ဗဟုသုတ

ဇနီးသည်ကိုဆုံးရှုံးခဲ့ရပြီးနောက် ဟန်းနီးမွန်းထွက်စဉ်က အတူဝတ်ဆင်ခဲ့သော တီရှပ်လေးကို နှစ်၂၀ တိုင်မချွတ်ဘဲ ဝတ်ဆင်ခဲ့သည့် အဖိုးအို

အချို့လူသားများ၏ အချစ်ပေါ်တွင်သစ္စာရှိမှုသည် ကြားသိရသည့်လူသားများကိုပင် စွံ့အသွားစေခဲ့ရပါတယ်။ ဂျပန်နိုင်ငံမှ အဖိုးအိုတစ်ဦးသည် သူ၏တီရှပ်လေးကို နှစ်၂၀တိတိမချွတ်ဘဲ အမြဲတမ်းဝတ်ဆင်နေခဲ့ပါတယ်။

ထို့ကြောင့် သူ၏သမီးဖြစ်သူဟာ ဖခင်ဖြစ်သူ၏ အင်္ကျီတစ်ထည်တည်းကိုပဲ ဝတ်ဆင်ရသည့်အကြောင်းကိုရှင်းပြထားခဲ့ရာမှ အကြောင်းစုံကို သိရှိလာခဲ့ရပါတယ်။ ထိုအဖိုး၏ ဇနီးဖြစ်သူဟာ လွန်ခဲ့သော နှစ်၂၀ ခန့်က ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပါတယ်။

အဖိုးအိုဟာ ဇနီးသည်ကို သူ၏ မှတ်ညဏ်ထဲမှ ပျောက်ကွယ်သွားမည်ကိုစိုးရိမ်ခဲ့သောကြောင့် သူတို့အတူတူ ဟန်းနီးမွန်းခရီးထွက်ခဲ့စဉ်က ဝတ်ဆင်ခဲ့သော တီရှပ်ကလေးကို မချွတ်ဘဲနဲ့ ဝတ်ဆင်နေခဲ့တာဖြစ်ပါတယ်။

အဖိုးအို၏ ယနေ့တိုင် ဝတ်ဆင်ထားခဲ့သော ရှပ်အင်္ကျီလေး၏ ရာဇဝင်ကြောင့် အနည်းငယ်ပင် စိတ်မကောင်းဖြစ်စေခဲ့ရပါတယ်။