ဒေါ်အောင်ဆန်းစုကြည်ဆွဲတဲ့မြေပုံနဲ့ အမှုကိုခုခံခြင်း
အာဏာသိမ်းတဲ့ မနက်အစောပိုင်းက ဒေါ်အောင်ဆန်းစုကြည် အိမ်ကို ဝင်ရောက်စီး နင်းတဲ့ တပ်မတော် အရာရှိတချို့ သီးသန့်တရားရုံးကိုရောက်လာတဲ့အခိုက်အတန့်မှာ ရှေ့နေတွေက ဒေါ်အောင်ဆန်းစုကြည် အပြစ်မရှိကြောင်း ပေါ်လွင်ဖို့ အကြိတ် အနယ် အားထုတ်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဆွဲထားတဲ့ မြနန်းဘုံသာလမ်း နေအိမ် တည်နေရာပြ မြေပုံနဲ့ ကိုအသုံးပြုပြီးတော့ပါ။
တရားခွင်မှာ ဒီလိုရင်ဆိုင်လျှောက်လဲခဲ့တဲ့ အကြောင်းကို ဘီဘီစီက စုံစမ်းသိရှိခဲ့ရပါတယ်။
နိုင်ငံ့ခေါင်းဆောင်တွေကိုကာကွယ်ဖို့ သက် တော်စောင့်၊ လုံခြုံရေးအရာရှိတွေ အသုံး ပြုတဲ့ ဆက်သွယ်ရေးပစ္စည်းတွေဟာ နိုင်ငံ့ခေါင်းဆောင်တစ်ဦးကို ထောင်သွင်းအကျဥ်းချနိုင်တဲ့ သက်သေခံပစ္စည်းတွေဖြစ်နေပါတယ်။
ဖေဖော်ဝါရီ ၁ ရက်က မြနန်းဘုံသာလမ်း နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ လုံခြုံရေးအဖွဲ့ထံက စကားပြောစက် ၁၀ လုံးနဲ့ Jammer စက်ကို ဖမ်းမိခဲ့တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို
ရဲမှူးကြည်လင်း တရားလိုလုပ်စွဲဆိုထားတဲ့ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ တို့နဲ့ တရားစွဲထားတာပါ။
တစ်ဖက်ပိတ်လမ်းဖြစ်ပြီး လမ်းအဆုံးမှာ လျှိုမြောင်တွေရှိတဲ့ မြနန်းဘုံသာလမ်းဟာ ကမ္ဘာက အာရုံစိုက်တဲ့နေရာတစ်ခုဖြစ်လာပြီး သမ္မတအိမ်တော်နဲ့ လွှတ်တော်တော်တွေအနီးမှာတည်ရှိပါတယ်။
ဇေယျသိဒ္ဓိရပ်ကွက်ထဲက မြနန်းဘုံသာလမ်း၊ အမှတ်(A-၃၃) က နိုင်ငံတော်အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ဖြစ်ပါတယ်။
အာဏာသိမ်းတဲ့မနက်က ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) က ဗိုလ်မှူး လင်းထွဋ်ဦး ဦးစီးတဲ့အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့တာဖြစ်ပါတယ်။
အနီးကပ်လုံခြုံရေး အဖွဲ့ဆီက Icom စကားပြောစက်(၆)လုံး၊ဂိတ်ကင်းက Icom စကားပြောစက် (၃)လုံး၊ ကိုယ်ရေးအရာရှိအဆောင်က Icom စကားပြောစက်(၁)လုံး နဲ့ Jammer (၁)စုံတို့ကို တွေ့လို့ အမှု နှစ်မှုတပ် တရားစွဲထားတာ ဖြစ်ပါတယ်။
ဒီဆက်သွယ်ရေးပစ္စည်းတွေဟာ သူ့နေအိမ်ထဲကနေ သိမ်းဆည်းရမိတာမဟုတ်တဲ့အကြောင်း ရုံးတော်မှာ ရှေ့နေတွေလျှောက် လဲချက်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် ဟာ မြေပုံတစ်ခု ရေးဆွဲခဲ့တယ်လို့ သူ့ရှေ့နေတွေက တစ်ဆင့်သိရပါတယ်။
အဲ့ဒီမြေပုံထဲ ဂိတ်ကင်း၊ ကိုယ်ရေးအရာရှိအဆောင်တွေ နဲ့ သူ့အိမ် အကွာအဝေးကစလို့ အိမ်နီးချင်း ဝန်ကြီးနေအိမ်တွေကအစပါတယ်လို့လည်း သူတို့ကပြောပါတယ်။
အဲ့ဒီမြေပုံကို အသုံးပြုပြီး ဒေါ်အောင်ဆန်းစုကြည် အပြစ်မရှိကြောင်းပေါ်လွင်အောင် ရုံးတော်မှာ ရှင်းရှင်းလင်းလင်း လျှောက်လဲနိုင်အောင် ရှေ့နေအဖွဲ့ဟာ အချိန်တစ်ခုကိုစောင့်နေခဲ့ကြပါတယ်။
Source BBC
