ဗဟုသုတ

အိမ်သားတွေ နေမကောင်းဖြစ်နေရင် ရှောင်ရမယ့် အစားအသောက် စာရင်းများ

နေမကောင်း ဖြစ်နေ တဲ့ အချိန် မှာ ရှောင်ရမယ့် အစားအစာ တွေ ရှိပါတယ်။ အိမ်ရှင်မ တွေ သာမက အိမ်သား အားလုံး သိထား မှ တစ်ဦး နဲ့ တစ်ဦး စောင့်ရှောက် နိုင် မှာပါ။ လူတစ်ယောက် နဲ့ တစ်ယောက် ကိုယ်ခံအား ခံနိုင်စွမ်း မတူ ပေမယ့် သတိထား ရှောင်လိုက် တာ အကောင်းဆုံး ပါ။

နေမကောင်း ဖြစ်လာတဲ့အခါ အားရှိတဲ့ အစားအစာများ စားသောက်ပေးသင့်ပြီး တခါတလေမှာ အမှတ်မထင်ပဲ ကိုယ့်ရဲ့ ရောဂါအခြေအနေနဲ့ မတည့်တဲ့ အစားအသောက်တွေကို စားသောက်မိတတ်ပါတယ်။ ဒါ့ကြောင့် နေမကောင်းဖြစ်လာတဲ့အခါ ကိုယ့်ရဲ့ ရောဂါအခြေအနေပေါ် မူတည်ပြီး ရှောင်ကြဉ်ရမယ့် အစားအသောက်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

နှာစေးနေလျှင် ငှက်ပျောသီး၊ လိမ္မော်သီး၊ ရေခဲ၊ ဆိတ်သား၊ ဆေးလိပ် နှင့် အရက် အစရှိတဲ့ အအေးစာတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။ ချောင်းဆိုး နေလျှင် ရေခဲမုန့်၊ လိမ္မော်သီး၊ ဆီကြော်စာ၊ အကင်၊ အစပ်၊ မြေပဲ၊ အရက် နှင့် ချိုသော အစားအစာ များ ကို ရှောင်ကြဉ်သင့်ပါတယ်။

ရုတ်တရက် အစာအိမ်ယောင်လျှင် အကြော်အလှော်၊ အရက်၊ ငရုပ်သီး နှင့် ကောက်ညှင်း နဲ့ မာကြောတဲ့ အစားအစာများကို ရှောင်ကြဉ်ရပါမယ်။ နာတာရှည် အစာအိမ်ရောင်တဲ့အခါမှာတော့ ကောက်ညှင်း၊ အသုတ်၊ အချဉ်ဖောက် ထား သော အစာများ ကို အမြဲရှောင်သင့်ပါတယ်။

အူရောင်နေလျှင် ငှက်ပျောသီး၊ မာလာကာသီး ကဲ့သို့ မာကြောသော သီးနှံများကို ရှောင်ကြဉ်ရပါမယ်။ အသည်းရောဂါဖြစ်နေလျှင် ငန်း (ကြက်၊ဘဲ) အရေခွံ၊ ဝက်သားဆီ၊ဆေးလိပ် နှင့် အရက် ဖြစ်ပြီး အရေးကြီးဆုံး က အိပ်ရေးပျက်ခံ လို့ မရပါ။

နှလုံးရောဂါ ဖြစ်လျှင် ကယ်လိုရီများ သော အစာ နှင့် ငန်သော အစားအစာ များ ၊ ကျောက်ကပ်ရောဂါ ဖြစ်နေလျှင် ဘီယာ၊ အချိုရည်၊ ငါးခြောက် နှင့် မျှစ်ခြောက်တို့ကို ရှောင်ကြဉ်သင့်ပါတယ်။ ဆီးချို ရောဂါ ဖြစ်လျှင် အချို စာ၊ အရက်၊ အဆီများ သော အစာ၊ ဆီကြော်စာ နှင့် အကင် တို့ကို ရှောင်ကြဉ်သင့်ပါတယ်။

သွေးအားနည်းနေလျှင် တရုတ်နံနံ ကို ရှောင်ကြဉ်သင့်ပါတယ်။ သွေးတိုးရောဂါဆိုရင် အငန်ဓာတ် များသော အစာ၊ ဥအနှစ်၊ တိရိစ္ဆာန် ကလီစာ တို့ကို ရှောင်ကြဉ်သင့်ပါတယ်။အစာအိမ်နာဖြစ်လျှင် ပဲမျိုးစုံ၊ ကညွတ်၊ ဆားစိမ်သော ဟင်း၊ ကောက်ညှင်း၊ အရက်၊ နာနတ်သီး၊ ငရုတ်သီး နှင့် မာလာကာသီး တို့ကို ရှောင်ကြဉ်ရပါမယ်။ အရိုးကာအမြှေးရောင်နာ ဖြစ်လျှင်ငှက်ပျောသီး၊ ကညွတ်၊ အရက်၊ ငရုတ်သီး တို့ကို ရှောင်ကြဉ်သင့်ပါတယ်။

လိပ်ခေါင်းရောဂါ ဖြစ်လျှင် အရက်၊ ဆေးလိပ်၊ အစပ် နှင့် ဆီကြော်စာ များကို ရှောင်ကြဉ်သင့်ပါတယ်။ လေးဖက်နာရောဂါ ဖြစ်လျှင် ဘီယာ၊ ငှက်ပျောသီး နှင့် အသားများ၊ အရေပြား Allergic ဖြစ်လျှင် ပင်လယ်စာ၊ ပိန်းဥ၊ ၊ ရေခဲ၊ လိုင်ချီးသီး နှင့် သရက်သီးတို့ကို ရှောင်ကြဉ်သင့်ပါတယ်။ အာရုံကြောအားနည်းလျှင် ငရုပ်သီး၊ အရက်၊ ကော်ဖီ၊ ကြက်သွန်နီ နှင့် ကြက်သွန်ဖြူတို့ကို ရှောင်ကြဉ်သင့်ပါတယ်။

ကိုယ့်ရဲ့ ရောဂါအခြေအနေနဲ့ ကိုယ်ခံစားနေရတဲ့ ဝေဒနာတွေပေါ် မူတည်ပြီး ရှောင်ကြဉ်ရမယ့် အစားအသောက်များကို ဖော်ပြပေးလိုက်ရပါတယ်နော်။

အစာလည်းဆေး ဆေးလည်းအစာဖြစ်တာကြောင့် အခုလို ကပ်ရောဂါတွေ ဖြစ်ပွားနေတဲ့ကာလမှာ ကိုယ်ခံအားတိုးတက် ကောင်းမွန်စေရန်အတွက် အားရှိစေမယ့် အစားအသောက်များကိုလည်း စားသောက်သင့်တဲ့အကြောင်း ပြောကြားရင်း နိဂုံးချုပ်လိုက်ရပါတယ်ရှင်။ အဆုံးထိ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။