ဗဟုသုတ

အောက်ဆီဂျင်ထည့်ပေးလို့ရမလားဆိုပြီး မျက်နှာငယ်လေးနဲ့ လာမေးရှာတဲ့လူသုံးယောက်ကို ထမင်း၊ ဟင်းပါကျွေးပြီး ကူညီပေးလိုက်တဲ့ ပြည်သူတစ်ဦး

COVID-19 ကူးစက်ရောဂါပိုးကတော့ အမြို့မြို့၊အနယ်နယ်မှာ ပြန့်နှံ့နေပြီး ပြည်သူတွေလည်း ရောဂါမကူးအောင်လို့ အိမ်ထဲမှာပဲနေထိုင်နေကြတာဖြစ်ပါတယ်။

ဒါ့အပြင် ကိုဗစ်ကြောင့် သေဆုံးလူနာတွေများပြားလာပြီး အောက်ဆီဂျင်ဝယ်ရတာကလည်း အရမ်းရှားပါးလာတာဖြစ်ပါတယ်။

အောက်ဆီဂျင်တစ်အိုးကိုလည်း စျေးကြီးပေးဝယ်နေရတာကြောင့် တချို့မပြည့်စုံတဲ့ပြည်သူတွေဆိုရင် အောက်ဆီဂျင်မရတော့ဘဲ ကွယ်လွန်သွားခဲ့ရရှာတာဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း စေတနာရှင်ပြည်သူတစ်စုက အောက်ဆီဂျင်တွေဝယ်ပြီး လိုအပ်သူတွေကို ကူညီပေးနေကြတာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ကလေးမြို့မှာလည်း ကိုဗစ်လူနာတွေတစ်နေ့ထက်တစ်နေ့ တိုးပွါးနေပြီး သေဆုံးသူတွေလည်းအများအပြားရှိပါတယ်။

ဒေသခံပြည်သူတွေကတော့ လူနာတွေအတွက် အောက်ဆီဂျင်ကို မရမကလိုက်ရှာပြီး ဝယ်နေရတဲ့အခြေအနေဖြစ်ပါတယ်။

အခုဆိုရင်လည်း အောက်ဆီဂျင်ရောင်းချနေတဲ့သူက သူ့ဆီမှာ အောက်ဆီဂျင်လာထည့်ကြတဲ့ ပြည်သူတွေကို တတ်နိုင်သလောက်ကူပေးခဲ့တာဖြစ်ပါတယ်။

သူ့ထက်အသက်ကြီးပုံပေါ်တဲ့ ပြည်သူသုံးယောက်က “အစ်ကိုရေ အောက်ဆီဂျင်လေးထည့်ပေးလို့ရမလား”ဆိုပြီး မျက်နှာငယ်လေးနဲ့ လာမေးရှာတာဖြစ်ပါတယ်။

ဆိုင်ရှင်လည်း အရမ်းပင်ပန်းနေပေမယ့် သနားငဲ့ညှာပြီး အိုးအကျန်တွေထဲကရအောင်ရှာကာ ထည့်ပေးလိုက်တာဖြစ်ပါတယ်။

အောက်ဆီဂျင်ထည့်နေချိန်မှာပဲ လာဝယ်တဲ့ပြည်သူသုံးယောက်က“အောက်ဆီဂျင်ပတ်ရှာနေတာဘယ်မှာမှ မရဘူး အခုရလို့တော်သေးတာပေါ့”ဆိုပြီး သူတို့အချင်းချင်းပြောနေကြတာဖြစ်ပါတယ်။

လာဝယ်တဲ့သူတွေလည်း နေရာအနှံ့လိုက်ရှာရတာကြောင့် ထမင်းမစားရသေးတာနဲ့ ပလက်ဖောင်းလေးပေါ်မှာ ထမင်းထုပ်လေးတွေဖွင့်ပြီးစားနေကြတာဖြစ်ပါတယ်။

ဒါကိုမကြည့်ရက်တော့တဲ့ ဆိုင်ရှင်က အိမ်မှာရှိတဲ့ ထမင်း၊ဟင်းတွေကို သွားယူပြီး စေတနာအပြည့်နဲ့ကျွေးခဲ့တာဖြစ်ပါတယ်။

အခုလိုမျိုး တစ်ဦးစေတနာ၊ တစ်ဦးမေတ္တာ ထားပေးတတ်တဲ့ဆိုင်ရှင်ရဲ့စိတ်ဓာတ်ကို လေးစားမိလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

(Zawgyi)

ေအာက္ဆီဂ်င္ထည့္ေပးလို႔ရမလားဆိုၿပီး မ်က္ႏွာငယ္ေလးနဲ႔ လာေမးရွာတဲ့လူသုံးေယာက္ကို ထမင္း၊ဟင္းပါေကြၽးၿပီး ကူညီေပးလိုက္တဲ့ ျပည္သူတစ္ဦး

