ဗဟုသုတ

ကိုဗစ်ရောဂါ ကူးစက်မှုတွေ မြင့်မားနေချိန်မှာ ပြည်သူတွေအတွက် အလိုအပ်ဆုံးတွေကို အဓိကထား လှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

ကိုဗစ်ရောဂါ ကူးစက်မှုတွေ မြင့်မားနေချိန်မှာ ပြည်သူတွေအတွက် အလိုအပ်ဆုံးတွေကို အဓိကထား လှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

မြန်မာနိုင်ငံမှာဆိုရင် ပထမလှိုင်း အနေနဲ့ ကိုဗစ်တွေ စဖြစ်ကတည်းက ပြည်သူတွေက အခက်အခဲတွေ စီးပွားရေး ကြပ်တည်းမှုတွေကို ရင်ဆိုင်ရင်း အားတင်းခဲ့ကြရတာပါ ။

တစ်ဆက်တည်းမှာပဲ ရုတ်တရက်ပြောင်းလဲသွားတဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် ပြည်သူတွေခမျာ အဆင်မပြေမှုတွေကို အတော်လေး ရင်ဆိုင်နေကြရပါတယ် ။

လက်လုပ်လက်စား ပြည်သူတွေဆို အလုပ်တွေလည်း ရပ်နားထားကြရလို့ ပိုလို့တောင် ခက်ခဲနေကြတာပါ ။

ဒါကြောင့်လည်း ပြည်သူမှာ ပြည်သူတွေပဲ ရှိလို့ စေတနာ အလှူရှင်တွေ ၊ အနုပညာရှင်တွေနဲ့ ပရဟိတ အသင်းတွေကပဲ စုပေါင်းပြီး တတ်နိုင်သလောက် လိုအပ်တဲ့ နေရာတွေကို ကူညီထောက်ပံ့ပေးနေကြတာပါ ။

ဒီလို အနုပညာရှင်တွေအထဲမှာ ပရဟိတ မင်းသမီးကြီး ခိုင်နှင်းဝေလည်း အပါအဝင်ပါပဲ ။ နေ့စဉ်တိုင်း ဆိုရလောက်အောင် နွမ်းပါးပြည်သူတွေအတွက် အလှူငွေ ၊ စားနပ်ရိက္ခာ များကို ပေးဝေလှူဒါန်းခဲ့ပါတယ် ။

အခုလည်း တတိယလှိုင်းအနေနဲ့ ကိုဗစ်ရောဂါတွေ ကူးစက်မှု မြင့်မားစွာ ပြန်လည်ဖြစ်ပေါ်နေတာကြောင့် လိုအပ်နေတဲ့ နေရာတွေထံမှာ အောက်ဆီဂျင် အိုးများကို ခိုင်နှင်းဝေက လှူဒါန်းပေးခဲ့ပါတယ် ။

ဒါ့အပြင် အရေးပေါ် ဆေးကုသဖို့ လိုအပ်နေတဲ့ လူနာရှင် ငါးဦးကိုလည်း တစ်ဦးလျှင် (၅၀၀၀၀) ကျပ်လှူဒါန်းပေးခဲ့ကြောင်းကို ” အရှေ့ဒဂုံ ဘက်သို့ အောက်ဆီဂျင် အိုး(၃)အိုး နှင့် ဒဂုံဆိပ်ကမ်းဘက်မှ အရေးပေါ် ဆေးဘိုးလိုအပ်နေသော သူ (၅)ဦးအား တစ်ဦးလျှင် (၅)သောင်းကျပ် တို့ကို လှူဒါန်းပေးခဲ့ပါတယ်…

အလှုရှင်များ အားလုံးနှင့် တကွ ခုနှစ်ရက် သားသမီးများ အားလုံး သာဓုခေါ်ဆို ကုသိုလ်ပွားများ နိုင်ကြပါစေရှင်..” ဆိုပြီး ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည် ဖော်ပြပေးရင်း ဒီထက်မကလည်း လှူဒါန်းနိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ် ။