ဗဟုသုတ

သင့်အိမ်မက်ထဲမှာမြွေကိုမြင်တွေ့ရရင်ကြုံတွေ့ရမယ့်ကံကြမ္မာ

သင့်အိမ်မက်ထဲမှာမြွေကိုမြင်တွေ့ရရင်ကြုံတွေ့ရမယ့်ကံကြမ္မာ

မြွေတွေကိုအိမ်မက်မက်ရင်ဘာတွေဖြစ်တတ်လဲသင့်အိမ်မက်ထဲမှာမြွေကိုမြင်တွေ့ရရင်ကြုံတွေ့ရမယ့်ကံကြမ္မာကအိပ်မက်မက်တယ်ဆိုတာထူးဆန်းတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပြီးသင်မက်တဲ့အိပ်မက်တွေကသင်မကြာခင်မှာကြုံတွေ့ရမယ့်ကံကြမ္မာနဲ့ဆက်စပ်မှုတွေရှိနေပါတယ်ဒါကြောင့် သင့်အိပ်မက်ထဲမှာမြွေကို မြင်တွေ့ရတဲ့အခါမကြာခင်သင်ကြုံတွေ့ရမယ့် ကံကြမ္မာက ဘယ်လိုဖြစ်မလဲဆိုတာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁)မြွေက သူ့ရဲ့လျှာကိုထုတ်နေတာကို မြင်ရရင်သင်ဟာလက်ရှိဘဝထဲမှာ ကြောက်ရွံ့မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ သဘောရှိပါတယ်သင်ကြောက်ရွံ့တဲ့ ပြဿနာတွေနဲ့ကြုံရနိုင်ချေရှိိပြီး အဲ့ဒါတွေကို ကောင်းကောင်းဖြေရှင်းဖို့ သတ္တိတွေ လိုအပ်နေပါတယ်။

(၂)မြွေတွေ အများအပြားတွေ့ရတယ်ဆိုရင်အပြင်မှာ မြွေတွေအများကြီးကိုတစ်နေရာတည်းမှာတွေ့ဖို့မဖြစ်နိုင်ဘူးဆိုပေမယ့် အိပ်မက်ထဲမှာ တွေ့လိုက်ရမယ်ဆိုရင်လည်းသင်အရမ်းကိုလန့်သွားမှာပါအဲ့ဒီလိုအိပ်မက်မက်တာကတော့သင်ကအလုပ်တွေကိုမနားမနေကြိုးစားပြီးလုပ်နေတာကြောင့်ကျန်းမာရေးထိခိုက်တဲ့အထိဖြစ်လာတော့မယ့်အဓိပ္ပါယ်ပါသင့်ရဲ့ကျန်းမာရေးကို ဂရုစိုက်ရမှာပါ

(၃)မြွေမြိုခံရတယ်ဒါမှမဟုတ် မြွေက သင့်ခန္ဓာကိုယ်ထဲကို ဝင်သွားတယ်လို့ မက်တယ်ဆိုရင်တော့ဒီလိုမက်ရင်တော့သင့်ဆီကံကောင်းခြင်းတွေ ရောက်လာတော့မှာပါ။နေမကောင်းဖြစ်နေသမျှတွေပျောက်သွားနိုင်ပြီးတခြားကောင်းတဲ့ကိစ္စတွေဖြစ်လာနိုင်ပါတယ်

(၄) မြွေကိုသတ်ပစ်လိုက်တယ်လို့မက်တယ်ဆိုရင်များသောအားဖြင့်အိပ်မက်ထဲမှာကိုယ့်ဘက်ကဘာမှမလုပ်လိုက်ရခင်မှာအိပ်မက်ကနိုးသွားတာကများပါတယ်တကယ်လို့သင်ကမြွေကို သတ်ပစ်လိုက်တယ်လို့အိပ်မက်မက်တယ်ဆိုရင်တော့ သင့်ရဲ့အလုပ်အကိုင်၊ဝင်ငွေနဲ့ပတ်သက်တဲ့ကံက ကောင်းလာတော့မယ်ဆိုတဲ့သဘောပါ

(၅) မြွေကိုက်ခံရတယ်လို့ အိပ်မက်မက်ရင်တော့မြွေကိုက်ခံရတယ်လို့ အိပ်မက်မက်တယ်ဆိုရင်တော့တစ်စုံတစ်ယောက်ကသင့်ကိုထိခိုက်အောင်လုပ်ဖို့ကြံစည်နေတာဖြစ်နိုင်လို့စိတ်ရောကိုယ်ပါကျန်းမာအောင်ဂရုစိုုက်သင့်ပါတယ်ပြီးတော့မြွေကသင့်ရဲ့ရင်ဘတ်နားတဝိုက်ကို ကိုက်သွားတယ်လို့ မက်ရင်တော့သင်ဟာအချစ်သစ်နဲ့တွေ့နိုင်ပါတယ်

(၆) ခြုံထဲမှာပုန်းနေတဲ့မြွေကို မြင်လိုက်တယ်လို့မက်ရင်တော့ဒီလိုမက်တယ်ဆိုရင်တော့သင့်အနေနဲ့အတွင်းစိတ်အမှန်ကိုဖုံးကွယ်ထားတဲ့သူတွေနဲ့တွေ့နိုင်ချေရှိပြီးသူတို့တွေရဲ့မကောင်းကြံခြင်းကိုလည်း ကြုံရနိုင်ပါတယ်။

(၇)မြွေကသင့်ခန္ဓာကိုယ်ကို ပတ်ထားတယ်ဆိုရင်တော့သင့်ရဲ့အချစ်ရေးက ဂရုတစိုက်စောင့်ကြည့်ရမယ့် အခြေအနေမျိုးဖြစ်နေပြီးသင့်ချစ်သူက သစ္စဖောက်တာကို ခံရနိုင်တာကြောင့် သူ့ရဲ့ခြေလှမ်းတွေကို သေချာစောင့်ကြည့်ပြီးသင့်စိတ်ကိုလည်း ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။