ဗဟုသုတ

ကောလဟာလတွေကြောင့် အလှူခံတဲ့ကိစ္စကို ရပ်နားပါတော့မယ်ဆိုတဲ့ ထားထက်ထက်

မော်လ်ဒယ်သရုပ်ဆောင် ထားထက်ထက်ကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်ကာ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာ အားကြိုးမာန်တက် ပါဝင်နေသလို လှူဒါန်းမှုတွေ ပြုလုပ်ပြီးတော့ တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်ပါဝင်နေသူပဲ ဖြစ်ပါတယ်..။

ဖေဖော်ဝါရီလ အစပိုင်းကတည်းက အားလုံးနဲ့အတူ ရပ်တည်နေတဲ့ ထားထက်ထက်ကတော့ လက်တလောမှာ တော်လှန်ရေးနယ်မြေတစ်ခုကို ရောက်ရှိနေပြီး အခက်အခဲတွေကြားက ကြိုးစားတိုက်ပွဲဝင်နေတဲ့အကြောင်း ပြောပြဖူးပါတယ်..။

တော်လှန်ရေးနယ်မြေတစ်ခုကို ရောက်ရှိနေတာ တစ်လကျော်ပြီဖြစ်သလို ခိုင်မာပြတ်သားတဲ့ သူမရဲ့ ယုံကြည်မှုတွေနဲ့ ခံယူချက်တွေကို ထားထက်ထက်က ပြောပြထားတာ ဖြစ်ပါတယ်..။

ပိုင်ဆိုင်မှုတွေအကုန် စွန့်လွှတ်ခဲ့ပြီးတဲ့ အချိန်မှာ ဆုံးရှုံးစရာဆိုတာ ဘာမှမရှိတော့ပါဘူး ဆိုပြီးတော့လည်း အရေးတော်ပုံကြီးမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ရင်း စွန့်လွှတ်ကြိုးစားနေတဲ့ အကြောင်းတွေကိုလည်း ပြောပြထားပါသေးတယ်..။

ခုအချိန်မှာတော့ သူမ အလှူခံရတဲ့ငွေကြေးတွေနဲ့ပတ်သက်ပြီး ကောလဟာလတွေ ပျံ့နှံ့လာတာကြောင့် အခုလိုပဲ ပြန်လည် ရှင်းလင်းထားပါတယ်။

စခန်းမှာ ထပ်တိုးလာတဲ့သူတွေ အတွက်ရယ် စခန်းရဲ့ဖွံဖြိုးတိုးတက်လာဖို့ အတွက်ရယ် နေစရာ ၊ ဝတ်စရာ နဲ့ စားစရာတွေ လိုအပ်လာတာသိလို့ အလှူငွေအတွက် ကြိုးစားတဲ့အခါ

ကိုယ့်လွတ်လပ်မှုကို စတေးရပါတယ်…..

လုံခြုံရေးစည်းကျိုးပေါက်သွားတဲ့အခါ ၊ဒလံက ကိုယ့်အရေးပေါ်ပြေးလမ်းပါ သတင်းပေးလိုက်တဲ့အခါကိုယ်ရှောင်တိမ်းဖို့ ပြင်ထားတဲ့နေရာရဲ့( စခန်းတခုလုံးရဲ့လုံခြုံရေးအရ ) ဒုတိယစီမံချက်ကို

လိုက်လျှောက်ရတယ်…

အဲ့ဒီ အချိန်အထိလဲ အလှူရသမျှ စခန်းအတွက်ကောက်ခံပေးနေတုန်းပဲ…..

အလှူငွေနဲ့ ပတ်သက်လို့ ကျွန်မ crypto currency ကို အဖွဲ့တခုရဲ့ mail နဲ့ ဖွင့်ထားလို့

သူတို့နဲ့ ဆက်သွယ်ပြီး စိတ်ကြိုက်စစ်ဆေးနိုင်ပါတယ်….

(messenger မှာမေးလို့ရပါတယ်)

စင်္ကာပူက ရသမျှ ပို့တဲ့ အမထံ ငွေစာရင်းထားရှိပါတယ်။

ကျွန်မ ငွေ မကိုင်ပါ..…

ကိုရီးယားက အမထံ ငွေစာရင်းထားရှိသလို ရသမျှ အမ မရွှေမိုး အသိဆုံးမို့ အများကို အသိပေးတဲ့ငွေနဲ့ စာရင်းတိုက်စစ်နိုင်ပါတယ်….

