ဗဟုသုတ

စစ်ဘေးရှောင်ဒုက္ခသည်တွေကို သွားရောက်လှူဒါန်းခဲ့သော အဆိုတော် မီးနို ဒလန်ရဲ့သတင်းပေးချက်ကြောင့် ဖမ်းဆီးခံလိုက်ရ

July 6, 2021




နွဦေးတော်လှန်ရေးမှာလည်း အမှန်တရားဘက်က ရပ်တည်ပြီး ပြည်သူတွေနဲ့တစ်သားတည်းရှိနေခဲ့တာဖြစ်ပြီး အခုထိလဲ အာဏာရှင်ကိုဆန့်ကျင်နေတဲ့အနုပညာရှင်တစ်ယောက်ပါ





Unicode

စစ်ဘေးရှောင်ဒုက္ခသည်တွေကို သွားရောက်လှူဒါန်းခဲ့သော အဆိုတော် မီးနို ဒလန်ရဲ့သတင်းပေးချက်ကြောင့် ဖမ်းဆီးခံလိုက်ရ

ပရိသတ်ကြီးရေ သီချင်းချိုချိုလေးတွေ သီဆိုတတ်တဲ့ တက်သစ်စ အဆိုတော်မီးနိုဟာဆိုရင် ဒီကနေ့မှာပဲ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်

သူမဟာ ဆင်းရဲတဲ့ပြည်သူတွေနဲ့ စစ်ရှောင်ဒုက္ခသည်တွေကို တတ်နိုင်သမျှ လှူဒါန်းမှုပြုနေတဲ့ ပရဟိတအကျိုးကိုဆောင်ရွက်နေသူလေးပါ

နွေဦးတော်လှန်ရေးမှာလည်း အမှန်တရားဘက်က ရပ်တည်ပြီး ပြည်သူတွေနဲ့တစ်သားတည်းရှိနေခဲ့တာဖြစ်ပြီး အခုထိလဲ အာဏာရှင်ကိုဆန့်ကျင်နေတဲ့အနုပညာရှင်တစ်ယောက်ပါ

အခုလိုခေတ်ကာလကြီးမှာတောင်ဆင်းရဲနွမ်းပါးသူတွေနဲ့ စစ်ရှောင်ဒုက္ခသည်တွေကို အခက်အခဲတွေကြားကနေ မရရအောင်ကူညီနေသူလေးပါ အဲ့လိုတွေကြောင့်ပဲ ဒလန်တွေက သူ့ကိုမုန်းတီးနေပြီး PDF ကိုထောက်ပံ့သူလို့ စွပ်စွဲခဲ့တာပဲဖြစ်ပါတယ်

အဲ့ဒီစွပ်စွဲချက်ကြောင့်ပဲ မီးနိုဟာ ရှောင်တိမ်းနေရပြီး ကိုရေမွန်ရဲ့ နာရေးကိုတောငိ မသွားနိုင်ခဲ့လို့ စိတ်မကောင်းဖြစ်ရတယ်လို့ သူ့ပရိသတ်ကို ရင်ဖွင့်ထားပါသေး တယ်

အခုတော့ ဒလန်ရဲ့သတင်းပေးကြောင့် မီးနိုဟာ ဒီနေ့ ပဲဖမ်းဆီးခံလိုက်ရပြီလို့ သူနဲ့ရင်းနှီးသူ အချို့မှ ပြောကြားလာတာပဲ ဖြစ်ပါတယ်

ပြည်သူ့ဘက်ကရပ်တည်သော၊ ပြည်သူကိုချစ်သော၊ ပြည်သူကချစ်သော အဖမ်းဆီခံခေါင်းဆောင်များ နှင့် အနုပညာရှင်များ အမြန်ဆုံးလွတ်မြောက်ကြပါစေ အခုလိုဝင်ရောက်ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ရှိပါတယ်