ဗဟုသုတ

မိသားစုပဲ စားယုံမက စီးပွားဖြစ်ပါ လုပ်ရောင်းနိုင်တဲ့ ငါးအသားမှုန့်လုပ်နည်း

သဘာဝဟင်းခပ်မှုန့်လေးကိုယ်တိုင်လုပ်ကြမယ်ချစ်တို့ရေ့တကယ်ချိုပါတယ်ဆား၊သကြားဘာဆိုဘာမှမထည့်ပဲငါးနဲ့ကြက်သွန်နီရဲ့ သဘာဝအချိုကိုယူထားပါတယ်ဒီနေ့ချက်တဲ့ဟင်းထဲခပ်ကြည့်တာအဆင်ပြေလို့ဝမ်းသာပီတိ လဲဖြစ်ရတယ်

ပြုလုပ်နည်းကလဲလွယ်ကူလို့ချစ်ရတဲ့အိမ်ရှင်မတွေအတွတ်မျှဝေပေးလိုက်ပါတယ်ရှင်မင်္ဂလာနေ့လယ်ခင်းပါ ငါးရွှေငါးနဲ့ပြုလုပ်ထားတဲ့သဘာဝဟင်းခပ်မှုန့်ပါရှင်ပုံမှန်ချက်နေကျဟင်းတွေအတွတ်ငါးအသားမှုန့်နဲ့ ဟင်းခါးတွေ ထမင်းကြော်တွေငရုတ်ကောင်းပါတဲ့ဟင်းလျာတွေ အတွတ်ငရုတ်ကောင်းပါဝင်တဲ့ထမင်းကြော်တွေငရုတ်ကောင်းပါတဲ့ဟင်းလျာတွေ အတွတ်ငရုတ်ကောင်းပါဝင်တဲ့သဘာဝငါးအသားမှုန့်ပါရှင်ငါးရွှေငါးကိုသုံးထားပါတယ်

အချိုမှုန့်အစားထိုးသုံးမှာမို့ငါးကိုအချိုလေးတဲ့အညှီနံ့ကင်းတဲ့သဘာဝငါးတွေအသုံးပြုစေချင်ပါတယ်ပထမတော့ပလာတူး(ငါးသေတ္တာ)ငါးကိုအသုံးပြုဖို့စဉ်းစားပါတယ်

ငါးသေတ္တာငါးကအညှီလဲကင်းသလိုအရမ်းလဲချိုပါတယ်

ဒါပေမယ့်အဲ့ဒီ့ငါးတွေကသွေးလေးစေတတ်လို့ငါးရွှေငါးကိုအ သုံးပြုထားပါတယ် ဒီငါးရွှေငါးတစ်ကောင်ကို၁၅၀၀၀ပေးရပါတယ်

၈၀သါးအကောင်လောက်ရှိပါတယ် အဓိကလတ်ဆတ်ဖို့လိုပါတယ်

အနံ့မကောင်းတဲ့ငါးဆိုရင်ညှီနံပြင်းလွန်းပါမယ်ငါးကိုစိတ်ကြိုက်တုံးတစ်လို့ရပါတယ် ပန်းခရေကတော့အကျက်မြန်အောင်လွှာထားပါတယ်ရေနွေးပွက်ပွက်ဆူအောင်တည်ပါ ရေနွေးဆူလာရင် ငါးတွေကိုဇကာနဲ့ထည့်ပေါင်းပါရှင် ပြုပ်လဲရပါတယ် ပေါင်းထားတဲ့ငါးတွေကျက်ပြီဆိုရင်တော့အရိုးနဲ့အရေခွံဖယ်ပြီးအသားတွေကိုချေထားပါ

သဘာဝဟင်းခပ်မှုန့်ကိုပိုလို့မှချိုအောင်လို့ကြက်သွန်နီကိုလဲသုံးပါမယ်ကြက်သွန်နီဥကြီးကြီး၁၀လုံးကိုလေးစိပ်ထိုးထားပါ

