ဗဟုသုတ

သူမရဲ့ဘဝထဲမှာ သားလေးမရှိတော့တာကြောင့် ဝမ်းနည်းနာကျည်းကာ အဆုံးထိတိုက်ပွဲဝင်ပါစေဆိုပြီး အမိန့်မပြန်ခိုင်းတဲ့ မုဆိုးမမိခင်ကြီးရဲ့ခံစားချက်

အခုချိန်ထိ မပြီးဆုံးနိုင်သေးတဲ့ ဒီတော်လှန်ရေးမှာတော့ ပြည်သူတွေအကုန်လုံးက တစ်သွေးတည်း၊တစ်သားတည်းရှိပြီး ပူးပေါင်းပါဝင်နေကြတာဖြစ်ပါတယ်။

ဒါ့အပြင် လူငယ်သူရဲကောင်းလေးတွေကလည်း ဘဝရဲ့လောကဓံတရားကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး ရရာလက်နက်ကိုဆွဲကိုင်ကာ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးနေကြတာဖြစ်ပါတယ်။

သူရဲကောင်းအချင်းချင်းကလည်း တစ်ယောက်ကိုတစ်ယောက် အသက်ပေးပြီးကာကွယ်ရတဲ့အထိရဲဘော်၊ရဲဘက်စိတ်ဓာတ်အပြည့်ရှိကြတာဖြစ်ပါတယ်။

အခုဆိုရင်လည်း ကျောင်းဆရာလေးတစ်ယောက်က CDM လုပ်ထားတဲ့အပြင် နိုင်ငံအတွက်၊မင်းကင်းနယ်အတွက်တော်လှန်ရေးတပ်ဖွဲ့ထဲကို ဝင်ခဲ့တာဖြစ်ပါတယ်။ကျောင်းဆရာလေးက နိုင်ငံတော်နဲ့ သူ့ရဲ့တပည့်လေးတွေအတွက်တစ်ထောင့်တစ်နေရာကနေ ကြိုးစားအားထုတ်ပေးခဲ့တာဖြစ်ပါတယ်။

အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွါးချိန်မှာတပ်ပြန်ဆုတ်ဖို့အတွက် ကျောင်းဆရာလေးက ရေမကူးတတ်ဘဲနဲ့တောင် လှေတွန်းပေးခဲ့တာဖြစ်ပါတယ်။လှေဦးမှာထိုင်ပြီး နောက်ချန်တပ်ဖွဲ့တွေအတွက် ကာပစ်ပေးခဲ့လို့ ကျောင်းဆရာလေးခမျာ ကျည်ထိမှန်ပြီးကျဆုံးသွားတာဖြစ်ပါတယ်။


အမေတစ်ခု၊သားတစ်ခုဘဝမှာ သားဖြစ်သူကျောင်းဆရာလေးကို ဆုံးရှုံးလိုက်ရတဲ့ မိခင်ဖြစ်သူကလည်း “သူ့သားအတွက် အမိန့်မပြန်နဲ့၊အဆုံးထိတိုက်ပါစေ”ဆိုပြီး ပြောခဲ့တာဖြစ်ပါတယ်။

သားလေးနဲ့အပြီးတိုင်ခွဲခွါလိုက်ရတာကြောင့် ရင်ကွဲမတတ်ဖြစ်နေတဲ့ မိခင်ခများ သတိရရင် ကြည့်ဖို့အတွက် အုတ်ဂူလေးသာစီစဉ်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

အနာဂတ်မျိုးစက်သစ်လေးတွေကို ပညာအမွေပေးမယ့် ကျောင်းဆရာလေးကတော့ ဒီမိုကရေစီတိုက်ပွဲမှာ ပါဝင်ရင်း အသက်ပေးလှူသွားတဲ့အကြောင်းလေးကို ဝမ်းနည်းစွာနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။