ဂျပန် ၊ ယူကေ ၊ အမေရိက ၊ ဩစတြေးလျ တာဝန်ခံပေးတဲ့ အကို အမ တွေနဲ့ ကျွန်မ page မှာ ကြေငြာထားတာနဲ့ စာရင်း အချိန်မရွေး တိုက်ဆိုင် စစ်ဆေး နိုင်ပါတယ်…..

အလှူရငွေ ကျပ် သိန်း ၁၁၀၀ ဝန်းကျင်ကို တကယ်လိုအပ်နေတဲ့ လူသားချင်းစာနာမှု အထောက်အကူပြု ပစ္စည်းတွေမှာ အသုံးပြုခဲ့ပါတယ်။

တာဝန်ယူကောက်ခံပေးတဲ့ အကို အမ တွေ နဲ့ လက်ခံရရှိသူတွေ တိုက်ရိုက်မေးလို့ ရပါတယ်….

အလှူလက်ခံသူတွေ ညွှန်းတဲ့ ဆိုင်မှာပဲ ပစ္စည်းတွေ မှာယူခဲ့ပြီး ကျွန်မ လက်ခံရရှိတဲ့ အလှူစာရင်းကို အားလုံး မြင်နေရပါတယ်….

မြန်မာကျပ်ငွေကို July လ မှာ စတင်လက်ခံပြီးယခု အချိန်အထိ သိန်း ၁၀၀ ဝန်းကျင်ရှိပါတယ်…..

မြန်မာကျပ်ငွေအလှူဟာ အလှူရှင်တွေအတွက် လုံခြုံရေးပြသနာ ရှိနေတဲ့ အတွက် သတိကြီးကြီးထားပြီး အလှူငွေရဖို့ထက် အလှူရှင်အန္တရာယ် မဖြစ်အောင် တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်ပါတယ်…..

ကျွန်မ မဖြစ်မနေ ဆောင်ရွက်ရန်ရှိတဲ့ ကိစ္စတချို့ကြောင့် ပထမဆုံးရှိနေခဲ့တဲ့ စခန်းနဲ့ အဝေးရောက်နေရင်ရောက်နေမယ်…..

ဒါပေမယ့် ကိုယ်တတ်နိုင်တာကို ဆက်လက်ဆောင်ရွက်ပေးနေပါသေးတယ်….

အဓိက လိုအပ်နေတဲ့ လိုအပ်ချက်တွေ အတွက် ပိုကောင်းတဲ့ အဖြေတွေ ရှာပေးနေပါသေးတယ်…..

အခုအထိလဲ လုပ်ဆောင်နေသလို အဖြေလဲ ရှာပေးနေပါတယ်…..

ဘာလို့ ဒီလိုရေးနေရလဲဆိုတော့ ဒီရက်ပိုင်းမှာ ကျွန်မ စိတ်ကို နာကျင်စေတဲ့ ကိစ္စတခုရှိနေလို့ပါပဲ…

အဲ့ဒါကတော့… ကျွန်မ ပထမ စခန်းကနေ အခြားနေရာတခုကို ရှောင်တိမ်းခဲ့ပြီး ရက် ၂၀ လောက်မှာ စခန်းက သတင်းတခု ကျွန်မ အသိညီမတစ်ယောက်ဆီကို ရောက်လာပါတယ်…..

ပြီးခဲ့တဲ့ (၇) ရက်လောက်မှာ ဂျပန်က မိတ်ဆွေ တစ်ယောက်ရဲ့ အသိက messenger မှာသတင်းတခု ပေးလာပါတယ်…..

ဒီရက်ပိုင်းမှာပဲ နိုင်ငံတခုက အလှူအတွက် အကူအညီတောင်းခံထားတဲ့ သူဆီက သတင်းတခု ထပ်ရောက်လာပါတယ်…..

သတင်းကတော့ တခုထဲပါ…

ကျွန်မဆီကိုလှူရင် အလှူငွေက ၃ ပုံ ၁ ပုံပဲ စခန်းဆီ ရောက်တယ် ဆိုတဲ့ သတင်းပါပဲ…..

နေရာတွေသာ ကွဲတာ သတင်းက လုံးဝကို တခုထဲ ပါပဲ…..

ကျွန်မ အလှူစကောက်တဲ့ အချိန်ကစလို့ June လကုန် အထိ သိန်း ၁,၁၀၀ ရပြီး အကုန်ပြန်လှူဒါန်းပြီးပါပြီ…..

စခန်း တာဝန်ခံသည် အရောင်းသမား ဆီမှာ လိုတဲ့ပစ္စည်း ယူရုံပါပဲ…..