ကြက်သွန်ဖြူဗမာဥ၅ကျပ်သားကိုလဲကြက်သွန်ဖြူတစ်တက်ကို၂ခြမ်းခြမ်းထားပါပြီးရင်တော့အခြောက်ခံပါမယ်ရှင်

ဒီနေရာမှာပန်းခရေရှင်းပြချင်တာလေးရှိပါတယ် အခြောက်ခံတာကိုစက်ရှိမှခြောက်လို့ရတာမဟုတ်ပါဘူးရှင်

နေပူပူမှာအခြောက်ခံလဲရပါတယ်မီးသွေးနဲ့ချက်တဲ့သူဆိုနောက်ဆုံးကျန်တဲ့မီးငွေ့ငွေ့နဲ့ဗန်းကြီးကြီးထဲထည့်တင်ထားလို့လဲရပါတယ် Ovenရှိရင်လဲမီးအားအနည်းဆုံးနဲ့အခြောက်ခံလို့ရပါတယ် အဓိက ကသဘာဝဟင်းခပ်မှုန့်ကိုပြုလုပ်မှာပါ

မိမိမီးဖိုဆောင်ကအသုံးပြုလို့ရတဲ့ဘယ်လိုအရာနဲ့ပဲဖစ်ဖြစ်အခြောက်ခံလို့ရပါတယ် အခြောက်ခံစက်ရှိမှမဟုတ်ပါဘူးနော်

ချစ်တို့ရေ့သွေ့နေအောင်ခြောက်ပြီဆိုရင်တော့ရပါပြီ အခြောက်ခံတဲ့အခါကြက်သွန်နီနဲ့ငါးကတော့အခြောက်မြန်ပါတယ်

အစေးဓာတ်ပါတဲ့ကြက်သွန်ဖြူကိုတော့အနည်းငယ်စိတ်ရှည်စွာ အခြောက်ခံရပါတယ်ရပြီ အားလုံးခြောက်ပြီ ငါးလဲသွေ့နေအောင်ခြောက်ပြီ

ကြက်သွန်ဖြူနဲ့ကြက်သွန်နီလဲသွေ့နေအောင်ခြောက်ပါပြီ ဒါဆိုရင်တော့ပန်းခရေတို့ကခြောက်နေပြီဖြစ်တဲ့ငါးအသားတွေကြက်သွန်နီနဲ့ကြက်သွန်ဖြူကိုမီးအေးအေးနဲ့စိတ်ရှည်ရှည်လှော်ပါမယ်မီးလုံးဝအေးနေဖို့တော့လိုပါတယ်

မီးဘယ်လောက်အေးမလဲဆိုရင်ဘယ်အချိန်ဒယ်အိုးထဲကလှော်နေတာတွေကိုဆုပ်ကိုင်ကိုင် ကိုင်နိုင်လောက်အောင် အေးတဲ့မီးအရှိန်နဲ့လှော်ပါမယ်ဒီလိုလှော်တာကအကြာကြီးသိမ်းမယ့်အရာမို့မှိုမတက်တာပိုသေချာစေတယ် ပြီးတော့အရမ်းပဲမွှေးသွားပါတယ် မွှေးမွှေးလေးဖြစ်သွားတယ် ဒီအဆင့်ကိုကျော်ပြီးခြောက်တာနဲ့တန်းကြိတ်လဲရပါတယ်

လှော်လိုက်တော့ပိုကြွပ်ပြီးမွှေးမွှေးလေးဖြစ်သွားတယ် ဒါဆိုရင်တော့ ကြိတ်ပါမယ် ဒီလိုpowderအမှုန့်ဖြစ်သွားတဲ့အထိကြိတ်ရပါမယ်ဒါလေးကတော့အရေးကြီးပါတယ်

ညက်ညက်ကလေးပေါင်ဒါမှုန့်လို ပြီးတော့ကြိတ်တဲ့စက်၊ထည့်မယ့်ပန်းကန်လုံး၊ဇွန်း၊မိမိလက်၊စားပွဲ စတာတွေဟာသန့်ရှင်းခြောက်သွေ့နေရပါမယ်အစိုဓာတ်လုံးဝရှိမနေရပါဘူး

