ယနေ့ခတ်တွင် မိုဘိုင်းဖုန်းများ ပေါများလာသည်နှင့်အမျှ ဓာတ်ပုံရိုက်သည့်အခါ အခြားသူမလိုပဲ ကိုယ်တိုင် ရိုက်ယူနိုင်သည့် Selfie Camera ပါရှိသည်။
ထို့ကြောင့် လူတိုင်းသည် ခရီးသွားသည်ဖြစ်စေ ဒီတိုင်းဓာတ်ပုံရိုက်ချင်၍ ဖြစ်စေ ကင်မရာမန်းပင် မလိုအပ်တော့ပဲ ကိုယ်တိုင်ကိုယ်ကျ ပိုစ့်အမျိုးမျိုးပေးပြီး ရိုက်လာကြတော့သည်။
သို့ဖြစ်၍ တရုတ်နိုင်ငံ ကလေးထိန်းကျောင်းမှ ကလေးမလေးနှစ်ဦး၏ ချစ်စဖွယ်အမူအရာများနှင့် ဖိနပ်တစ်ဖက်အားချွတ်ပြီး အမှန်ကန်ဆယ်ဖီဆွဲနေကြသော ဗွီဒီယိုလေးသည် လူမှုကွန်ယက်တွင် အတော်လေးပျံ့နှံ့သွားခဲ့သည်။
ကလေးမလေးနှစ်ဦးသည် ထိုင်ခုံပေါ်တွင် အခြားကလေးများနည်းတူ ထိုင်နေရင်း လူကြီးတွေ ဖုန်းနှင့်ကိုယ့်ကို ဓာတ်ပုံရိုက်သလိုမျိုး လိုက်လုပ်နေပုံလေးက အင်မတန် အသဲယားချစ်စရာကောင်းနေသည်။
ကလေးမလေးနှစ်ဦးသည် ဖိနပ်တစ်ဖက်အား ကိုင်ထားပြီး ဖုန်းအစစ်လို ဟိုနှိပ်ဒီနှိပ် ပက်နှိပ်ရင်း နှစ်ယောက်သား ချစ်စဖွယ် ပိုစ့်များအမျိုးမျိုးပေးပြီး ဖိနပ်နှင့်ချိန်ကာ ပုံများရိုက် ဆော့ခဲ့သည်။
ထိုအဖြစ်အပျက်အား မြင်တွေ့သော ဆရာမမှတစ်ဆင့် ဗွီဒီယိုလေး ရိုက်ကူးပြီး အွန်လိုင်းပေါ်တင်ခဲ့ရာ အများ၏ အချစ်တွေကို သိမ်းပိုက်သွားခဲ့သည်။