Unicode
၇၂နှစ်ပြည့် မွေးနေ့ပွဲလေးကို ကျင်းပခဲ့ရာ ယုံကြည်သူပင်မရှိလောက်အောင် အရွယ်တင်နုပျိုလွန်းနေသည့် ဒီဇိုင်နာမလေး၏ မွေးနေ့ပွဲ
ကမ္ဘာပေါ်ရှိလူသားတိုင်းသည် အိုမင်းရင့်ရော်ခြင်းဆိုသော အရာနှင့် ကြုံတွေ့ကြရမည်ဖြစ်ပေသည်။အသက်အရွယ်အနည်းငယ် ကြီးပြင်လာသည်နှင့် လူသားတို့ဟာ ဇရာကို အံ့မတုနိုင်ဘဲ လူတိုင်း လက်မြှောက်အရှုံးပေးကြရပေသည်။သို့သော်လည်း အိုမင်းရင့်ရော်ခြင်းကို ပြုံးပြုံးကြီးဖြင့် အံတုပြနေသည့် အမျိုးသမီးတော့ ရှိနေခဲ့ပါတယ်။
သူမရဲ့နာမည်ဟာ Vera Wangဟုသိရပြီး အမေရိကန်နိုင်ငံတွင်နေထိုင်ကာ အသက်၇၂နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။သူမဟာ အသက်၇၂နှစ်ပြည့် မွေးနေ့ကို ကျင်းပသည့်အခါ လူတိုင်းက လိမ်ညာနေသည်ဟုပင် ထင်မှတ်ရလောက်အောင် အရွယ်တင် နုပျိုနေခဲ့သည်။
သူမ၏ အရွယ်တင်နုပျိုမှုကြောင့် လူများဟာ အသက်၂၀ကျော်ဝန်းကျင်ဟုသာ ထင်မှတ်ကြပြီး အသက်၇၂နှစ်အရွယ်ဟု ထင်မှတ်စရာမရှိနိုင်ခဲ့ပေ။သူမသည် အမေရိကန်နိုင်ငံတွင် အောင်မြင်တဲ့ ဒီဇိုင်နာတစ်ဦးအဖြစ် ရပ်တည်နေသူလည်းဖြစ်ပါတယ်။