Uncategorized

သင့်ပါးစပ်က ထွက်တဲ့စကားလုံးတိုင်းက သင့်ဘဝကို ပြောင်းလဲစေနိုင်တယ်

သင့်ပါးစပ်ကထွက်တဲ့စကားလုံးတိုင်းက သင့်ဘဝကိုပြောင်းလဲစေနိုင်တယ်

အတိတ်နိမိတ်သင့်ပါးစပ်ကထွက်တဲ့စကားလုံးတိုင်းက သင့်ဘဝကိုပြောင်းလဲစေနိုင်တယ်ပိုက်ဆံမရှိဘူးလို့ ပါးစပ်ကအမြဲပြောနေရင်တနေ့တခြားကြပ်တည်းလာတာပိုသိသာလာတယ်၊အဆင်မပြေဘူးလို့ ခနခနတွေးနေရင်ပိုပြီး အဆင်မပြေဖြစ်လာတယ်။ဒါအယူအဆမဟုတ်ဘူး ဘာသာရေး အတွေးမဟုတ်ဘူး။Psycho သဘောပဲကြားရဖန်များရင်အတွေးတွေဖြစ်လာတယ်။

ပြောပါများရင် အာ့အတိုင်းယုံကြည်လာတယ်ကြာတော့ ကိုယ့်စိတ်ကူးထဲက အတိုင်းကိုယ့်နှုတ်ထွက်စကားတွေအတိုင်းကိုယ့်ဘဝကပြောင်းသွားတယ်။ဒါ့ကြောင့်အမြဲတမ်းအကောင်းဘက်ကတွေးပါအကောင်းဘက်ကို တွေးပါ အောင်မြင်သူလိုတွေးပါ။

အောင်မြင်သူတွေနား ချဉ်းကပ်ပါလို့ပြောကြတာပေါ့။လဲကျတာဟာ ပြသနာမဟုတ်ဖူးလေ။ ပြန်မထချင်တော့တာ or ငါ ပြန်မထနိုင်လောက်ပါဘူးလို့တွေးတာ လက်လျှော့လိုက်တော့မယ်ဆိုတာကသာ ပြသနာကြီးပါမဖြစ်နိုင်ဘူးဆိုတာထက် ဖြစ်အောင်ဘယ်လိုလုပ်ရမလဲတွေးဖို့ ပိုလိုတာပါ။

လူတိုင်းမှာ ခက်ခဲတဲ့အခိုက်အတန့်တွေရှိတယ် ဖြေရှင်းပုံပေါ်မူတည်ပြီးလူတွေရဲ့ ဘဝအခြေအနေတွေကွာသွားတာပါ။





