သူ့ကို ပုဒ်မ ၅၀၅(က) ရုတ်သိမ်းပေးလိုက်ပေမယ့်လည်း အာဏာရှင်လူတစ်စုကို ဆက်လက်တော်လှန်နေမှာ ဖြစ်ကြောင်း ဖွင့်ဟလာတဲ့ သရုပ်ဆောင်တစ်ဦး
မကြာသေးခင် ရက်ပိုင်းလောက်က ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုအရေးယူခံထားရတဲ့ အနုပညာရှင်များထဲမှ (၂၄)ဦးကို အမှုမှကင်းလွတ်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။
ထို (၂၄) ဦးထဲတွင် သရုပ်ဆောင် သီဟထွန်းလည်း ပါဝင်ခဲ့ပါတယ်။
အခုလို အမှုရုတ်သိမ်းပေးခံခဲ့ရပေမယ့်လည်း သွေးအေးမသွားဘဲ တော်လှန်ရေးနဲ့ တစ်သားတည်း ရှိနေမယ့်သူ ဖြစ်ကြောင်းကို သူ့ရဲ့လူမှုကွန်ယက်တွင် ရေးသားဝေမျှထားတာ ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးဆိုတာမြန်မာပြည်သူတွေကြားထဲ မတရားမှုကို ဆန့်ကျင်ဖို့ ၊အာဏာရှင်လူတစ်စုကို ဆန့်ကျင်ဖို့အတွက် တစ်သွေးတစ်သားထဲ ဖြစ်တည်လာတာ ဖြစ်ပါတယ်။
မတရားမှု၊ အနိုင်ကျင့်မှုတွေကို လက်မခံတတ်တဲ့ သူ့ရဲ့ ဗီဇကြောင့် အာဏာသိမ်းပြီးချိန်ကစပြီး အာဏာရှင်လူတစ်စုကို တော်လှန်ဖို့အရေး တစ်စိုက်မတ်မတ်လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။
သူ့ကို အမှုပိတ်တဲ့အကြောင်း ထုတ်တဲ့စာထဲတွင် ပရောဂကြောင့်နွေဦးတော်လှန်ရေးတွင် ပါဝင်ခဲ့တာဖြစ်တယ်လို့ ရေးသားထားတာ ဖြစ်ပါတယ်။
ပရောဂဝင်နေတဲ့ အာဏာရှင်လူတစ်စုကို မောင်းထုတ်ဖို့အတွက် ဒီတော်လှန်ရေးမှာ ပြည်သူတွေနဲ့အတူ ပေါင်းစည်းခဲ့တာဖြစ်ကြောင်း သေချာရှင်းပြထားတာ ဖြစ်ပါတယ်။
အမှုပိတ်တဲ့စာ မထုတ်သေးတဲ့ ကာလတွေမှာလည်း ခံဝန်ကတိထိုးပြီးအိမ်မှာအေးအေးဆေးဆေး ပြန်နေလို့ရတဲ့အကြောင်းနီးစပ်ရာအနုပညာအသိုင်းအဝိုင်းမှ တစ်ဆင့်အကြိမ်ကြိမ်ကမ်းလှမ်းခြင်းကို ခံခဲ့ရပေမယ့်လည်းပြတ်သားစွာ ငြင်းဆန်ခဲ့သူ ဖြစ်ပါတယ်။
ဒါ့ကြောင့် အမှုကင်းလွတ်ကြောင်း ထုတ်ပြန်တဲ့ ကြေငြာစာထဲမှာ သရုပ်ဆောင် သီဟထွန်းအား ပရောဂကြောင့်တော်လှန်ရေးမှာ ပါဝင်ခဲ့ရတယ်လို့ ပရိသတ်တွေနဲ့ သွေးကွဲအောင် ရေးသားသုံးနှုန်းထားတာ ဖြစ်ပါတယ်။
နွေဦးမှာကျဆုံးခဲ့ရသူတွေ ၊ ဖမ်းဆီးခံခဲ့ရသူတွေ၊ ပြည်သူ့ဝန်ထမ်းတွေကို မျက်ကွယ်ပြုပြီး အေးဆေးနေသွားရမှာကိုလိပ်ပြာမလုံတဲ့အတွက် အမှုပိတ်သိမ်းသွားလည်း ကိုယ်ရွေးချယ်တဲ့ အစိုးရအုပ်ချုပ်မှုပြန်မရမချင်း နွေဦးတော်လှန်ရေးနဲ့အတူ တစ်သားတည်းရှိနေမည်ဖြစ်ကြောင်း သရုပ်ဆောင် သီဟထွန်းမှ ရေးသားထားပါတယ်။
ပရောဂကြောင့်မဟုတ်ဘဲ ခံယူချက်ကြောင့် လုပ်နေတဲ့ သရုပ်ဆောင် သီဟထွန်းရဲ့ စိတ်ဓာတ်ကတော့ လေးစားစရာပါပဲ။