တာရှည်ခံဆေးလုံးဝမပါပဲသဘာဝအတိုင်းပြုလုပ်ထားတာမို့မှိုမတက်နိုင်အောင်သေချာဂရုစိုက်ဖို့တော်တော်လေးလိုအပ်ပါတယ်

အကြာကြီးထားသုံးရမှာမို့သဘာဝတော့ဖြစ်ပါတယ် ဒါပေမယ့်မသိလိုက်ချိန်မှိုတက်နေရင်လဲကြီးမားတဲ့အန္တရာယ်ပါ ပဲချစ်တို့ရေ့

ဒါ့ကြောင့်သေချာဂရုစိုက်ပါရှင်ရလာတဲ့ငါးအသားမှုန့်တွေကိုပိုလို့မှညက်သွားအောင်ဇကာချပါမယ်ဒီလိုသိပ်မကြေသေးတဲ့အဖတ်တွေကျန်ပါမယ်

ဇကာချလိုက်ရင်တော့ဒီလိုညက်နေတဲ့ငါးအသားမှုန့်ရပါပြီသိပ်မမကြေပဲကျန်နေတဲ့ငါးအသားမှုန့်တွေထပ်ကြိတ်ပြီးထပ်ဇကာချပါ

တစ်ဝက်လောက်ကြိတ်ပြီးသွားရင်ကျန်တစ်ဝက်ကိုလှော်ထားတဲ့ ငရုတ်ကောင်းမွှေးမွှေးလေးထည့်ကြိတ်ပါညက်အောင်ကြိတ်ပါ

ဇကာချပါ ရပါပြီရှင် သဘာဝငါးအသားမှုန့် ငရုတ်ကောင်းမပါတာတစ်ပုလင်းနဲ့ငရုတ်ကောင်းထည့်ထားတာတစ်ပုလင်းအသားတွေငါးတွေကိုငါးအသားမှုန့်ထည့်ပြီးနယ်နှပ်ထားနိုင်ပါတယ်

ဟင်းထဲကိုလဲအချိုမှုန့်အစားထိုးအဖြစ်သုံးနိုင်ပါတယ် သတိထားရမှာကတော့မှိုမတက်အောင်ဇွန်းသန့်နဲ့ခပ်ပါရေခဲသေတ္တာအအေးခန်းထဲပုလင်းအဖုံးသေချာဖုံးပြီးထည့်သိမ်းပါ

ပြီးတော့အဓိကအကျဆုံးသတိထားရမှာကပုလင်းထဲကိုခပ်ထားတဲ့ဇွန်းကိုပုလင်းထဲအမြဲထည့်မထားပါနဲ့ခပ်ပြီးတဲ့ဇွန်းကိုပြန်နှုတ်ပြီးမှ

အဖုံးဖုံးပါနော်ဟင်းချက်နေတဲ့လက်ဆိုတာဆီလဲပေနေနိုင်တယ်ရေတွေနဲ့လဲစိုနေနိုင်တာမို့ကိုင်ထားတဲ့ဇွန်းကိုပုလင်းထဲထည့်မထားသင့်ပါဘူး

ဇွန်းနဲ့ခပ်ပြီးတိုင်းဇွန်းထုတ်ပြီးမှသေချာအဖုံးပိတ်သိမ်းပါရှင်

Zawgyi

သဘာဝဟင္းခပ္မႈန႔္ေလးကိုယ္တိုင္လုပ္ၾကမယ္ခ်စ္တို႔ေရ႕တကယ္ခ်ိဳပါတယ္ဆား၊သၾကားဘာဆိုဘာမွမထည့္ပဲငါးနဲ႕ၾကက္သြန္နီရဲ႕

