ဗဟုသုတ

လူနာများ ပြည့်ကျပ်နေသည်အထိ ဆိုးရွားလွန်းနေတဲ့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်အရှေ့က လက်ရှိအခြေအနေ

Covid – 19 ရောဂါဆိုးကြီးကတော့ မြန်မာနိုင်ငံ နေရာ အနှံအပြားမှာ အတော်လေး ပျံ့နှံ့နေပါပြီ ။

ရောဂါ ကူးစက်ခံရရင်တောင် အရင်လို ကုသ စောင့်ရှောက်ပေးမယ့် နေရာတွေ ၊ ဆေးရုံတွေ မရှိသလောက်မို့

လူနာတွေ အဖို့ အတော်လေး အကျပ်အတည်း ဖြစ်နေတာကို တွေ့ရပါတယ် ။

တစ်ချို့ကလည်း ရောဂါ လက္ခဏာ မပြဘဲ အခြေအနေဆိုးဝါးလာပြီး

ရုတ်တရက် အသက် ဆုံးရှုံးနေကြတာကို စိတ်မကောင်းစွာ တွေ့ရပါတယ် ။

ဒီလို အရှေ့မှာ ဖြစ်သွားကြတာတွေကို ဥပမာ ယူပြီး ပြည်သူတွေ အနေနဲ့ အစစ အရာရာ ဂရုစိုက်သင့်ပါတယ် ။

ကိုယ့်ကြောင့် ကိုယ့်မိသားစုဝင်တွေ ဆုံးရှုံးရတယ် ဆိုရင် တစ်သက်လုံး ဖြေဆည်နိုင်မှာ မဟုတ်လို့

ကိုယ်က စပြီး ကာကွယ်နေထိုင်သင့်ပါတယ် ။

ရန်ကုန်မြို့မှာဆိုရင်လည်း ကိုဗစ်လူနာတွေ တစ်နေ့ထက် တစ်နေ့ များပြားလာလျက်ရှိရာ

ဒီနေ့ဆိုရင်လည်း ရန်ကုန်ဆေးရုံကြီး အရေးပေါ် ဌာနကို လာရောက်ကြတဲ့ လူနာတွေ များပြားလွန်းနေတာကို ပုံထဲမှာ တွေ့မြင်ရမှာပါ ။

ပရဟိတ ကားများ ၊ နယ်မှတက်ရောက်လာကြတဲ့ ကားကြီး ၊ ကားငယ် အပြည့်နဲ့ လမ်းများပိတ်ဆို့သည်အထိပါပဲနော် ။

ဒါ့အပြင် အောက်ဆီဂျင် မပြတ်ရေးအတွက် စက်ရုံက ကားကြီးများနဲ့ အလျဉ်မီအောင် ပို့ဆောင်ပေးနေရတယ်လို့လည်း သိရပါတယ် ။

ဒီရောဂါကြီးကို ကူးစက်ခံရတိုင်းလည်း စိတ်ဓာတ်ကျ ဝမ်းနည်းစရာမလိုပါဘူးနော်

သေချာ ဂရုစိုက်ကုသပြီး အစာအာဟာရ ပြည့်ဝတာတွေကို အချိန်ပေး စားသောက်ပေးရင် ပျောက်ကင်းနိုင်တာမို့

ကိုယ်ခံအားကောင်းအောင် နေထိုင်ကြဖို့ တိုက်တွန်းရင်း ဆေးရုံကြီးအရှေ့က လက်ရှိ အခြေအနေ မြင်ကွင်းတွေကို ဝေမျှပေးလိုက်ပါတယ် ။

(Zawgyi)

လူနာမ်ား ျပည့္က်ပ္ေနသည္အထိ ဆိုး႐ြားလြန္းေနတဲ့ ရန္ကုန္ေဆး႐ုံႀကီး အေရးေပၚအေရွ႕က လက္ရွိအေျခအေန

Covid – 19 ေရာဂါဆိုးႀကီးကေတာ့ ျမန္မာႏိုင္ငံ ေနရာ အႏွံအျပားမွာ အေတာ္ေလး ပ်ံ႕ႏွံ႔ေနပါၿပီ ။

ေရာဂါ ကူးစက္ခံရရင္ေတာင္ အရင္လို ကုသ ေစာင့္ေရွာက္ေပးမယ့္ ေနရာေတြ ၊ ေဆး႐ုံေတြ မရွိသေလာက္မို႔

လူနာေတြ အဖို႔ အေတာ္ေလး အက်ပ္အတည္း ျဖစ္ေနတာကို ေတြ႕ရပါတယ္ ။

တစ္ခ်ိဳ႕ကလည္း ေရာဂါ လကၡဏာ မျပဘဲ အေျခအေနဆိုးဝါးလာၿပီး

႐ုတ္တရက္ အသက္ ဆုံးရႈံးေနၾကတာကို စိတ္မေကာင္းစြာ ေတြ႕ရပါတယ္ ။

ဒီလို အေရွ႕မွာ ျဖစ္သြားၾကတာေတြကို ဥပမာ ယူၿပီး ျပည္သူေတြ အေနနဲ႔ အစစ အရာရာ ဂ႐ုစိုက္သင့္ပါတယ္ ။

ကိုယ့္ေၾကာင့္ ကိုယ့္မိသားစုဝင္ေတြ ဆုံးရႈံးရတယ္ ဆိုရင္ တစ္သက္လုံး ေျဖဆည္ႏိုင္မွာ မဟုတ္လို႔

ကိုယ္က စၿပီး ကာကြယ္ေနထိုင္သင့္ပါတယ္ ။

ရန္ကုန္ၿမိဳ႕မွာဆိုရင္လည္း ကိုဗစ္လူနာေတြ တစ္ေန႔ထက္ တစ္ေန႔ မ်ားျပားလာလ်က္ရွိရာ

ဒီေန႔ဆိုရင္လည္း ရန္ကုန္ေဆး႐ုံႀကီး အေရးေပၚ ဌာနကို လာေရာက္ၾကတဲ့ လူနာေတြ မ်ားျပားလြန္းေနတာကို ပုံထဲမွာ ေတြ႕ျမင္ရမွာပါ ။

ပရဟိတ ကားမ်ား ၊ နယ္မွတက္ေရာက္လာၾကတဲ့ ကားႀကီး ၊ ကားငယ္ အျပည့္နဲ႔ လမ္းမ်ားပိတ္ဆို႔သည္အထိပါပဲေနာ္ ။

ဒါ့အျပင္ ေအာက္ဆီဂ်င္ မျပတ္ေရးအတြက္ စက္႐ုံက ကားႀကီးမ်ားနဲ႔ အလ်ဥ္မီေအာင္ ပို႔ေဆာင္ေပးေနရတယ္လို႔လည္း သိရပါတယ္ ။

ဒီေရာဂါႀကီးကို ကူးစက္ခံရတိုင္းလည္း စိတ္ဓာတ္က် ဝမ္းနည္းစရာမလိုပါဘူးေနာ္

ေသခ်ာ ဂ႐ုစိုက္ကုသၿပီး အစာအာဟာရ ျပည့္ဝတာေတြကို အခ်ိန္ေပး စားေသာက္ေပးရင္ ေပ်ာက္ကင္းႏိုင္တာမို႔

ကိုယ္ခံအားေကာင္းေအာင္ ေနထိုင္ၾကဖို႔ တိုက္တြန္းရင္း ေဆး႐ုံႀကီးအေရွ႕က လက္ရွိ အေျခအေန ျမင္ကြင္းေတြကို ေဝမွ်ေပးလိုက္ပါတယ္ ။