ဗဟုသုတ

လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့အတွက် Google အသုံးပြုခြင်းကို ရပ်ဆိုင်းခံရတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်းပါဝင်

မြန်မာပြည်သူအတွက် ယနေ့မှာ စိတ်မကောင်းစရာ သတင်းတစ်ခုကို ထပ်မံကြားသိရပါတယ်။

ဒီသတင်းကတော့ မြန်မာနိုင်ငံမှာ လုပ်ငန်းသုံး feature တစ်ခုဖြစ်တဲ့ Google Workspace ကိုGoogle မှ အသုံးပြုခွင့် စတင်ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်လာခဲ့ပါတယ်။

Google Workspace ကိုတော့ မြန်မာနိုင်ငံ မှာ စီးပွားရေးလုပ်ငန်းတွေအတွက်လည်း အသုံးပြုသလိုပညာရေးအတွက်လည်း အတွင်တကျယ် အသုံးပြုနေတဲ့ feature တစ်ခုပဲ ဖြစ်ပါတယ်။

အဆိုပါ Googleရဲ့ ထုတ်ပြန်ချက်တွေမှာတော့ Google အသုံးပြုခွင့်ကို တစ်ကိုယ်ရည် ပုဂ္ဂလိကများသာ အသုံးပြုခွင့်ပေးထားပြီးစီးပွားရေးလုပ်ငန်း နှင့် ပညာရေးအတွက် အသုံးပြုခွင့်ကိုတော့ ကန့်သတ်ထားကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် Google အသုံးပြုခွင့် ရပ်ဆိုင်းလိုက်တဲ့ မြန်မာနိုင်ငံနဲ့ အလားတူကျူးဘား၊ ခရိုင်းမီးယား၊ အီရန် ၊ မြောက်ကိုးရီယား၊ ဆီးရီးယား စတဲ့ နိုင်ငံတွေကိုလည်း ရပ်ဆိုင်းလိုက်ကြောင်း ထည့်သွင်းဖော်ပြထားပါတယ်။

ဒီလို Google အသုံးပြုခွင့်ရပ်ဆိုင်းလိုက်တဲ့ နိုင်ငံတွေမှာ အာဏာရှင်စနစ်ဖြင့် အလွန်းဆိုးဝါးသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေတဲ့အတွက်ကြောင့် ရပ်ဆိုင်းရခြင်းဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ Google စတင်အသုံးပြုခြင်းကိုတော့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာခဲ့ပြီးနောက်(၂၀၁၄) ခုနှစ်လောက်မှာ တရား၀င်အသုံးပြုခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ယခု စစ်အာဏာသိမ်းပြီးနောက်တော့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းနှင့် ပညာရေးတို့အတွက် အသုံးပြုနေတဲ့ Googleကို ရပ်ဆိုင်းလိုက်တာကြောင့်မြန်မာပြည်သူတွေအတွက် ဆုံးရှုံးမှုကြီးတစ်ခုလို့တောင် ပြောလို့ရပါတယ်။

မကြာခင် မြန်မာနိုင်ငံမှာ Google Error ဖြစ်တော့မှာဖြစ်လို့ Google Service အသုံးပြုသူတွေအနေနဲ့ သတိပြုရန်အတွက် ဒီသတင်းလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

(Zawgyi)

အာဏာရှင်စနစ်ဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့အတွက် Google အသုံးပြုခြင်းကို ရပ်ဆိုင်းခံရတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်းပါဝင်ြ မန်မာပြည်သူအတွက် ယနေ့မှာ စိတ်မကောင်းစရာ သတင်းတစ်ခုကို ထပ်မံကြားသိရပါတယ်။