သဘာဝအခ်ိဳကိုယူထားပါတယ္ဒီေန႕ခ်က္တဲ့ဟင္းထဲခပ္ၾကည့္တာအဆင္ေျပလို႔ဝမ္းသာပီတိ လဲျဖစ္ရတယ္

ျပဳလုပ္နည္းကလဲလြယ္ကူလို႔ခ်စ္ရတဲ့အိမ္ရွင္မေတြအတြတ္မွ်ေဝေပးလိုက္ပါတယ္ရွင္မဂၤလာေန႕လယ္ခင္းပါ ငါးေ႐ႊငါးနဲ႕ျပဳလုပ္ ထားတဲ့သဘာဝဟင္းခပ္မႈန႔္ပါရွင္ပုံမွန္ခ်က္ေနက်ဟင္းေတြအတြတ္ငါးအသားမႈန႔္နဲ႕ ဟင္းခါးေတြထမင္းေၾကာ္ေတြင႐ုတ္ေကာင္းပါတဲ့ဟင္းလ်ာေတြ အတြတ္င႐ုတ္ေကာင္းပါဝင္တဲ့ထမင္းေၾကာ္ေတြင႐ုတ္ေကာင္းပါတဲ့ဟင္းလ်ာေတြ အတြတ္င႐ုတ္ေကာင္းပါဝင္တဲ့သဘာဝငါးအသားမႈန႔္ပါရွင္ငါးေ႐ႊငါးကိုသုံးထားပါတယ္

အခ်ိဳမႈန႔္အစားထိုးသုံးမွာမို႔ငါးကိုအခ်ိဳေလးတဲ့အညွီနံ႕ကင္းတဲ့သဘာဝငါးေတြအသုံးျပဳေစခ်င္ပါတယ္ပထမေတာ့ပလာတူး(ငါးေသတၱာ)ငါးကိုအသုံးျပဳဖို႔စဥ္းစားပါတယ္

ငါးေသတၱာငါးကအညွီလဲကင္းသလိုအရမ္းလဲခ်ိဳပါတယ္

ဒါေပမယ့္အဲ့ဒီ့ငါးေတြကေသြးေလးေစတတ္လို႔ငါးေ႐ႊငါးကိုအ သုံးျပဳထားပါတယ္ ဒီငါးေ႐ႊငါးတစ္ေကာင္ကို၁၅၀၀၀ေပးရပါတယ္

၈၀သါးအေကာင္ေလာက္ရွိပါတယ္ အဓိကလတ္ဆတ္ဖို႔လိုပါတယ္

အနံ႕မေကာင္းတဲ့ငါးဆိုရင္ညွီနံျပင္းလြန္းပါမယ္ငါးကိုစိတ္ႀကိဳက္တုံးတစ္လို႔ရပါတယ္ ပန္းခေရကေတာ့အက်က္ျမန္ေအာင္လႊာထားပါတယ္ေရႏြေးပြက္ပြက္ဆူေအာင္တည္ပါ ေရႏြေးဆူလာရင္ ငါးေတြကိုဇကာနဲ႕ထည့္ေပါင္းပါရွင္ ျပဳပ္လဲရပါတယ္ ေပါင္းထားတဲ့ငါးေတြက်က္ၿပီဆိုရင္ေတာ့အရိုးနဲ႕အေရခြံဖယ္ၿပီးအသားေတြကိုေခ်ထားပါ

သဘာဝဟင္းခပ္မႈန႔္ကိုပိုလို႔မွခ်ိဳေအာင္လို႔ၾကက္သြန္နီကိုလဲသုံးပါမယ္ၾကက္သြန္နီဥႀကီးႀကီး၁၀လုံးကိုေလးစိပ္ထိုးထားပါ

ၾကက္သြန္ျဖဴဗမာဥ၅က်ပ္သားကိုလဲၾကက္သြန္ျဖဴတစ္တက္ကို၂ျခမ္းျခမ္းထားပါၿပီးရင္ေတာ့အေျခာက္ခံပါမယ္ရွင္

