ဗဟုသုတ

အရေပြားရောဂါကို ဆိုးဆိုးဝါးဝါး ပြင်းထန်စွာ ခံစားနေကြရတဲ့ စစ်ဘေးရှောင် ကလေးငယ်များ

အရေပြားရောဂါကို ဆိုးဆိုးဝါးဝါး ပြင်းထန်စွာ ခံစားနေကြရတဲ့ စစ်ဘေးရှောင် ကလေးငယ်များ

July 6, 2021

စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေခမျာ အချိန်အတော်ကြာ တောတောင်ထဲ နေထိုင်နေရတာကြောင့် အခုဆိုရင် ကျန်းမာရေး ထိခိုက်မှုတွေ ရှိလာကြတာ တွေ့ရပါတယ် ။

ပတ်ဝန်းကျင် အနေအထား အရသော်လည်းကောင်း ၊ သုံးစွဲရတဲ့ ရေမသန့်ရှင်းတာတွေကြောင့် ဝမ်းပျက် ဝမ်းလျှော တာတွေလည်း ဖြစ်နေကြတယ်လို့ သိရပါတယ် ။

စစ်ဘေးရှောင် ပြည်သူတွေ အတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေ ၊ ဆေးဝါး အထောက်အကူ ပစ္စည်းတွေ ပိုပြီး လိုအပ်နေတာ တော့ အမှန်ပါပဲ။

ဒါ့အပြင် စစ်ဘေးရှောင် တွေထဲက ကလေးသူငယ်တွေ ၊ မီးဖွားပြီးခါစ မိခင်တွေ ၊ သက်ကြီး ရွယ်အိုတွေဟာ ဒီရင်ပိုင်းမှာဆိုရင် ဆိုးရွားတဲ့ အရေပြား လက္ခဏာပုံစံ ရောဂါတွေကို ခံစားနေကြရတယ်လို့ သိရပါတယ် ။

ကလေးငယ်လေးတွေ ဆိုရင်လည်း တစ်ကိုယ်လုံး အနာတွေ အပြည့်နဲ့ တော်တော်လေး ဝေဒနာ ခံစားနေရရှာတာကို ပုံတွေတိုင်းမှာ တွေ့မြင်ရမှာပါ ။

အနာက နာရင်တောင် မပြောတတ်တဲ့ ကလေးငယ်လေးတွေမို့ သူတို့ရဲ့ ပုံတွေ ကြည့်ပြီး စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲ ။

ပြည်မက ပြည်သူတွေကလည်း ဒီလို ဒုက္ခမျိုးစုံ ခံစားနေရတဲ့ စစ်ဘေးရှောင်တွေကို အစွမ်းကုန် လိုအပ်တာတွေ ကူညီပေးနေတာတွေ့ရပါတယ် ။

စေတနာရှင် ဆရာဝန်လေးတွေ ဆိုရင်လည်း တတ်နိုင်သလာက် တောတောင်တွေထဲအထိ သွားရောက်ကာ ကျန်းမာရေး စောင့်​ရှောက်မှုတွေ ပြုလုပ်ပေးနေကြတာပါ ။

ပရိသတ်ကြီးအတွက် အရေပြား ရောဂါကို ခံစားနေရရှာတဲ့ စစ်ဘေးရှောင် ကလေးငယ်လေးတွေရဲ့ ပုံရိပ်တွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။