ဗဟုသုတ

တစ်ရွာလုံးစစ်ပြေးရှောင်နေချိန် လိုက်မပြေးဘဲ ကိုယ်ဝန်ဆောင် မိခင်တစ်ဦးကိုမွေးဖွားပေးခဲ့ပြီး အသက်၂ ချောင်းကယ်ခဲ့တဲ့ ဆရာမလေး

ခုလက်ရှိ အချိန်အထိ မတည်ငြိမ်နိုင်သေးတဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် နေရာ ဒေသ အသီးသီးက ပြည်သူတွေခမျာ ဒုက္ခတွေ မျိုးစုံကို ရင်ဆိုင်ကြုံတွေ့နေရပါတယ် ။

တောင်တန်း ဒေသတွေမှာ တိုက်ခိုက်မှုတွေ ရှိနေသေးလို့ ဒေသခံတွေက မိမိတို့ အိုးအိမ်တွေကို စွန့်ပြီး လွတ်မြောက်ရာ တောတောင်တွေထဲ ခိုလှုံနေကြရတာပါ ။ ကလေးငယ်လေးတွေ ဆိုရင်လည်း ကျောင်းတက်ရမယ့် အရွယ်လေးတွေမှာ ထွက်ပြေး နေရတာ တကယ်ကို ရင်နာစရာမြင်ကွင်းတွေပါပဲ ။

ဒီလို စစ်ဘေးရှောင်ကြသူတွေထဲမှာ ဆိုရင် နေကောင်း ကျန်းမာသူတွေတောင် ခုလို အခြေအနေ အဖြစ်ဆိုးတွေကို မနည်း တောင့်ခံပြီး ကျော်ဖြတ်နေရတာ ဆိုတော့ သက်ကြီးရွယ်အိုတွေ ၊ နာမကျန်းသူတွေ ၊ ကိုယ်ဝန်ဆောင်တွေဆို ဘယ်လိုတောင် ခက်ခဲလိုက်မလည်းနော် ။

အခုလည်း ရွာတစ်ရွာမှာ အားလုံးက စစ်ပြေးနေကြချိန် ကိုယ်ဝန်ဆောင်တစ်ဦးက မီးဖွားချင်နေတာကြောင့် အခက်အခဲတွေကြားကနေပြီး သူရဲ့ အသက်ဘေးအန္တရာယ်ကိုတောင် မမြင်တော့ဘဲ ရအောင် မွေးဖွားပေးခဲ့တဲ့ ဆရာမလေးရဲ့ လေးစားစရာ ပို့စ်လေးတစ်ခု လူမှုကွန်ရက် စာမျက်နှာထက်မှာ ပျံ့နှံ့ခဲ့ပါတယ် ။

ရွာသားတွေက ဆရာမလေးကို ထွက်ပြေးဖို့ ခေါ်ပေမယ့်လည်း မွေးလူနာကို မပစ်ထားရက်တာကြောင့် ရအောင်မွေးပေးခဲ့ကြောင်းကို ” တစ်ရွာလုံးစစ်ပြေးရှောင်နေရတဲ့အချိန် ဆရာမနဲ့မွေးလူနာတစ်အိမ်တည်းပဲရွာထဲ ကျန်ခဲ့တယ်…ရွာသားတွေက ဆရာမပြေးရအောင်‌ခေါ်ပေမယ့် မွေးလူနာကို မပစ်ရက်ခဲ့ဘူး …

မွေးလူနာကလည်း ဆရာမရယ် ကျွန်မအသက်ကို ကယ်ပါအူး ဆရာမရှိရင် သေရမှာလည်းမကြောက်ပါဘူးဆိုတော့ သေလည်းအတူတူပဲပေါ့ဆိုပြီး ဘယ်မှ မပြေးခဲ့ဘူး ညနေ ၂နာရီ တိတိအချိန်မှာ သမီးလေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့တယ်…

အသက် အန္တရာယ်ကြားထဲက အသက် ၂ချောင်းကို ကယ်နိုင်ခဲ့ပြီ…ကိုယ်အသက်ရှင်နေသရွေ့ ကယ်နိုင်သရွေ့တော့ ကယ်ရပေဦးမည် ” ဆိုပြီး ဖြစ်ပျက်ခဲ့သမျှကို ရေးသားဖော်ပြထားရာ ဆရာမလေးရဲ့ စိတ်ဓာတ်ကို တကယ်လေးစားမိတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

တစ်ရွာလုံးစစ်ပြေးရှောင်နေချိန် လိုက်မပြေးဘဲ ကိုယ်ဝန်ဆောင် မိခင်တစ်ဦးကိုမွေးဖွားပေးခဲ့ပြီး အသက်၂ ချောင်းကယ်ခဲ့တဲ့ ဆရာမလေး

ဇူလိုင်လ ၅ ရက်နေ့ဆရာမလေးတစ်ဦးကစစ်ဘေးရှောင်ဖို့မပြေးဘဲရွာမှာနေခဲ့ပြီးကိုယ်ဝန်သည်ကို မွေးဖွားပေးခဲ့တာပဲဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်လို့ တစ်ရွာလုံးစစ်ပြေးရှောင်နေရတဲ့အချိန်ဆရာမနဲ့မွေးလူနာတစ်အိမ်တည်းပဲရွာထဲကျန်ခဲ့တယ်။

ရွာသားတွေကဆရာမပြေးရအောင်ခေါ်ပေမယ့် မွေးလူနာကိုမပစ်ရက်ခဲ့ဘူး ။မွေးလူနာကလည်းဆရာမရယ်ကျွန်မအသက်ကိုကယ်ပါအူး။

ဆရာမရှိရင် သေရမှာလည်းမကြောက်ပါဘူးဆိုတော့ သေလည်းအတူတူပဲပေါ့ဆိုပြီးဘယ်မှ မပြေးခဲ့ဘူး။

ညနေ၂နာရီ တိတိအချိန်မှာသမီးလေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့တယ်။အသက်အန္တရာယ်ကြားထဲကအသက် ၂ချောင်းကိုကယ်နိုင်ခဲ့ပြီ။

ကိုယ်အသက်ရှင်နေသရွေ့ ကယ်နိုင်သရွေ့တော့ ကယ်ရပေဦးမည်လို့ ဆရာမ လေးကပြော ကြားလာခဲ့ပါသည်။