ဒီေနရာမွာပန္းခေရရွင္းျပခ်င္တာေလးရွိပါတယ္ အေျခာက္ခံတာကိုစက္ရွိမွေျခာက္လို႔ရတာမဟုတ္ပါဘူးရွင္

ေနပူပူမွာအေျခာက္ခံလဲရပါတယ္မီးေသြးနဲ႕ခ်က္တဲ့သူဆိုေနာက္ဆုံးက်န္တဲ့မီးေငြ႕ေငြ႕နဲ႕ဗန္းႀကီးႀကီးထဲထည့္တင္ထားလို႔လဲရပါတယ္ Ovenရွိရင္လဲမီးအားအနည္းဆုံးနဲ႕အေျခာက္ခံလို႔ရပါတယ္ အဓိက ကသဘာဝဟင္းခပ္မႈန႔္ကိုျပဳလုပ္မွာပါ

မိမိမီးဖိုေဆာင္ကအသုံးျပဳလို႔ရတဲ့ဘယ္လိုအရာနဲ႕ပဲဖစ္ျဖစ္အေျခာက္ခံလို႔ရပါတယ္ အေျခာက္ခံစက္ရွိမွမဟုတ္ပါဘူးေနာ္

ခ်စ္တို႔ေရ႕ေသြ႕ေနေအာင္ေျခာက္ၿပီဆိုရင္ေတာ့ရပါၿပီ အေျခာက္ခံတဲ့အခါၾကက္သြန္နီနဲ႕ငါးကေတာ့အေျခာက္ျမန္ပါတယ္

အေစးဓာတ္ပါတဲ့ၾကက္သြန္ျဖဴကိုေတာ့အနည္းငယ္စိတ္ရွည္စြာ အေျခာက္ခံရပါတယ္ရၿပီ အားလုံးေျခာက္ၿပီ ငါးလဲေသြ႕ေနေအာင္ေျခာက္ၿပီ

ၾကက္သြန္ျဖဴနဲ႕ၾကက္သြန္နီလဲေသြ႕ေနေအာင္ေျခာက္ပါၿပီ ဒါဆိုရင္ေတာ့ပန္းခေရတို႔ကေျခာက္ေနၿပီျဖစ္တဲ့ငါးအသားေတြၾကက္သြန္နီနဲ႕ၾကက္သြန္ျဖဴကိုမီးေအးေအးနဲ႕စိတ္ရွည္ရွည္ေလွာ္ပါမယ္မီးလုံးဝေအးေနဖို႔ေတာ့လိုပါတယ္

မီးဘယ္ေလာက္ေအးမလဲဆိုရင္ဘယ္အခ်ိန္ဒယ္အိုးထဲကေလွာ္ေနတာေတြကိုဆုပ္ကိုင္ကိုင္ ကိုင္နိုင္ေလာက္ေအာင္ေအးတဲ့မီးအရွိန္နဲ႕ေလွာ္ပါမယ္ဒီလိုေလွာ္တာကအၾကာႀကီးသိမ္းမယ့္အရာမို႔မွိုမတက္တာပိုေသခ်ာေစတယ္ ၿပီးေတာ့အရမ္းပဲေမႊးသြားပါတယ္ ေမႊးေမႊးေလးျဖစ္သြားတယ္ ဒီအဆင့္ကိုေက်ာ္ၿပီးေျခာက္တာနဲ႕တန္းႀကိတ္လဲရပါတယ္

ေလွာ္လိုက္ေတာ့ပိုႂကြပ္ၿပီးေမႊးေမႊးေလးျဖစ္သြားတယ္ ဒါဆိုရင္ေတာ့ ႀကိတ္ပါမယ္ ဒီလိုpowderအမႈန႔္ျဖစ္သြားတဲ့အထိႀကိတ္ရပါမယ္ဒါေလးကေတာ့အေရးႀကီးပါတယ္

