ဗဟုသုတ

အနီတစ်ဖက် အပြာတစ်ဖက် ဖိနပ်လေးစီးထားပြီး မျက်မမြင် ခင်ပွန်းသည်ကိုပင်ပင်ပန်းပန်း‌‌ဈေးရောင်းကာ စောင့်ရှောက်နေတဲ့ အဖွားတစ်ယောက်ရဲ့ ဝမ်းနည်းမျက်ရည်

အနီတစ်ဖက် အပြာတစ်ဖက် ဖိနပ်လေးစီးထားပြီး မျက်မမြင် ခင်ပွန်းသည်ကိုစောင့်ရှောက်နေတဲ့ အဖွားတစ်ယောက်ရဲ့ ဝမ်းနည်းမျက်ရည်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ဧည့်ပြရွာက အသက်(၈၀) အရွယ် အဖွားအိုတစ်ယောက်ကတော့ မျက်စိမမြင်ရှာတဲ့ ယောကျ်ားဖြစ်သူကို ကိုယ်တိုင်ဈေးရောင်းပြီး ပင်ပင်ပန်းပန်းရှာဖွေကျွေးမွေးနေရပါတယ်..။

အဖွားဟာ အသက်(၈၀)ရှိနေပေမယ့်လည်း သရက်သီး မှည့်၊ သရက်သီးခြောက်၊ သရက်ပြားတွေနဲ့အခြား စားစရာလေးတွေ ရောင်းပြီး အသက်(၇၉)နှစ်အရွယ် မျက်စိမမြင်တဲ့ ခင်ပွန်းဖြစ်သူကို ဖေးမစောင့်ရှောက်နေသူတာ ဖြစ်ပါတယ်..။

ဘဝရဲ့နောက်ဆုံးအရွယ်တွေကို ခက်ခက်ခဲခဲဖြတ်သန်းနေရတဲ့ အဖိုးနဲ့အဖွားတို့အတွက်သရုပ်ဆောင်မေနွယ်ထွန်းက အလှူငွေတွေ ကူညီလှးဒါန်းခဲ့ပြီး စိတ်မကောင်းစရာအကြောင်းတွေကိုလည်း ပြောပြထားတာ ဖြစ်ပါတယ်..။

သားသမီးတွေရှိပေမယ့် ဖခင်ဖြစ်သူ မျက်လုံးကွယ်တာကိုတောင် လာမကြည့်ကြတဲ့အကြောင်းတွေကိုလည်း အဖွားက ဝမ်းနည်းမျက်ရည်တွေနဲ့ ပြောပြထားပါသေးတယ်..။

အငယ်ဆုံးသမီးကတော့ လာပြီး ဆန်၊ ဆီနဲ့ မီးသွေးတွေ ဝယ်ပေးပေမယ့် အဖိုးနဲ့အဖွားဟာ သားသမီးတွေရဲ့ ပစ်ပယ်မှုတွေကြောင့် ပင်ပန်းကြီးစွာ လုပ်ကိုင်စားသောက်ရင်း စားဝတ်နေရေးအတွက် လင်မယားနှစ်ယောက်အတူ ခက်ခက်ခဲခဲနဲ့ ဖြတ်သန်းနေရတာပါ..။

ဒါကြောင့် ၃၇လမ်း ၇၇ ထောင့်က ဒေါ်ဖောင် ခေါက်ဆွဲဆိုင်ဘေးလေးမှာ ဈေးခြင်းလေးနဲ့ ချရောင်းနေတဲ့ အဖွားကို တွေ့ရင် တတ်နိုင်သလောက် ဈေးဝယ်ပြီး ကူညီကြပေးကြဖို့ တောင်းဆိုတိုက်တွန်းလိုက်ပါတယ်နော်..။