ဗဟုသုတ

မိုးရွာထဲမှာ အရုပ်လေးတွေရောင်းရင်း၀မ်းရေးဖြေရှင်းနေရတဲ့အမေအိုဆီကနေ ဗန်းတစ်၀က်ကျော်အားပေး၀ယ်ယူခဲ့တဲ့ စေတနာရှင်လူငယ်လေး

မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေအရ ပြည်သူတွေရဲ့စား၀တ်နေရေး‌ကြပ်တည်းကာ ကုန်ဈေးနှုန်းမြင့်တက်မှုတွေအပြင် ကိုဗစ်ပျံ့နှံ့နေမှုတွေကြောင့် ပြည်သူတွေအနေနဲ့ အခက်အခဲဒုက္ခမျိုးစုံကိုခံစားနေကြရပါတယ်။

အာဏာသိမ်းမှုစတင်ခဲ့တဲ့ ဖေဖော်ဝါရီလအစပိုင်းတည်းကစကာ ကုန်ဈေးနှုန်းမြင့်တက်မှုတွေဖြစ်ပေါ်လာနေပြီး အခြေခံလူတန်းစားအများစုမှာ စား၀တ်နေရေးကြပ်တည်းမှုတွေနဲ့ တွေ့ကြုံခံစားနေကြရတာဖြစ်ပါတယ်။

စား၀တ်နေရေးကြပ်တည်းလာမှုကြောင့် ပြည်သူတွေအနေနဲ့ ရရာအလုပ်တွေလည်း၀င်လုပ်နေကြရသလို အလုပ်ရှားပါးမှုအခြေအနေတွေကြောင့် လမ်းဘေးတွေမှာ အဆင်ပြေသလိုဈေးရောင်းနေရတဲ့သူတွေလည်း တွေ့လာနေရပါတယ်။

အခုလို၀မ်းရေးဖြေရှင်းဖို့အတွက် ဈေးရောင်းနေကြရတဲ့အထဲမှာ သက်ကြီးရွယ်အိုအဘိုးအဘွားတွေလည်း ပါ၀င်နေပြီး နေပူမရှောင်၊မိုးရွာမရှောင် ‌လုပ်ကိုင်နေကြရတာကိုတွေ့ရပါတယ်။

မကြာသေးခင်ကတော့ လူမှုကွန်ယက်စာမျက်နှာထက်မှာ မိုးရွာနေတဲ့ကြားကနေစား၀တ်နေရေးအတွက် လမ်းဘေးမှာ အရုပ်လေးတွေ၊ကလစ်လေးတွေရောင်းချနေရတဲ့ အမေအိုတစ်ဦးဆီကနေ ဗန်းတစ်၀က်ကျော်၀ယ်ယူအားပေးခဲ့တဲ့ စေတနာရှင်လူငယ်လေးရဲ့ ပို့စ်လေးပျံ့နှံ့လာခဲ့ပါတယ်။

လူငယ်လေးက အရုပ်လေးတွေကိုဈေးလဲမဆစ်တဲ့အပြင် ပိုက်ဆံပါအပိုပေးခဲ့တာကြောင့် အမေအိုကြီးခမျာ အတိုင်းမသိပျော်ရွှင်နေခဲ့ရတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဒီအကြောင်းအရာလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။