ညက္ညက္ကေလးေပါင္ဒါမႈန႔္လို ၿပီးေတာ့ႀကိတ္တဲ့စက္၊ထည့္မယ့္ပန္းကန္လုံး၊ဇြန္း၊မိမိလက္၊စားပြဲ စတာေတြဟာသန႔္ရွင္းေျခာက္ေသြ႕ေနရပါမယ္အစိုဓာတ္လုံးဝရွိမေနရပါဘူး

တာရွည္ခံေဆးလုံးဝမပါပဲသဘာဝအတိုင္းျပဳလုပ္ထားတာမို႔မွိုမတက္နိုင္ေအာင္ေသခ်ာဂ႐ုစိုက္ဖို႔ေတာ္ေတာ္ေလးလိုအပ္ပါတယ္

အၾကာႀကီးထားသုံးရမွာမို႔သဘာဝေတာ့ျဖစ္ပါတယ္ ဒါေပမယ့္မသိလိုက္ခ်ိန္မွိုတက္ေနရင္လဲႀကီးမားတဲ့အႏၱရာယ္ပါ ပဲခ်စ္တို႔ေရ႕

ဒါ့ေၾကာင့္ေသခ်ာဂ႐ုစိုက္ပါရွင္ရလာတဲ့ငါးအသားမႈန႔္ေတြကိုပိုလို႔မွညက္သြားေအာင္ဇကာခ်ပါမယ္ဒီလိုသိပ္မေၾကေသးတဲ့အဖတ္ေတြက်န္ပါမယ္

ဇကာခ်လိဳက္ရင္ေတာ့ဒီလိုညက္ေနတဲ့ငါးအသားမႈန႔္ရပါၿပီသိပ္မမေၾကပဲက်န္ေနတဲ့ငါးအသားမႈန႔္ေတြထပ္ႀကိတ္ၿပီးထပ္ဇကာခ်ပါ

တစ္ဝက္ေလာက္ႀကိတ္ၿပီးသြားရင္က်န္တစ္ဝက္ကိုေလွာ္ထားတဲ့ င႐ုတ္ေကာင္းေမႊးေမႊးေလးထည့္ႀကိတ္ပါညက္ေအာင္ႀကိတ္ပါ

ဇကာခ်ပါ ရပါၿပီရွင္ သဘာဝငါးအသားမႈန႔္ င႐ုတ္ေကာင္းမပါတာတစ္ပုလင္းနဲ႕င႐ုတ္ေကာင္းထည့္ထားတာတစ္ပုလင္းအသားေတြငါးေတြကိုငါးအသားမႈန႔္ထည့္ၿပီးနယ္ႏွပ္ထားနိုင္ပါတယ္

ဟင္းထဲကိုလဲအခ်ိဳမႈန႔္အစားထိုးအျဖစ္သုံးနိုင္ပါတယ္ သတိထားရမွာကေတာ့မွိုမတက္ေအာင္ဇြန္းသန႔္နဲ႕ခပ္ပါေရခဲေသတၱာအေအးခန္းထဲပုလင္းအဖုံးေသခ်ာဖုံးၿပီးထည့္သိမ္းပါ

ၿပီးေတာ့အဓိကအက်ဆဳံးသတိထားရမွာကပုလင္းထဲကိုခပ္ထားတဲ့ဇြန္းကိုပုလင္းထဲအၿမဲထည့္မထားပါနဲ႕ခပ္ၿပီးတဲ့ဇြန္းကိုျပန္ႏႈတ္ၿပီးမွ

အဖုံးဖုံးပါေနာ္ဟင္းခ်က္ေနတဲ့လက္ဆိုတာဆီလဲေပေနနိုင္တယ္ေရေတြနဲ႕လဲစိုေနနိုင္တာမို႔ကိုင္ထားတဲ့ဇြန္းကိုပုလင္းထဲထည့္မထားသင့္ပါဘူး

ဇြန္းနဲ႕ခပ္ၿပီးတိုင္းဇြန္းထုတ္ၿပီးမွေသခ်ာအဖုံးပိတ္သိမ္းပါရွင္