည့်မင်းသည်
ဓမ္မရာဇာမင်းပဲ တရားစောင့် လိမ့်မည် စကြာမင်းကဲ့သို့ ဘုန်းကြီးမယ် ။ လူစွမ်းကောင်းလေးယောက်ရောက်ပါမည် ။ တစ်ယောက်က မြေကြောရှုံ့နိုင်၏ ။တစ်ယောက်က ဩဇာတိက္ခမ ကြီး၏..။တစ်ယောက်က အရပ်လေးမျက်နှာမှ..ရန်သူအပေါင်းကို ဖြိုခွင်းနိုင်၏ ။
တစ်ယောက်ကပြဒါးသေပြီး တိုင်းပြည်အဝန်း ဝလင်စွာကျွေးနိုင်၏ ။ပဒေသာပင်သီးသည့်ခေတ်ကြီးပြန်ရောက်လိမ့်မည် ယခုမြင်နေရသည့်တောင်တွေဟာ စိန်တောင် ရွှေတောင်ပတ္တမြားတောင်တွေပဲ
အဲ့ဒီခေတ်ကြီးကို မှီအောင်ကြိုးစားကြ ။ ယုံကြည်ရင် ပတ္တမြား ၊ မယုံကြည်ရင် အလကား ၊ဝိဇ္ဇာ စကားဆို တာ..အမှန်နဲ့အမှား အချိန်ကာလခြားမှ သိရမည် ။ အဘိုးကလေးဝဆရာတော် ။
မှတ်စု မူရင်းအတိုင်းဗဟုသုတအဖြစ်နှင့်ဖေါ်ပြလိုက်ပါသည် ။ ဆရာတော်ကြီး၏ သီလဂုဏ်၊ပညာဂုဏ် သမာဓိဂုဏ်တို့ကို ရိုသေစွာ ကန်တော့ပါ၏