ငွေတော့ သူတို့ လက်ထဲ မထည့်ပေးပါဘူး။

ဆိုင်ရှင်က စခန်းတာဝန်ရှိသူ ညွှန်တဲ့ ဆိုင်ရှင်ပါပဲ…

ပစ္စည်းယူတဲ့အခါမှာ Covid ကိစ္စကြောင့်နဲ့ အခြားလုံခြုံရေးကိစ္စတွေကြောင့် (ငွေအကျေချေပြီးသား) ချက်ချင်းမရောက်နိုင် ပိတ်မိနေတာမျိုးတွေလဲ ရှိပါတယ်။

ကျွန်မတို့ ပစ္စည်းမှာယူ ပို့ဆောင်ရေးလမ်းကြောင်းပေါ်မှာ ဖြစ်ပေါ်နေတဲ့အရာတိုင်းကို public ထံ အသေးစိတ် ရှင်းပြ ချပြလို့မရတာတွေလဲ ရှိပါတယ်…

ကျွန်မ အာမခံနိုင်တာက အခုလှူပေးနေကြတဲ့သူတွေက ကိုယ့်မိသားစု စားမယ့်ထမင်း ၂ လုပ်ထဲက ၁ လုပ်ကိုလျှော့စားပြီး လှူနေကြတာဖြစ်တဲ့အတွက်ကျွန်မ အသက်သာအသေခံမယ် ဘယ်တော့မှ ကျွန်မကိုယ်ကျိုးအတွက် အလှူငွေ ထဲက တပြားတချပ် တောင် အသုံးမပြုပါဘူး။

ကျွန်မတို့စခန်းဆီကိုလှူတဲ့ပစ္စည်းတွေထဲက ကျွန်မ အတွက် သုံးမိတာ အင်္ကျီ ၂ ထည် နဲ့ ခြင်မကိုက်ဆေး ၁ ဘူးပါပဲ…..

ကျွန်မ အတွက် ကိုယ်ရေး ကိုယ်တာ သုံးဖို့ ပေးတဲ့ မုန့်ဖိုးကိုတောင်အများအတွက် သုံးဖို့ပဲ အလှူထဲ ထည့်ပါတယ်…

ကိုယ်တိုင်လဲ အလွဲသုံးစား မလုပ်သလိုအလေအလွင့် မဖြစ်ရစေအောင် တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်ပါတယ်…..

ကိုယ့်စခန်းမှာ လိုအပ်တာတွေ အမြန်ဆုံးနဲ့အရင်ဖြည့်နေရင်း ၊ကိုယ့်စခန်းတခုသာမက အခြားစခန်းတွေအတွက်ပါ ကူနိုင်အောင်ကြိုးစားရင်း ၊ကိုယ် ကြိုးစား သည်းခံသမျှ ဒီလို အထင်လွဲ ပြောဆိုခံရမှုနဲ့ ထိုက်တန်တယ်လို့ မထင်ပါဘူး…..

ဒါကြောင့်မို့လို့ ဒီလ ကုန်ရင် စခန်းအတွက် ကျွန်မ အလှူခံတဲ့ကိစ္စကို ရပ်နားပါတော့မယ်…..

ကျွန်မ လုပ်နိုင်တဲ့ ၊ ကျွန်မ တတ်နိုင်တဲ့ အခြားအရာတွေ ဆက်လုပ်သွားပါမယ်…

ကျွန်မလက်ရှိ ဆောင်ရွက်လျက်ရှိနေတဲ့ အလှူကိစ္စကို NUG နဲ့ EAO ကိုအထောက်အကူပြုမယ့် ရည်ရွယ်ချက်ကိုပဲ အာရုံစိုက် ဆောင်ရွက်သွားပါတော့မယ်…

ကျွန်မ ယုံကြည်ချက်နဲ့ ကျွန်မ ဆောင်ရွက်ခဲ့တဲ့ ကိစ္စတွေ ဖြစ်လို့ ချီးကျူးသံ ၊ လက်ခုပ်သံတွေ မရရင်လဲ နေတတ် ၊ ကျေနပ်ပြီးသား ဖြစ်သလိုစိတ်ကိုလဲ ပြင်ဆင်ပြီးသား ဖြစ်ပါတယ်…ဒါပေမယ့် သိက္ခာပိုင်းအရ ထိခိုက်မှု ၊ တွန်းတိုက်မှုကိုတော့ ဘယ်နည်းနဲ့မှ ခွင့်လွှတ်လက်ခံမှာ မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်…

တချို့တွေက စေတနာနဲ့ မတန်ဘူး မဟုတ်လား…

ထားထက်ထက်