ပြည်သူတွေဘက်ကနေ ရပ်တည်ပေးကြတဲ့ အနုပညာရှင်များအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေလိုဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
တော်လှန်ရေးနဲ့ တသားတည်းရှိနေမဲ့သူနွေဦးတော်လှန်ရေးဆိုတာ မြန်မာပြည်သူတွေကြားထဲ မတရားမှုကို ဆန့်ကျင်ဖို့၊အာဏာရူးကို ဆန့်ကျင်ဖို့ တသွေးတသားထဲ ဖြစ်တည်လာတာပါ။
မတရားမှု၊ အနိုင်ကျင့်မှုတွေကို လက်မခံတက်တဲ့ ဗီဇကြောင့် အာဏာသိမ်းပြီးချိန်ကစလို့စစ်တပ်ကို တော်လှန်ဖို့အရေး တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သူပါ။
လမ်းမတွေထက်မှာ ပြည်သူတွေနဲ့ အတူကျနော် တသားတည်းရှိခဲ့ပါတယ်။
ကျနော်ဆိုတာကလဲ အားပေးတဲ့ ပရိသတ်တွေ ပြည်သူတွေကြောင့်သာ ဖြစ်တည်လာခဲ့ရတာပါ။
အားပေးတဲ့ ပရိသတ်တွေ မရှိရင် ကျနော်ရဲ့ ဖြစ်တည်မှုဆိုတာ ရှိလာမှာ မဟုတ်ပါဘူး။
ဒီလိုပဲ ကျနော်ဖြစ်တည်နေမှုကလဲ ပရိသတ်တွေနဲ့ တသားထဲပါ။အဓိက ပြောချင်တာက အမှုပိတ်ပါတယ်လို့ထုတ်တဲ့ စာမှာရေးထားတဲ့ အတိုင်းပရောဂကြောင့် ဒီနွေဦးတော်လှန်ရေးထဲ ပါဝင်ခဲ့တာမဟုတ်ပါဘူး။
ပရောဂ ဝင်နေတဲ့ စစ်တပ်ကို မောင်းထုတ်ဖို့ ကျနော်အသွေးအသားတွေက ပြည်သူတွေနဲ့ ပေါင်းစည်းခဲ့တာပါ။
ကျနော်ကို ခံဝန်လက်မှတ်ရေးထိုးပြီးအေးဆေးပြန်နေလို့ရတယ်ဆိုတဲ့ကမ်းလှမ်းမှုတွေကို့ နီးစပ်ရာအနုပညာအသိုင်းဝိုင်းဘက်ကနေလုပ်ပေးဖို့ အကြိမ်ကြိမ်လုပ်ခဲ့ပါတယ်။
အခုထုတ်တဲ့စာမှာပါတဲ့ ပြင်ပ ပရောဂကြောင့်လုပ်ရပါတယ်ဆိုတာမျိုးပါမှာမို ကျနော်ဘက်က အကြိမ်ကြိမ်ငြင်းဆန်နေခဲ့တာပါ။
ဒါတောင်မှကျနော် သီဟထွန်း နာမည်ကို အမှတ် ၁၃ မှာ ထည့်သွင်းခဲ့တယ်။
ပရိသတ်နဲ့ ကျနော်သွေးခွဲအောင် ပရောဂကြောင့် ကျနော်က လုပ်ရပါတယ်ဆိုတဲ့ စကားကို သုံးထားတယ်။
နွေဦးမှာ ကျဆုံးခဲ့တဲ့သူတွေ အဖမ်းခံရတဲ့သူတွေ ဘဝတွေပျက်ခဲ့တဲ့သူတွေ လမ်းပေါ်ထွက်ပြီး CDMလုပ်ဖို့ပြောခဲ့ဖူးတဲ့ CDMလုပ်ဝန်ထမ်းတွေအတွက် ကျနော်မျက်နှာပြောင်တိုက်ပြီးပါးစပ်ပိတ်ပြီးငြိမ်နေလိုက်ရမှာကို့လိပ်ပြာမလုံဘူး။
ဒါကြောင့်အမှုပိတ်လည်း ကိုယ်လိုချင်တဲ့စနစ် ကိုယ်ရွေးချယ်တဲ့ အစိုးရအုပ်ချုပ်မှု ပြန်မရမချင်းနွေဦးတော်လှန်ရေးနဲ့အတူ ကျနော် တသားတည်း ရှိနေဦးမှာပါ။
တော်လှန်ရေးတွေ ဆက်လုပ်နေမှာပါ။ စစ်တပ်ကို တိုက်ထုတ်နေဦးမှာပါ။
ပရောဂကြောင့် မဟုတ်ဘဲ ခံယူချက်ကြောင့် လုပ်နေတယ်ဆိုတာကို စကစ သိစေဖို့ ဒီစာကို ရေးလိုက်ရတာပါ။
အရေးတော်ပုံအောင်ရမည်