COVID-19 ကူးစက္ေရာဂါပိုးကေတာ့ အၿမိဳ႕ၿမိဳ႕၊အနယ္နယ္မွာ ျပန႔္ႏွံ႔ေနၿပီး ျပည္သူေတြလည္းေရာဂါမကူးေအာင္လို႔ အိမ္ထဲမွာပဲေနထိုင္ေနၾကတာျဖစ္ပါတယ္။

ဒါ့အျပင္ ကိုဗစ္ေၾကာင့္ ေသဆုံးလူနာေတြမ်ားျပားလာၿပီး ေအာက္ဆီဂ်င္ဝယ္ရတာကလည္း အရမ္းရွားပါးလာတာျဖစ္ပါတယ္။

ေအာက္ဆီဂ်င္တစ္အိုးကိုလည္း ေစ်းႀကီးေပးဝယ္ေနရတာေၾကာင့္တခ်ိဳ႕မျပည့္စုံတဲ့ျပည္သူေတြဆိုရင္ ေအာက္ဆီဂ်င္မရေတာ့ဘဲ ကြယ္လြန္သြားခဲ့ရရွာတာျဖစ္ပါတယ္။

ဒါ့ေၾကာင့္လည္း ေစတနာရွင္ျပည္သူတစ္စုက ေအာက္ဆီဂ်င္ေတြဝယ္ၿပီးလိုအပ္သူေတြကို ကူညီေပးေနၾကတာျဖစ္ပါတယ္။

စစ္ကိုင္းတိုင္း၊ကေလးၿမိဳ႕မွာလည္း ကိုဗစ္လူနာေတြတစ္ေန႔ထက္တစ္ေန႔ တိုးပြါးေနၿပီးေသဆုံးသူေတြလည္းအမ်ားအျပားရွိပါတယ္။

ေဒသခံျပည္သူေတြကေတာ့ လူနာေတြအတြက္ ေအာက္ဆီဂ်င္ကို မရမကလိုက္ရွာၿပီးဝယ္ေနရတဲ့အေျခအေနျဖစ္ပါတယ္။

အခုဆိုရင္လည္း ေအာက္ဆီဂ်င္ေရာင္းခ်ေနတဲ့သူက သူ႔ဆီမွာ ေအာက္ဆီဂ်င္လာထည့္ၾကတဲ့ျပည္သူေတြကို တတ္ႏိုင္သေလာက္ကူေပးခဲ့တာျဖစ္ပါတယ္။

သူ႔ထက္အသက္ႀကီးပုံေပၚတဲ့ ျပည္သူသုံးေယာက္က“အစ္ကိုေရ ေအာက္ဆီဂ်င္ေလးထည့္ေပးလို႔ရမလား”ဆိုၿပီး မ်က္ႏွာငယ္ေလးနဲ႔ လာေမးရွာတာျဖစ္ပါတယ္။

ဆိုင္ရွင္လည္း အရမ္းပင္ပန္းေနေပမယ့္ သနားငဲ့ညႇာၿပီး အိုးအက်န္ေတြထဲကရေအာင္ရွာကာ ထည့္ေပးလိုက္တာျဖစ္ပါတယ္။

ေအာက္ဆီဂ်င္ထည့္ေနခ်ိန္မွာပဲ လာဝယ္တဲ့ျပည္သူသုံးေယာက္က“ေအာက္ဆီဂ်င္ပတ္ရွာေနတာဘယ္မွာမွ မရဘူး အခုရလို႔ေတာ္ေသးတာေပါ့”ဆိုၿပီးသူတို႔အခ်င္းခ်င္းေျပာေနၾကတာျဖစ္ပါတယ္။

လာဝယ္တဲ့သူေတြလည္း ေနရာအႏွံ႔လိုက္ရွာရတာေၾကာင့္ ထမင္းမစားရေသးတာနဲ႔ပလက္ေဖာင္းေလးေပၚမွာ ထမင္းထုပ္ေလးေတြဖြင့္ၿပီးစားေနၾကတာျဖစ္ပါတယ္။

ဒါကိုမၾကည့္ရက္ေတာ့တဲ့ ဆိုင္ရွင္က အိမ္မွာရွိတဲ့ ထမင္း၊ဟင္းေတြကို သြားယူၿပီးေစတနာအျပည့္နဲ႔ေကြၽးခဲ့တာျဖစ္ပါတယ္။

အခုလိုမ်ိဳး တစ္ဦးေစတနာ၊ တစ္ဦးေမတၱာ ထားေပးတတ္တဲ့ဆိုင္ရွင္ရဲ႕စိတ္ဓာတ္ကို ေလးစားမိလို႔ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။