Zawgyi
ေဒၚေအာင္ဆန္းစုၾကည္ဆြဲတဲ့ေျမပုံနဲ႔ အမႈကိုခုခံျခင္း
အာဏာသိမ္းတဲ့ မနက္အေစာပိုင္းက ေဒၚေအာင္ဆန္းစုၾကည္ အိမ္ကို ဝင္ေရာက္စီး နင္းတဲ့ တပ္မေတာ္ အရာ႐ွိတခ်ိဳ႕ သီးသန္႔တရား႐ုံးကိုေရာက္လာတဲ့အခိုက္အတန္႔မွာေ ႐ွ႕ေနေတြက ေဒၚေအာင္ဆန္းစုၾကည္ အျပစ္မ႐ွိေၾကာင္း ေပၚလြင္ဖို႔ အႀကိတ္ အနယ္ အားထုတ္ခဲ့ၾကပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ဆြဲထားတဲ့ ျမနန္းဘုံသာလမ္း ေနအိမ္ တည္ေနရာျပ ေျမပုံနဲ႔ ကိုအသုံးျပဳၿပီးေတာ့ပါ။
တရားခြင္မွာ ဒီလိုရင္ဆိုင္ေလွ်ာက္လဲခဲ့တဲ့ အေၾကာင္းကို ဘီဘီစီက စုံစမ္းသိ႐ွိခဲ့ရပါတယ္။
ႏိုင္ငံ့ေခါင္းေဆာင္ေတြကိုကာကြယ္ဖို႔ သက္ ေတာ္ေစာင့္၊ လုံျခဳံေရးအရာ႐ွိေတြ အသုံး ျပဳတဲ့ ဆက္သြယ္ေရးပစၥည္းေတြဟာ ႏိုင္ငံ့ေခါင္းေဆာင္တစ္ဦးကို ေထာင္သြင္းအက်ဥ္းခ်ႏိုင္တဲ့ သက္ေသခံပစၥည္းေတြျဖစ္ေနပါတယ္။
ေဖေဖာ္ဝါရီ ၁ ရက္က ျမနန္းဘုံသာလမ္း ေနအိမ္ကို ဝင္ေရာက္႐ွာေဖြရာမွာ လုံျခဳံေရးအဖြဲ႕ထံက စကားေျပာစက္ ၁၀ လုံးနဲ႔ Jammer စက္ကို ဖမ္းမိခဲ့တယ္ဆိုၿပီး ေဒၚေအာင္ဆန္းစုၾကည္ကို
ရဲမႉးၾကည္လင္း တရားလိုလုပ္စြဲဆိုထားတဲ့ ပို႔ကုန္သြင္းကုန္ ဥပေဒပုဒ္မ ၈ နဲ႔ ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၇ တို႔နဲ႔ တရားစြဲထားတာပါ။
တစ္ဖက္ပိတ္လမ္းျဖစ္ၿပီး လမ္းအဆုံးမွာ လွ်ိဳေျမာင္ေတြ႐ွိတဲ့ ျမနန္းဘုံသာလမ္းဟာ ကမ႓ာက အာ႐ုံစိုက္တဲ့ေနရာတစ္ခုျဖစ္လာၿပီး သမၼတအိမ္ေတာ္နဲ႔ လႊတ္ေတာ္ေတာ္ေတြအနီးမွာတည္႐ွိပါတယ္။
ေဇယ်သိဒၶိရပ္ကြက္ထဲက ျမနန္းဘုံသာလမ္း၊ အမွတ္(A-၃၃) က ႏိုင္ငံေတာ္အ တိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေနအိမ္ျဖစ္ပါတယ္။
အာဏာသိမ္းတဲ့မနက္က ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း) က ဗိုလ္မႉး လင္းထြဋ္ဦး ဦးစီးတဲ့အဖြဲ႕ဟာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ေနအိမ္ကို ဝင္ေရာက္႐ွာေဖြခဲ့တာျဖစ္ပါတယ္။
အနီးကပ္လုံျခဳံေရး အဖြဲ႕ဆီက Icom စကားေျပာစက္(၆)လုံး၊ဂိတ္ကင္းက Icom စကားေျပာစက္ (၃)လုံး၊ ကိုယ္ေရးအရာ႐ွိအေဆာင္က Icom စကားေျပာစက္(၁)လုံး နဲ႔ Jammer (၁)စုံတို႔ကို ေတြ႕လို႔ အမႈ ႏွစ္မႈတပ္ တရားစြဲထားတာ ျဖစ္ပါတယ္။
ဒီဆက္သြယ္ေရးပစၥည္းေတြဟာ သူ႕ေနအိမ္ထဲကေန သိမ္းဆည္းရမိတာမဟုတ္တဲ့အေၾကာင္း ႐ုံးေတာ္မွာ ေ႐ွ႕ေနေတြေလွ်ာက္ လဲခ်က္ေပးဖို႔ ေဒၚေအာင္ဆန္းစုၾကည္ ဟာ ေျမပုံတစ္ခု ေရးဆြဲခဲ့တယ္လို႔ သူ႕ေ႐ွ႕ေနေတြက တစ္ဆင့္သိရပါတယ္။
အဲ့ဒီေျမပုံထဲ ဂိတ္ကင္း၊ ကိုယ္ေရးအရာ႐ွိအေဆာင္ေတြ နဲ႔ သူ႕အိမ္ အကြာအေဝးကစလို႔ အိမ္နီးခ်င္း ဝန္ႀကီးေနအိမ္ေတြကအစပါတယ္လို႔လည္း သူတို႔ကေျပာပါတယ္။
အဲ့ဒီေျမပုံကို အသုံးျပဳၿပီး ေဒၚေအာင္ဆန္းစုၾကည္ အျပစ္မ႐ွိေၾကာင္းေပၚလြင္ေအာင္ ႐ုံးေတာ္မွာ ႐ွင္း႐ွင္းလင္းလင္း ေလွ်ာက္လဲႏိုင္ေအာင္ ေ႐ွ႕ေနအဖြဲ႕ဟာ အခ်ိန္တစ္ခုကိုေစာင့္ေနခဲ့ၾကပါတယ္။
Source BBC